YOYARLAY


Back ပင်မစာမျက်နှာ ဖျော်ဖြေရေး ဖျော်ဖြေရေးသတင်းများ အင်တာဗျူး အောင်မြင်မှု နောက်ကွယ် မှာ ကျခဲ့ရတဲ့ မျက်ရည်တွေ အများကြီးပဲ နန်းဆုရတီစိုး

အောင်မြင်မှု နောက်ကွယ် မှာ ကျခဲ့ရတဲ့ မျက်ရည်တွေ အများကြီးပဲ နန်းဆုရတီစိုး

နန်းဆုရတီစိုး"မြန်မာ နိုင်ငံက နာမည် ကြီး Channel တစ်ခုမှာ တီဗွီ စီးရီး ရိုက် ဖို့က ဘယ်လို ပုံစံ ရိုက် ရမယ် ဘယ်နှရက်ပေးရမလဲဆိုတာ အနုပညာကြေးကအစ၊ Actor တွေကအစ သူတို့ဘက်က စီစဉ်ပေး မှ အားလုံးညှိနှိုင်းတုန်း အဆင့်ပဲရှိ သေးတယ်။ နန်းဆုကိုတော့ ကမ်း လှမ်းထားတာရှိတယ်။ အဆင်ပြေ ရင်ရိုက်ဖြစ်မယ်ထင်တယ်" လို့ဆိုသူ က နန်းဆုရတီစိုးပါ။ သူမကို ဒီ တစ်ပတ် 8 DAYS Cover Star အဖြစ်ရွေးချယ်ဖြစ်ခဲ့ပါတယ်။

Q. ပြည်ပ ကုမ္ပဏီရောပါ သေးလား။

A. သူတို့ကတော့ ပြည်ပ ကုမ္ပဏီတစ်ခုနဲ့လုပ်ကြမှာပါ။ အဲဒီ လို ပူးပေါင်းလုပ်မယ့် ကိစ္စတွေကို ဆွေးနွေးထားတာရှိသလို သူတို့ ကိုယ်တိုင် ပြည်တွင်း မီဒီယာလုပ် မယ့် ကိစ္စမှာလည်း ဆွေးနွေးထား တာရှိတယ်။ နန်းဆုကတော့ ဘယ် Program ထဲမှာလဲ မသိဘူးပေါ့။

Q. အဲဒီအတွက် နန်းဆု ဘာ တွေပြင်ဆင်ထားပြီးပြီလဲ။

A. လောလောဆယ်ညှိနှိုင်း တုန်း အဆင့်ပဲရှိသေးတော့ ဇာတ် လမ်းတွေဘာတွေမထွက်လာသေး ဘူး။ သူတို့အဆင်ပြေညှိနှိုင်းပြီး သွားရင်တော့ အဲဒီဇာတ်လမ်း အ ပေါ်မှာ နန်းဆုအနေနဲ့ သေချာ အားစိုက်ပြီးတော့ သရုပ်ဆောင်မှာ ပါ။ ကိုရီးယားတီဗွီဇာတ်လမ်းတွဲလို မျိုးမြန်မာနိုင်ငံမှာလည်း တီဗွီဇာတ် လမ်းတွဲတွေ တစ်ခေတ်ဖြစ်လာဦး မှာသေချာပါတယ်။

Q. တီဗွီစီးရီးရိုက်ဖို့အတွက် အနုပညာကြေးကို ဘယ်လိုညှိနှိုင်း ယူဖြစ်လဲ။

A. Channel အတွက်ရော အနုပညာရှင်အတွက်ရော နှစ်ဖက် စလုံးအကျိုးအမြတ်ရှိတဲ့ အစီအစဉ် ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်၊ ဗီ ဒီယိုဇာတ်လမ်းတွဲတွေကအစ မြန် မာ့ အနုပညာတစ်ရပ်လုံးတိုးတက်ဖို့ Channel တွေက တစ်ဖက်တစ်လမ်းကပါဝင်ကူညီကြ တာပေါ့။ အဲဒီအတွက်လည်း Channel တွေက အနုပညာရှင် တွေကို မနှိမ်ကြပါဘူး။ အနုပညာ ရှင်ကိုတန်ဖိုးထားတယ်။ နှစ်ဦးနှစ် ဖက် အကျိုးရှိမယ့် အလုပ်ကိုပဲ လုပ် ကြပါတယ်။ အခုခေတ်မှာ Channel အသစ်တွေပေါ်နေကြတော့ သူ့ထက်ငါ အပြိုင်အဆိုင်တွေနဲ့ ပြိုင် နေကြတဲ့အတွက် အနုပညာရှင် တွေနဲ့ စည်းစည်းလုံးလုံးနဲ့ လုပ် ဆောင်နေကြပါတယ်။

