Category: Entertainment

SHINee’ ရဲ့ အဖွဲဝင်တစ်ဦးဖြစ်သူ တေးမင် 2017 KBS Song Festival ပွဲပါဝင်နိုင်မှာမဟုတ်

တောင်ကိုရီးယားနာမည်ကျော် အမျိုးသား ဂီတအဖွဲ့ဖြစ်တဲ့ SHINee ရဲ့အဖွဲဝင်တစ်ဦးဖြစ်သူ တေးမင် ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ 2017 KBS Song Festival ဂီတဖျော်ဖြေပွဲကိုတက်ရောက်နိုင်မှာမဟုတ်ဘူးလို့တောင်ကိုရီးယားမီဒီယာတွေကဖော်ပြပါတယ်။

Category: Entertainment

လက်လွတ်မခံဘဲကြည့်ရှုသင့်တဲ့ ၂၀၁၇ ရဲ့ အကောင်းဆုံးကိုရီးယားဒရာမာ ၁၅ ခု

ခန့်မှန်းရခက်တဲ့ ဇာတ်ကွက် အလှည့်အပြောင်းတွေကနေ နောက်ဆုံး တူနှစ်ကိုယ်ရွှေလက်တွဲတဲ့ဇာတ် ပေါင်းခန်းတွေထိ ၂၀၁၇ ရဲ့ ကိုရီးယားဒရာမာတွေက ဒီနှစ်မှာ ပရိသတ်တွေကို ပိုပြီး စိတ်လှုပ်ရှားစေခဲ့ပါတယ်။

Category: Entertainment

လိုက်ဖက်လွန်းလို့ ပရိတ်သတ်များအပြင်မှာ တကယ်တွဲစေချင်တဲ့Kdramaဇာတ်လမ်းမှ စုံတွဲများ

K-Drama ဇာတ်လမ်းတွဲများမှ စုံတွဲများဟာပရိတ်သတ်ရဲ့ရင်ကိုနွေးထွေးမှုရှိစေပြီးတကယ့် ချစ်သူစုံတွဲများလိုချစ်ခင်ကြင်နာတဲ့ရသကိုပေးစွမ်းနိုင်တဲ့ စွမ်းရည်တွေ ရှိကြပါတယ်။

Category: Entertainment

SHINee အဖွဲ့ဝင် Jonghyun ကွယ်လွန်ခြင်းကြောင့် Exoရဲ့ ဆောင်းရာသီအယ်လ်ဘမ် ဖြန့်ချိရန် ရွှေ့ဆိုင်း

SHINee အဖွဲ့ဝင် Jonghyun ကွယ်လွန်ခြင်းကြောင့် ဆောင်းရာသီမှာဖြန့်ချိမယ့် Exo ရဲ့ အယ်လ်ဘမ်အသစ်ကိုရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

Category: Entertainment

Jonghyun ခံစားချက်နဲ့ထပ်တူ Idolsတွေခံစားနေရကြောင်း Apink အဖွဲ့ဝင် အွန်းဂျီထုတ်ဖော်

Jonghyun ရဲ့ suicide letter ကိုဖတ်ပြီးတဲ့နောက်မှာ သူ့ရဲ့စကားလုံးတွေက  တခြားကျန်တဲ့ K-Pop idols တွေခံစားချက်နဲ့ ကွက်တိဖြစ်နေတာ တွေ့ရပါတယ်။

Category: Entertainment

“13ReasonsWhy” ပရိသတ်တစ်ဦးမိမိကိုယ်ကိုသတ်သေမှုကြောင့်တရားစွဲခံရဖို့နီးစပ်နေတဲ့Selena Gomez

သေဆုံးသွားတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖေကတော့ သူ့ကလေးသေဆုံးမှုက Selena Gomez မှာတာဝန်ရှိတယ်လို့ယုံကြည်ပါတယ်။

Category: Entertainment

ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါ လက်ဗီးဂက်စ်မြို့မှာနေထိုင်တော့မယ်

ကမ္ဘာကျော် ပေါ့အဆိုတော် လေဒီဂါဂါ က အမေရိကန်နိုင်ငံ လက်ဗီိးဂတ်စ်မြို့မှာနေထိုင်ဖို့ စီစဉ်နေတယ်ဆိုတာ မှန်ကန်တယ်လို့ တွစ်တာကနေ တဆင့် ပြောဆိုလိုက်ပါတယ်။

