ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ တည်ထောင်သူ ဟျုခ်ျဟက်ဖ်နာ ကွယ်လွန်

ကမ္ဘာကျော် ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ တည်ထောင်သူ ဟျုခ်ျဟက်ဖ်နာ(Hugh Hefner) ၊ အသက် ၉၁ နှစ်ဟာ ကွယ်လွန်သွားခဲ့ပါပြီ။

ဒီသတင်းကိုတော့ ပလေးဘွိုင်း မဂ္ဂဇင်း က ဒီနေ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်တာပါ။

သူ့ရဲ့ နေအိမ်မှာပဲ သေဆုံးသွားတာ ဖြစ်တယ်လို့ ပလေးဘွိုင်းလုပ်ငန်းစုက ထည့်သွင်းဖော်ပြသွားပါတယ်။ နာမည်အကြီးဆုံး ပလေးဘွိုင်း မဂ္ဂဇင်းကို ဟက်ဖ်နာက ၁၉၅၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ မဂ္ဂဇင်းရဲ့အောင်မြင်မှုကြောင့်ပဲ သူက သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်လာခဲ့တာပါ။
Ref: ABC News: Hugh Hefner: Playboy founder dies aged 91

Zym (ရိုးရာလေး)