Charlie’s Angels ရုပ်ရှင် ပြန်လည်ရိုက်ကူးရာမှာ ပါဝင်သရုပ်ဆောင်မယ့် ခရစ်စတင် စတီးဝပ်

ခရစ်စတင် စတီးဝပ် (Kristen Stewart) ကိုတော့ Twilight ရုပ်ရှင်တွေရဲ့ အဓိက ဇာတ်ဆောင် မင်းသမီး အနေနဲ့ သိနေကြမယ် ထင်ပါတယ်။

အခုလက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ သူမ အနေနဲ့ ပြန်လည်ရိုက်ကူးမယ့် Charlie’s Angels ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ အဆိုပါ ရုပ်ရှင်ဟာ တစ်ချိန်တုန်းက အရမ်းကို လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပြီး အမျိုးသမီး သုံးဦး ဦးဆောင်ပါဝင်ခဲ့တဲ့ ဟာသ အက်ရှင် ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ နောက်ထပ် ဘယ်သူတွေ ပါဝင်သွားဦးမလဲ ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

အခု ပြန်လည်ရိုက်ကူးမယ့် Charlie’s Angels ရုပ်ရှင်ကိုတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး အဲလိဇဘတ် ဘန့်စ် က ဒါရိုက်တာ အနေနဲ့ ရိုက်ကူးသွားမှာပါ။ သရုပ်ဆောင်ပိုင်းမှာ ဘန့်စ်အနေနဲ့ Spider Man Trilogy (2002-2007) ၊ The Hunger Games ရုပ်ရှင်တွေ နဲ့ Pitch Perfect (2012) စတဲ့ ရုပ်ရှင်တွေအပြင် အခြားသော နာမည်ကြီး ရုပ်ရှင်တွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပြီး Pitch Perfect 2 ကိုတော့ ဒါရိုက်တာ အနေနဲ့ ရိုက်ကူးခဲ့ပါတယ်။

အသစ်ပြန်လည် ရိုက်ကူးသွားမယ့် Charlie’s Angels ရုပ်ရှင်ကိုတော့ 2019 မှာ ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။
Ref: Empire Magazine: Kristen Stewart Wanted For The Charlie's Angels Reboot
Zym (ရိုးရာလေး)