မုန့်လုံးရေပေါ် စားရခါ နီးပြီ

မကြာမီ ရက်ပိုင်းအတွင်း မြန်မာ့ နှစ်သစ်ကူး သင်္ကြန် အခါသမယကို ရောက်ခါနီးပြီး ဖြစ်လို့ အားလုံး ကြိုက်နှစ်သက်ကြတဲ့ မုန့်လုံးရေပေါ်ကိုလည်း စားရခါနီးလာပါပြီ။ မုန့်လုံးရေပေါ်ကို အခြားသော အချိန်တွေမှာ စားသောက်ရတာထက် သင်္ကြန်ရေ ရွဲရွဲစိုနေချိန်စားရတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။



ဒါ့အပြင် မုန့်လုံးရေပေါ်ထဲမှာ သူငယ်ချင်းတွေကို စနောက်ခြင်း အနေခြင့် ငရုပ်သီးတောင့်တွေ ထည့်ပြီး လုံးကြတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ငရုပ်သီးထောင့်ကို ကိုက်မိသူကတော့ တကယ့် ကံထူးရှင်ပေါ့။ မုန့်လုံးရေပေါ်ဆိုတာ အခြားသော မုန့်တွေနဲ့ မတူ တမူထူးခြားပါတယ်။ အကုန်အကျလည်း သက်သာတယ်လို့ ဆိုနိုင်ပါတယ်။

နေရာ ဒေသပေါ်မူတည်ပြီးတော့ ပြုလုပ်ပုံခြင်းတော့ မတူညီကြပါဘူး။ ဒါ့အပြင် မြင်လိုက်တာနဲ့ စားချင်စိတ်တွေလည်း ပေါ်လာစေမယ့် အစားအစာ အစာပါ။ စာဖတ်ပရိသတ်တွေလည်း လာမယ့် သင်္ကြန်မာ မုန့်လုံးရေပေါ်လေး လုပ်စား ကြပါအုံးနော်။