Q. မိုးမမြင်လေမမြင်တုန်းက ပရိသတ်ရဲ့ အားပေးမှုကရော..။

A. မိုးမမြင်လေမမြင် ဗွီစီဒီ က တော့ ပင်ပန်းရကျိုးနပ်ပါတယ်။ ကိုယ်ကြိုးစားထားသမျှပြန်ရတယ်။ ဒီစီးရီးနဲ့ ပတ်သက်ပြီး ကြန့်ကြာမှုတွေ၊ အတိုက်အခိုက်၊ အနှောင့်အယှက် တွေကြားထဲက ရုန်း ထွက်ခဲ့ရတာပါ။ အခုလို နန်းဆု အတွက် ရသင့်ရထိုက်တဲ့ မေတ္တာ မျိုး တုံ့ပြန်ချစ်ခင်မှုမျိုးရရှိတဲ့ အတွက် ကျေနပ်မိပါတယ်။ နန်းဆု ကိုအားပေးတဲ့ ပရိသတ်ကို ရင်ထဲ ထိ ကျေးဇူးတင်မိပါတယ်။

Q. အဆိုနဲ့ သရုပ်ဆောင်အ လုပ်နှစ်ခုကို ဘယ်လိုညှိယူလုပ် ဆောင်ဖြစ်ပါလဲ။

A. အရင်လက်ခံထားတဲ့ အနု ပညာအလုပ်အပေါ်ကို ဦးစားပေး လုပ်ဖြစ်ပါတယ်။ အဆိုဖက်မှာ လက်ခံထားမိရင် ရုပ်ရှင်ကားကြီး လာငှားရင်လည်း ရိုက်လို့မရဘူး။ အဲဒီလိုမျိုး သုံးခုလောက်လည်းဖြစ် ဖူးတယ်။ ရုပ်ရှင်ကားကြီးလက်ခံ ထားပြီးမှ ရှိုးပွဲကြီးမဆိုလိုက်ရတာ လည်း ရှိတယ်။ ဒီလထဲမှာတော့ သရုပ်အဆောင်အလုပ်တွေက ပိုပြီး လက်ခံဖြစ်လိုက်မိတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့ နောက်စီးရီး အသစ်ကို ပထမစီးရီးထက်ကောင်း အောင် ကြိုးစားသွားမယ်။ ပရိသတ် အကြိုက် သီချင်းပုံစံတွေပြောင်းပြီး ဆိုသွားဖို့ရှိပါတယ်။

Q. မိုးမမြင်လေမမြင်တုန်းက ဘယ်လိုမျိုးအတိုက်အခိုက်တွေကြုံ တွေ့ခဲ့ရပြီး ဘယ်လိုဖြတ်သန်းခဲ့ရပါ လဲ။

A. စီးရီးစလုပ်ကတည်းက ပ ရိုဂျူဆာရှိပြီး စီစဉ်ပေးခဲ့တာ။ ကို ဘာဘူတို့ ကိုသားစိုးတို့က arrangement လုပ်ပေးခဲ့တာ။ ပရို ဂျူဆာအကြိုက် နန်းဆုအကြိုက်ဆို ခဲ့တာပါ။ သူတို့ချပေးထားတဲ့ပုံစံ ထဲမှာ နန်းဆုဆိုခဲ့တာ။ ဗွီစီဒီရိုက် တော့လည်း ပရိသတ်အတွက်စေ တနာမေတ္တာထားပြီး ရိုက်ဖြစ်ခဲ့တာ ပါ။ ဒီစီးရီးစီစဉ်နေတုန်းကကျတော့ အမျိုးစုံ အနှောင့်အယှက်တွေရှိတာ ပေါ့။ စိတ်ဓာတ်မကျဘဲနဲ့ အ ကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့တာ ပါ။ ဒီအတွက် ရှေ့ဆက်ရမယ့် ခွန် အားတစ်ခုရသလို ဘဝမှာ အမှတ် တရစီးရီးဖြစ်တဲ့အတွက် စီးရီးကာ ဗာကအစ သီချင်းတွေအကုန်လုံး နား ထောင်မိတာနဲ့ နန်းဆုစေတနာ ကို မြင်ရမှာပါ။ အဲဒီအတွက် အ နှောင့်အယှက်ဆိုတာကို ဘာမှဂရုမ စိုက်ပါဘူး။