Category: Entertainment

နေမကောင်းတဲ့ကလေးတွေကို ပြုစုကုသဖို့ ဝမ် ၁၀၀ သန်းလှူတဲ့ မင်းသမီး Hwang Jung Eum

တောင်ကိုရီးယား မင်းသမီးတစ်ဦးဖြစ်တဲ့ Hwang Jung Eum ဟာ ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ အတွက် ကိုရီယား ဝမ် ၁၀၀ သန်းလှူဒါန်းလိုက်တယ်လို့သိရပါတယ်။

Category: Entertainment

SHINee အဖွဲ့ဝင် Jonghyun သေဆုံးမှုအပေါ် SM Entertainment တရားဝင်သတင်းထုတ်ပြန်

SM Entertainment က ၂၀၁၇ ဒီဇင်ဘာလ  ၁၈ ရက်နေ့မှာ SHINee အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jonghyun ကွယ်လွန်ပြီဖြစ်ကြောင်း တရားဝင်အတည်ပြုပေးခဲ့ပါတယ်။

Category: Entertainment

တောင်ကိုရီးယား BIGBANG အဖွဲ့ဝင် တေးယမ် လက်ထပ်တော့မယ်

တောင်ကိုရီးယား နာမည်ကြီး တေးဂီတအဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့ဝင် တေးယမ် ဟာ သရုပ်ဆောင်၊အဆိုတော်ဖြစ်တဲ့ မင်းသမီး မင်ဟိုရင် နဲ့ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Category: Entertainment

Goblin ဇာတ်လမ်းတွဲပြီးကတတည်းကစိတ်ပိုင်းဆိုင်ရာခံစားနေရကြောင်းဝန်ခံလိုက်တဲ့Gong Yoo

GongYoo က Goblin ဇာတ်လမ်းတွဲထဲမှာ အထီးကျန်ဆန်တဲ့နတ်ဘုရားအဖြစ် အဓိကသရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပြီးလို့ ပုံမှန်လူနေမှုဘဝကိုပြန်ရောက်သွားတဲ့အခါ သူရဲ့လူသားသဘာဝအခက်အခဲအချို့ ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။



မကြာသေးမီက Elle Korea ရဲ့အသစ်ထွက်ရှိမယ့် ဖက်ရှင်မဂ္ဂဇင်းစာအုပ်မှာ Gong Yooက Goblin ဇာတ်လမ်းတွဲတင်မက တခြားဇတ်လမ်းတွဲတွေရိုက်နေရလို့ သူ့အတွက်ပင်ပန်းခက်ခဲတဲ့နှစ်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Goblin ရိုက်ကူးမှုပြီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ကြီးကြီးမားမားခံစားခဲ့ရတယ်လို့ အင်တာဗျူးမှာဝန်ခံခဲ့ပါတယ်။ GongYoo ဟာ နာကျင်ခံစားမှုအလုံးစုံကို တစ်ပြိုင်နက်တည်းခံစားခဲ့ရတယ်လို့ပြောပြခဲ့ပြီး
" အလုပ်နဲ့ပင်ပန်းမှုတွေအားလုံးအဆုံးသတ်ချိန်မှာ ကျွန်တော်အရုပ်ကြိုးပြတ် မတတ်ပါဘဲ။ အလုပ်တွေအားလုံးပြီးမှပဲ ဖျားနာမှုတွေနဲ့ စိတ်ဖိစီးမှုတွေပေါ့သွားသလို ခံစားရတယ်။"

