ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော် ရိုက်ကူးရာနေရာဖြစ်တဲ့ အရမ်းလှတဲ့ ကိုရီးယားတက္ကသိုလ်

Daegu မြို့မှာရှိတဲ့ Keimyung တက္ကသိုလ်နယ်မြေက အရမ်းလှတဲ့အတွက်တောင်ကိုရီးယားနိုင်ငံရဲ့ကျော်ကြားတဲ့ရုပ်ရှင်တွေဆို ဒီမှာပဲ လာရောက်ရိုက်ကူးကြပါတယ်။

တကယ်တော့ ဒီနေရာမှာ ရုပ်ရှင် နှင့်ဒရာမာပေါင်း၁၀၀ကျော် လာရောက်ရိုက်ကူးထားတာပါ။ဒီတက္ကသိုလ်မှာ လာရောက်ရိုက်ကူးထားတဲ့ ဇာတ်ကားစာရင်းတွေ ကိုကြည့်ရအောင်..။

 

၁။ Love Rain

k1
Jang Geun Suk နှင့် Yoona တို့ရဲ့ ချစ်ဇာတ်လမ်းစခဲ့တဲ့ ကျောင်းအဖြစ် ကျောရိုးချရိုက်ကူးခဲ့ပါတယ်။

 

၂။ Ditto

k2
၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့ပြီး ကင်ဟာနူး ၊ ပက်ခ်ယောင်ဝူး ၊ ကင်မင်းဂျူ ၊ ယူဂျီတေး နှင့် ဟာဂျီဝန်တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့ ဇာတ်ကွက်တော်တော်များများက ဒီတက္ကသိုလ်မှာပဲရိုက်ကူးခဲ့တာပါ။

 

၃။ Boys Over Flowers

k3

F4ကားထဲက ရှင်းဟွာအထက်တန်းကျောင်းဆိုတာကတောင်ကိုရီးယားနိုင်ငံ Daegu မှာရှိတယ်ဆိုတာ ဘယ်သူကသိမလဲနော်။

 

၎။ Hourglass

k4

၁၉၉၅ ခုနှစ်က ချွဲမင်ဆိုး ၊ ဂိုဟွန်းဂျွန် ၊ ပက်ခ်ဆန်ဝန်းတို့ကို ကျော်ကြားစေခဲ့တဲ့ဇာတ်လမ်းတွဲလေးကိုဒီတက္ကသိုလ်နယ်မြေထဲမှာပဲရိုက်ကူးခဲ့တာပါ။

 

၅။ East of Eden

k5
၂၀၀၈ ခုနှစ်မှာကိုရီးယားယွမ် ၂၅ သန်းရရှိစံချိန်တင်ခဲ့တဲ့ ဒီဇာတ်ကားမှာ ဆောင်းဆန်ဟွန်း ၊လီဒါဟေးနှင့်လီယွန်ဟီးတို့ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ထုတ်လုပ်သူကလည်းတကယ့်နေရာကောင်းကိုရွေးချယ်ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။

 

Ref: Koreaboo: This Korean University Is So Beautiful Over 100 Films Have Been Filmed There
May Moe (ရိုးရာလေး)