Q. နန်းဆုက ကိုယ်ပိုင်မိသား စု ကုမ္ပဏီမှာ MD အဖြစ်ဝင်လုပ် ဖြစ်နေတုန်းပဲလား။

A. ဒါကတော့ နန်းဆုတို့ရဲ့ မိသားစုစီးပွားရေးပါ။ အဖေနဲ့ အမေကုမ္ပဏီနှစ်ခုစလုံးမှာ နန်းဆု က ဝင်ပြီးကူညီပါတယ်။ အဖေက ဂျပန်ကကားတွေကို လေလံဆွဲပေး တယ်။ ပြီးတော့ ကုမ္ပဏီရှိတဲ့ အ တွက် ဒီကိုကားတွေသွင်းပေး တယ်။ နန်းဆုအစ်ကိုက အဓိက ကူ ညီသလို နန်းဆုကလည်း ကူညီဖြစ် တယ်။ ငယ်ငယ်လေးကတည်းက အလုပ်အကိုင်လုပ်တတ်ပြီး အလိမ် မခံရအောင်ရယ် အဖေတို့က သင် ပေးတဲ့သဘောပါပဲ။ အမေ့ဘက် က ကုမ္ပဏီမှာတော့ နန်းဆုတော် တော်များများကူညီဖြစ်တယ်။ Export & Import နေရာမှာ အစ်ကို ကလုပ်ပေးသလို နန်းဆုဝါသနာပါ တဲ့ Entertainment လိုမျိုး။ ပြပွဲ ပြတာမျိုးဆိုရင် ကိုယ်ပိုင် ကုမ္ပဏီ အဖြစ်လုပ်ဖြစ်တယ်။ မူရင်းကတော့ Export & Import ပေါ့။

Q. အနုပညာလောကထဲ စ ဝင်ခါစတုန်းက မျက်ရည်ကျရ လောက်တဲ့အထိ အခက်အခဲတွေ ကြုံခဲ့ရလား။

A. ငယ်ငယ်တုန်းကတော့ စိတ်အရမ်းနုတယ်လေ။ မင်းသမီး လုပ်တော့ ကိုယ်မဟုတ်တာတွေကို ပြောခံရ၊ ကြားခဲ့ရတုန်းကတော့ အရမ်းစိတ်လှုပ်ရှားပြီးငိုခဲ့ရတယ်။ ဒီလောကထဲကထွက်ပြေးပြီးမလုပ် တော့ဘူးဆိုတဲ့ အခြေအနေထိဖြစ် ခဲ့ဖူးတယ်။ ဒါပေမဲ့ အမေက အလုပ်တစ်ခုကိုလုပ်လို့ရှိရင် ဇွဲမ လျှော့ရဘူး။ တခြားအလုပ်တွေ လည်းဒီလိုပဲ။ လောကတိုင်းမှာရှိ တာ။ အလုပ်လုပ်တာနဲ့ ပြဿနာရှိ တယ်။ ဖြေရှင်းနိုင်မှတော်မှာ။ ပြ ဿနာတိုင်းကိုဖြေရှင်းနိုင်ရမယ်။ ကိုယ်မဟုတ်ရင် ရိုးရိုးသားသားနဲ့ ဒီ လမ်းလျှောက်လှမ်းရမယ်ဆိုတဲ့ အမေ့ရဲ့ စကားကြောင့် အရိုးသား ဆုံး အမှန်ကန်ဆုံး လျှောက်လှမ်းခဲ့ ရတာပါ။ အောင်မြင်မှုတစ်ခုဆိုတာ ရဖို့ မလွယ်ကူပါဘူး။ အနှောင့် အယှက်အတိုက်အခိုက်တွေကြားထဲ က ယူခဲ့ရတာပါ။ အောင် မြင်မှုနောက်ကွယ်မှာ လူမသိသူမ သိမျက်ရည်ကျခဲ့ရတာအများကြီးပဲ။ မျက်ရည်တွေနဲ့ လမ်းခင်းခဲ့ရတယ် ဆိုရင်မမှားဘူး။ နန်းဆုရဲ့ စိတ်ကို ပျော် အောင်နေလိုက်တယ်။ အသက် လည်းနည်းနည်းရလာ တော့ နေတတ်သွားပြီပေါ့။

