သဘာဝ သစ်သီး အစစ်ကနေ ထုတ်လုပ်ထားတဲ့ Sunkist Juice Drink

နွေရောက်လာပြီ ဆိုတော့ ရာသီဥတုက ပူချက်ပဲ…ဒီလို ပူအိုက်နေတဲ့ အချိန်မျိုးမှာ အလုပ်တွေ ရှုပ်နေရတယ်ဆိုရင် ပိုလို့တောင် ပင်ပန်းနေကြမှာပါ…

အရမ်း ပူအိုက်နေတဲ့အချိန်မျိုးမှာ အတောင့်တမိဆုံးက ဘာဖြစ်မလဲ မေးလာရင် “အေးစိမ့်နေတဲ့ သောက်စရာ တစ်ခုခုပဲပေါ့” လို့ ဖြေမိမှာပါပဲ…

အရသာလည်းရှိ ရင်လည်းအေးစေမယ့် သောက်စရာ ရှိနေပြီ ဆိုတာ သိထားပြီးပြီလား?

သဘာဝ သစ်သီး အစစ်ကနေ ထုတ်လုပ်ထားတဲ့ Sunkist Juice Drink လေ ... လိမ္မော်နဲ့ လိုင်ချီး ဆိုတဲ့ အရသာ ၂ မျိုး ထုတ်ထားပြီး အချိုရည်ထဲမှာ အသီးဖတ် အစစ်လေးတွေလည်း ပါသေးတယ်...Gas တွေပါရင် မသောက်ချင်ဘူးမလား? သိတယ်… လုံးဝကိုမပါတာ…အဲဒါကြောင့်မို့ လူကြီး လူငယ် မရွေး ဘယ်သူမဆို စိတ်ချလက်ချ သောက်လို့ ဖြစ်တယ်…

ကဲ.....…နွေနေပူပူကို အန်တုဖို့နဲ့ ပျော်ရွှင်ကျန်းမာစေဖို့ လတ်ဆတ်ပြီး အေးမြတဲ့ သဘာဝအရသာကို ခံစားကြည့်လိုက်ရအောင်ပါ…
Super Market တိုင်းမှာ အလွယ်တကူ ဝယ်လို့ ရနေပြီ ဆိုတာလည်း မှတ်ထားပေးဦးနော်!