ရိုးရာလေးအကြောင်း

ရိုးရာလေးသည် စာဖတ်သူတွေ အားလုံးအတွက် သုတ ရသ ကဏ္ဍစုံလင်စွာဖြင့် စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ နိုင်ငံရေး၊ အားကစား ၊ အနုပညာ ဝတ္တုတိုနှင့် လတ်တလော ခေတ်စားနေသော သတင်းအပြင် ကျန်းမာရေး ဆိုင်ရာများကို တွေ့မြင် ခံစားနိုင်ရန် ဖန်တီးပေးထားသော စာမျက်နှာ တစ်ခုဖြစ်ပါတယ်။ ရိုးရာလေး အွန်လိုင်းစာမျက်နှာဟာ ဆိုရင်ဖြင့် လက်ရှိအနေအထားမှာ ပရိသတ် အရေအတွက် ၆ သိန်းခွဲနီးပါးကို ရောက်ရှိတော့မှာ ဖြစ်ပြီး နေ့စဉ်နှင့်အမျှ စာဖတ်ကြသူ အရေအတွက်များမှာလည်း အလွန်မတန်မှ များပြားလှပါတယ်။  

ရိုးရာလေး စာမျက်နှာကို ဝင်ရောက်ကြည့်ရှုမယ်ဆိုရင် ဘဝအတွက် အတွေးအမြင် သစ်များ ဝတ္ထုတို၊ ကဗျာ၊ ဆောင်ပါး၊ ဟာသများသာ မကဘဲ အလုပ်အကိုင် အခွင့်အလမ်းများ၊ တိုးတက်မှုများကို ရရှိစေမှာ မလွဲပါဘူး။ နိုင်ငံတကာ အရေး၊ အိုင်တီပညာရှင်များ အားလုံးအတွက်လည်း လေ့လာကြည့်ရှုနိုင်အောင် ရိုးရာလးမှ စာပေများကိုလည်း မျှဝေပေးနေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဈေးကွက် အခြေအနေများ၊ အီလက်ထရောနစ် ပစ္စည်းဈေးနှုန်းများ၊ ကုန်စည်ဈေးနှုန်းများကိုလည်း ဖော်ပြပေးနေလို့ စီးပွားရေး လုပ်ငန်းရှင်များလည်း အကြိုက်တွေ့စေမယ့် စာမျက်နှာလေး တစ်ခုဖြစ်ပါတယ်။ 

သုတ ရသ ကဏ္ဍ စုံစုံလင်လင်ဖြင့် ရိုးရာလေး အဖွဲ့သားများမှ စာပေဗဟုသုတ တွေကို ဖန်တီးပေးနေလို့ မည်သူမဆို ရိုးရာလေး စာမျက်နှာကို ဖတ်ရှုခြင်းခြင့် လိုအပ်သော အသိပညာ ဗဟု သုတတွေကို ရရှိစေမှာ ဖြစ်ပါတယ်။