Q. လူဆိုတာ အပြိုင်အဆိုင် အတိုက်အခိုက်ရှိမှအောင်မြင်မှာ လေ နန်းဆုကရော...။

A. လူတွေအားလုံးက ကိုယ့် ကိုယ်ကိုယ်၊ ကိုယ့်မိသားစု၊ ပတ်ဝန်း ကျင်၊ ဆွေမျိုး၊ မြို့နယ်၊ နိုင်ငံတစ် နိုင်ငံ အားလုံးကြိုးစားမှပါ။ တစ်ဦး တစ်ယောက်ကစပြီး ကောင်းအောင် ကြိုးစားရင် အားလုံးကောင်းလာမှာ လေ။ တစ်ခုခုကျရှုံးသွားလို့ ရပ်ပစ် ဘူး။ ဒါကို သင်ခန်းစာယူပြီး မခံချင် စိတ်နဲ့ ကြိုးစားသင့်တယ်။ နန်းဆု ကို တိုက်ခိုက်လာတဲ့ သူတွေအား လုံးကို ဘယ်တော့မှ မတိုက်ခိုက် ဘူး။ မေတ္တာထားတယ်။ သနားစ ရာကောင်းတဲ့သူတွေပါလားလို့ မြင် လိုက်တယ်။ မေတ္တာမှန်မှန်ပို့ပေးပြီး လုံးဝမတုံ့ပြန်ဘူး။ အချိန်ပေးပြီး လိုက်မဖြေရှင်းတတ်ဘူး။ နန်းဆုရဲ့ ကိုယ်ပိုင်အလုပ်ကိုပဲ အာရုံထားပြီး နှစ်ဆတိုးလုပ်ဖြစ်တယ်။ ပြိုင်ဆိုင်ခြင်း တုံ့ပြန်ခြင်း လုံး ဝမရှိဘူး။ ကိုယ့်လမ်းကိုယ်လျှောက် ပါတယ်။

Q. အခုတလော မြန်မာ့ ရုပ် ရှင်လောကကို ဘယ်လိုမျိုးမြင်ပါ သလဲ။

A. ရုပ်ရှင်လောကနဲ့ ပတ် သက်ပြီး နန်းဆုတို့ရဲ့ အနုပညာရှင် တွေအားလုံးက တခြားနိုင်ငံနဲ့ ယှဉ် ပြီး မျက်နှာငယ်ရပါတယ်။ မြန်မာ နိုင်ငံက အနုပညာရှင်တွေအားလုံး လည်း ကမ္ဘာနဲ့ရင်ဘောင်တန်းချင် ကြတယ်။ သူတို့တွေလုပ်နိုင်သလို နန်းဆုတို့ရဲ့ အနုပညာရှင်တွေအား လုံးကလည်း သရုပ်ဆောင်နိုင်ကြ တယ်။ ဒါပေမဲ့ မပြည့်စုံတာ နည်း ပညာ၊ စက်ပစ္စည်းတွေအားလုံးကို အဆင့်အတန်းမြင့်စေချင်တယ်။ တခြားနိုင်ငံတွေလိုမျိုး အဆင့်တန်း မီ ရိုက်ကူးချင်တာက အနုပညာရှင် အားလုံးရင်ထဲက ဆန္ဒတွေပါ။ အဲဒီ အတွက် အရေးအကြီးဆုံးက အနု ပညာရှင်တွေအားလုံး စည်းလုံးဖို့ လိုပါတယ်။ အနုပညာရှင်တွေကြား ထဲမှာ စည်းလုံးမှုလိုသေးတယ်လို့ ထင်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက် ချင်းတူတယ်။

Q. မြန်မာ့ရုပ်ရှင်လောကရဲ့ စည်းလုံးမှုအတိုင်းအတာက ဘယ် လောက်ထိရှိပြီလဲ။

A. စည်းလုံးမှုဆိုတာ ပူးပေါင်း ပြီး ဖန်တီးရမှာပါ။ တစ်ယောက် တည်းနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး။ ရုပ် ရှင်တစ်ကားမှာပါဝင်တဲ့ အနုပညာ ရှင်တွေအားလုံး စည်းလုံးညီညွှတ်မှ ရုပ်ရှင်တစ်ကားဖြစ်မှာကိုး။ အခု အနေအထားမှာတော့ ရည်ရွယ် ချက်တစ်ခုပေါ်မှာ ကြိုးစားမှုနဲ့ စည်းလုံးမှုက ဒီထက်အားပြည့်ဖို့ လိုသေးတယ်လို့ထင်ပါတယ်။

Q. နန်းဆုချစ်တဲ့ ပရိသတ်ကို နှုတ်ဆက်ပေးပါဦး။

A. စိတ်သစ်လူသစ်တွေနဲ့ နိုင် ငံတော်သစ်ကြီးမှာ အားလုံးကြိုးစား နေကြတဲ့ သူတွေချည်းပါပဲ။ ပရိ သတ်၊ အနုပညာရှင်တွေအားလုံးက နိုင်ငံတော်တိုးတက်မှုမှာ တောင့်တ နေချိန်မှာ နန်းဆုအနေနဲ့ ပရိသတ် တွေ၊ အနုပညာရှင်တွေအားလုံးနဲ့ စည်းစည်းလုံးလုံးဖြစ်ပြီး ပူးပေါင်း ချင်တယ်။ ရှေ့ကိုဆက်ချင်တယ်။ မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးက စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင် ရွက်မှုပါ။

8 Days
  • Comment
  • Facebook Comment