YOYARLAY

မာယာများတဲ့အလင်္ကာ ဇာတ်ကားအတွက် ပရိသတ်များကို တောင်းပန်ဟု သဉ္ဇာနွယ်ဝင်းဆို

မာယာများတဲ့အလင်္ကာ ဇာတ်ကားအတွက် ပရိသတ်များကို တောင်းပန်ဟု သဉ္ဇာနွယ်ဝင်းဆိုလတ်တလော Facebook လူမှုကွန်ရက် စာမျက်နှာ တွေပေါ်မှာ ဝေဖန်သံ တွေညံနေတဲ့ ဒါရိုက်တာ သီဟတင်သန်း ရိုက်ကူးပြီး နေမင်းနဲ့အတူ သရုပ်ဆောင်ထားတဲ့ မာယာများတဲ့ အလင်္ကာ ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်များကို တောင်းပန်ပါတယ်လို့ သဉ္ဇာနွယ်ဝင်းက The Voice ကို ပြောပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဂျာနယ်များကနေရော သူမရဲ့ကိုယ်ပိုင် Facebook စာမျက်နှာကနေပါ တောင်းပန်ထားပါတယ် လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။ လူပြော များနေတဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး "ဒီဇာတ်ကားကိုရိုက်ဖို့ စတင်လက်ခံတုန်း က သဉ္ဇာကိုပေးတဲ့ ဇာတ်လမ်းအခန်းစဉ် စာရွက်မှာတော့ Love Scene တစ်ခန်းပါ ပါတယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုး ရိုက်ရမယ်လို့ မသိခဲ့ပါဘူး။

ဇာတ်ကားစရိုက်တဲ့ ပထမဆုံး နေ့မှာပဲ ဒီအခန်းကို စရိုက်ဖို့ သဉ္ဇာကို ညဝတ်အင်္ကျီ လဲခိုင်းပါတယ်။ ဒီလိုပုံစံ ရိုက်ရမယ်လို့ သိတဲ့အခါမှာ ကိုယ်လက်ခံပြီးသား အလုပ်တစ်ခုကို ရှောင်လွှဲရာကျမှာ ကြောင့်ရော၊ ကိုယ်နဲ့အတူတူ အလုပ်လုပ်နေ တဲ့သူတွေကို Respect ထားတဲ့ အနေနဲ့ရော ရိုက်ဖြစ်ခဲ့တာပါ။ အနုပညာလောကမှာက အလုပ်နဲ့ ပတ်သက်ပြီး နာမည်ပျက်သွားရင် ကြဉ်ဖယ်ထားကြလေ့ ရှိပါတယ်။

တက်သစ်စ သရုပ်ဆောင်တစ်ယောက် အနေနဲ့ ဒီအခန်းကို မရိုက်နိုင်ပါဘူးလို့ မငြင်းရဲခဲ့ပါဘူး။ အနုပညာရှင်တစ်ယောက် အနေနဲ့ ကိုယ်ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ရင် ပရိသတ်အားပေးမှု ရမှာပဲဆိုတဲ့ စိတ်ပဲ ရှိပါတယ်။ ဒီလိုဇာတ်ဝင်ခန်းမျိုး တွေကို နောင်ဘယ်တော့မှ ရိုက်တော့မှာ မဟုတ်ပါဘူး။ ပရိသတ်တွေ ကိုလည်း တောင်းပန်ပါတယ်" လို့ သူကဆိုပါတယ်။

သဉ္ဇာနွယ်ဝင်းက ဗီဒီယိုဇာတ်ကား ၁၄ ကား ထွက်ရှိထားပြီး လတ်တလောမှာ ဒါရိုက်တာစိုးကျော်ဆန်း ရိုက်ကူးတဲ့ ပန်းသီးထဲကနံရိုး၊ ပန်းသီးထဲကဗုံး ဇာတ်ကားမှာ မင်းမော်ကွန်းနဲ့အတူ သရုပ်ဆောင် နေပါတယ်လို့ ပြောပြပါတယ်။ 

The Voice Journal

ကြော်ငြာများ