2017 ခုနှစ် BaekSang အနုပညာဆုပေးပွဲ (BaekSang Arts Awards) မှာ Gong Yooက ဒီနှစ်က သူ့အတွက် ဘယ်လောက်ပင်ပန်းခက်ခဲကြောင်း သွယ်ဝိုက်ပြောသွားပါတယ်။
" ကျွန်တော် ဒီစင့်မြင့်ပေါ်မှာ ရပ်ဖို့ကြောက်နေပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော် မသိသေးပါဘူး။ A Man and A Woman ဇာတ်လမ်းတွဲမှာ ကျွန်တ်ာမထင်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့မိတယ်။ Train to Busan ဇာတ်ကားမှာ တစ်စုံတစ်ယောက်အတွက်ကျွန်တော် Zoombie တစ်ကောင်ဖြစ်ခဲ့တယ်။ ပြီးတော့ The Age of Shadows ဇာတ်ကားမှာ ကျွန်တော့်နိုင်ငံအတွက်တိုက်ခိုက်ပေးခဲ့တယ်ဗျ။ ပြီးခဲ့တဲ့ ၂ နှစ်တွင်းမှာ ကျွန်တော့် ဇာတ်ရုပ်ကတော်တော်စုံနေပြီ။"

GongYoo ဟာ အနုပညာလောကမှာ သူ့ရဲ့လမ်းကြောင်းကိုရှာဖွေဖို့ကြိုးစားနေကြောင်း ဆုလက်ခံပြီးချိန်မှာပြောကြားခဲ့ပါတယ်။ " ကျွန်တော်ဒီရက်တွေမှာ ကျွန်တော်ကဘယ်သူလဲ၊ အခု ကျွန်တော်ဘယ်နေရာမှာရပ်တည်နေလဲ၊ ကျွန်တော်ရှေ့ဆက်ဘယ်လိုဖြတ်သန်းမလဲ ဆိုတာတွေတွေးပြီးစိတ်ရှုပ်ထွေးနေရပါတယ်။ အခုဒီဆုကို လက်ခံရရှိလိုက်တာက ကျွန်တော်ဒီလိုမျိုးဦးတည်ချက်ပျောက်နေတာကို ရပ်သင့်ပြီလို့ပြောတာနဲ့တူပါတယ်" လို့ပြောဆိုခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူတွေကတော့ Gong Yoo ရဲ့ သူ့ဘဝအကြောင်း ပွင့်ပွင်းလင်းလင်း ပြောဆိုခဲ့မှုနဲ့ပတ်သတ်ပြီး သနားချစ်ခင်စွာနဲ့တုံ့ပြန်ခဲ့ကြပြီး သူ့ရဲ့ကြိုးစားမှုကိုချီးကျူးကြပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ Gong Yoo တစ်ယောက် စိတ်ဖိစီးမှုလျော့ပြီး အောင်မြင်တဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့လည်းပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

May Moe (ရိုးရာလေး)

Ref : Koreaboo : Gong Yoo Confesses He’s Been Mentally Suffering

Category: Entertainment

ဝိတ်တက်လာတယ်ပြောမိလို့ အဆူခံလိုက်ရတဲ့ IU

ဘူဆန်မြို့မှာကျင်းပခဲ့တဲ့ IU ရဲ့ Chat-shire ဖျော်ဖြေပွဲမှာ သူမဝိတ်အနည်းငယ်တက်လာကြောင်း ပြောပြနေချိန်မှာ သူမစကားမဆုံးမီ ပရိသတ်ထဲကတယောက်က အကျယ်ကြီးအော်ပြီး “ဝိတ်တက်လာလည်းဘာဖြစ်လဲလို့” အကျယ်ကြီးအော်ဆူပါတယ်။

Category: Entertainment

၂၀၁၇ အတွင်း ပရိသတ်ရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ တက်သစ်စ ကိုရီးယားမင်းသား ၇ ဦး

၂၀၁၇ ခုနှစ်ဟာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို ရုပ်ရှင်ဖန်သားပြင်မှာ ချပြဖို့ ကြိုးစားနေကြတဲ့ တက်သစ်မင်းသားတွေရဲ့အနုပညာလမ်းကြောင်း စတင်မွေးဖွားတဲ့နှစ်ပါ။ ဒီနှစ်အတွင်း ကိုရီးယားဒရာမာဇာတ်လမ်းတွဲတွေထဲမှာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင်ဟန်ပန်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းမှတဆင့် ပရိသတ်တခဲနက်အားပေးမှုကိုရခဲ့တဲ့ မင်းသား ၇ ဦးရှိပါတယ်။

