၈မိုင်က (၈)ဆိုင်မြောက်ဆိုင်ခွဲကို April ၈ရက်နေ့မှာ ဖွင့်လှစ်တော့မယ့်The Pizza Company

The Pizza Company ရဲ့ (၈)ဆိုင်မြောက်ဆိုင်ခွဲကို မရမ်းကုန်းမြို့နယ် (၈)မိုင်အနီးက အမှတ်(၅၇)၊ ဓနသီရိတာဝါ မြေညီထပ်မှာ ဧပရယ်လ (၈) ရက်နေ့ကစပြီး ဖွင့်လှစ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ဆိုင်ခွဲဖွင့်ပွဲကို ဧပရယ်လ (၈) ရက်နေ့ ညနေ (၅) နာရီကနေ (၇) နာရီအထိ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့

စည်စည်ကားကား ကျင်းပသွားမှာပါ။ ဒါ့အပြင် The Pizza Company ရဲ့ (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆိုင်ခွဲတိုင်းမှာ Buy 1 - Get 1 Promotion အစီအစဉ်ကိုလည်း ဧပရယ်လ ၄ ရက်နေ့ မှ ၈ ရက်နေ့အထိ ထည့်သွင်း ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။

The Pizza Company ဟာ ယခုလက်ရှိ ရန်ကုန်မြို့က Dagon Center 1 မြေနီကုန်း၊ Ocean တာမွေ၊ Myanmar Plaza၊ Myanmar Culture Valley၊ 31 လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်၊ Junction Square တို့မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပြီး မန္တလေးမှာဆိုရင်တော့ Mingalar Mandalay မှာ ဆိုင်ခွဲ ဖွင့်လှစ်ထားပါတယ်။

The Pizza Company အနေနဲ့ " စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့ အရသာများဆီသို့" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စားသုံးသူတွေ ပိုပြီး အဆင်ပြေစေဖို့ ရန်ကုန်နဲ့ မန္တလေးမြို့တွင်းနေရာတွေအတွက် အိမ်အရောက်ပို့ ဝန်ဆောင်မှု Delivery Service တွေလည်း စီစဉ်ထားပြီးဖြစ်ပါတယ်။

The Pizza Company ရဲ့ Menu ထဲက ပီဇာ၊ ပါစတာနဲ့ အက်ပတိုင်ဇာ တွေကို 09960884884 နဲ့ 09966600600 ကို ဖုန်းဆက်ပြီး မှာယူအားပေးနိုင်တဲ့အကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေနော်...

Team (ရိုးရာလေး)