သမိုင်းဝင်ဓာတ်ပုံတွေကို အရောင်ဖြည့်စွက် ဖန်တီးခဲ့တဲ့ အနုပညာရှင်

ဘရာဇီးနိုင်ငံက အနုပညာရှင်တစ်ဦးဟာ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ရိုက်ကူးခဲ့တဲ့ သမိုင်းဝင် အဖြူ၊ အမည်း ဓာတ်ပုံတွေကို အရောင်ဖြည့်စွက်ပြီး အသစ်အဆန်းဖြစ်စေခဲ့တဲ့ အကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။

ဒီဓာတ်ပုံတွေကို ဖန်တီးခဲ့သူက အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဘရာဇီး အမျိုးသမီး မရီနာအမ်မရယ်ပါ။ 

အမ်မရယ်ဟာ သမိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ Photoshop တို့နဲ့ ပတ်သက်လာရင် အစဉ်အမြဲ စိတ်အားထက်သန်နေတတ်သူလို့ ဒေးလီးမေးလ်က ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်က အွန်လိုင်းပေါ်က အဖြူ၊ အမည်းဓာတ်ပုံတွေကို ကာလဖြည့်စွက်တဲ့နည်း သိခဲ့ပြီးနောက် တဖြည်းဖြည်း လေ့လာစမ်းသပ်ခဲ့ရာကနေ အဖြူ၊ အမည်းဓာတ်ပုံတွေကို ထူးခြားတဲ့ ကာလာဓာတ်ပုံအဖြစ် ပြောင်းလဲဖန်တီးနိုင်ခဲ့ပါတယ်။ 

အမ်မရယ်ဟာ အဖြူ၊ အမည်း ဓာတ်ပုံတွေကို ကာလာမဖြည့်ခင် ပုံပါအကြောင်းအရာတွေကို ဖတ်ရှုလေ့လာလေ့ရှိတယ်လို့ ပြောပါတယ်။ အမ်မရယ် အရောင်ဖြည့်စွက် ဖန်တီးတဲ့ပုံတွေထဲမှာ အချို့ပုံတွေက နာရီပိုင်းလောက်ပဲ ကြာပေမယ့် အချို့ပုံတွေ ဖန်တီးဖို့တော့ ရက်တော်တော် ကြာမြင့်တယ်လို့ ပြောပါတယ်။ 

အဲလိဇဘက်၂ ဘုရင်မကြီး၏ အသက် ၁၄နှစ်အရွယ်ဓာတ်ပုံ

၁၉၄၁ ခုနှစ်က မော်စကိုတိုက်ပွဲတွင် ဆိုဗီယက်စစ်သည်က ဂျာမနီစစ်သည်ကို အရှင်ဖမ်းမိခဲ့ပုံ

၁၉၄၁ ခုနှစ်က မော်စကိုတိုက်ပွဲတွင် ဆိုဗီယက်စစ်သည်က ဂျာမနီစစ်သည်ကို အရှင်ဖမ်းမိခဲ့ပုံ

ပရက်စလေဇနီးမောင်နှံကို သမီးဖြစ်သူ မာရီနှင့်အတူ တွေ့ရစဉ်

ပရက်စလေဇနီးမောင်နှံကို သမီးဖြစ်သူ မာရီနှင့်အတူ တွေ့ရစဉ်

ပိုလန်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရပြီးနောက် လုဒ်မှ ဘာလင်မြို့သို့ လမ်းလျှောက်ခဲ့သည့် ဂျာမနီမိသားစုများကို ၁၉၄၅ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်

ပိုလန်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရပြီးနောက် လုဒ်မှ ဘာလင်မြို့သို့ လမ်းလျှောက်ခဲ့သည့် ဂျာမနီမိသားစုများကို ၁၉၄၅ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်