၁။ Woo Do Hwan

Woo Do Hwan ဟာ ဒီနှစ်ထဲမှာ OCN ရုပ်သံက ထုတ်လွှင့်တဲ့ “Save Me” ဇာတ်လမ်းတွဲ နှင့် KBS 2 ရုပ်သံကထုတ်လွှင့်တဲ့ “Mad Dog” ဇာတ်လမ်းတွဲ မှတဆင့် အင်တာနက်အသုံးပြုသူတော်တော်များများရဲ့ ကြည့်ရှုအားပေးမှုကိုရရှိခဲ့သူပါ။ Woo Do Hwan ဟာ ဒရာမာတစ်ခုချင်းစီမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေ မတူညီပေမယ့် အပီပြင်ဆုံး သရုပ်ဆောင်သူခဲ့ပါ။

၂။ Yang Se Jong

Yang Se Jong ဟာ SBS ရုပ်သံကထုတ်လွှင့်တဲ့ “Temperature of Love” ဇာတ်လမ်းတွဲမှာ ချစ်ဖို့ကောင်းတဲ့ စရိုက်ပုံစံလေးနဲ့ ပြတ်သားတဲ့မျက်နှာအမူအရာတွေကြောင့် အမာခံပရိသတ်တွေ အများကြီးကို ဆွဲဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

၃။ Jung Hae In

“While You Were Sleeping” ဇာတ်လမ်းတွဲမှာ ချစ်ဖို့ကောင်းတဲ့ အပြုံးနဲ့ စွဲမက်ဖွယ်အသံလေးတွေကြောင့် ပရိသတ်တိုင်းရဲ့အားပေးမှုကို ခံရသူပါ။

၎။ Jang Gi Yong

Confession Couple ဇာတ်လမ်းတွဲ နဲ့ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့သူပါ။ မာန်ပါတဲ့ သူ့ရဲ့ ဇာတ်ရုပ်နဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်တဲ့ ခံစားချက်ကိုတမူထူးခြားစွာ ဖော်ပြသွားပုံတွေကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သူပါ။

၅။ Kim Min Seok

Kim Min Seok ကဒီနှစ်ထဲမှာအကောင်းဆုံး တက်သစ်စ သရုပ်ဆောင်ဆု ( the Best New Actor) နဲ့ အောင်မြင်မှုကို ဆွတ်ခူးပြီးကျော်ကြားလာသူပါ။ Defendant ဇာတ်လမ်းတွဲမှာ ပြန်ပေးဆွဲသမားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေအတိုင်း ဇာတ်ရုပ်တူအောင်အကောင်းဆုံးသရုပ်ဆောင်ပြီး ပရိသတ်အများကြီး ရရှိခဲ့ပါတယ်။

၆။ Kim Min Jae

Hit The Top ဇာတ်လမ်းတွဲမှာ အချစ်ဆုံးသူငယ်ချင်းနဲ့ ၁၃ နှစ်ကြာ ချစ်ကြိုက်နေတဲ့ အလုပ်သင် သရုပ်ဆောင် ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းတဲ့မျက်နှာနဲ့ အသံလေးကြောင့် ကြည့်ရှုသူတိုင်းက သူ့ကိုချစ်လာစေပါတယ်။

၇။ Kim Jung Hyun

School 2017 ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပြီး နှလုံးသားတွေအရည်ပျော်မတတ် ဖမ်းစားနိုင်တဲ့ မျက်နှာနဲ့ အပြစ်ကင်းတဲ့သရုပ်ဆောင်ဟန်တွေ သုံးပြီး ပရိသတ်ကြီးကို ဆွဲဆောင် နိုင်ခဲ့သူတစ်ယောက်ပါ။

May Moe (ရိုးရာလေး)

Ref : Entertainment : 7 Rookie K-Drama Actors Who Stole Everyone’s Hearts in 2017

Category: Entertainment

ငယ်ရွယ်ရွယ်နဲ့ အနုပညာခြေလှမ်းစခဲ့မိလို့ နောင်တမရဘူးဆိုတဲ့ မင်ဟို

SHINee အဖွဲ့ဝင် ချွဲမင်ဟိုက Cine Town ရေဒီယိုအသံလွှင့်ရုံမှာ ဧည့်သည်အဆိုတော်အနေနဲ့ စကားလက်ခံဖြေကြားမှုပြုလုပ်ခဲ့ပါတယ်။