ကိတ်မုန့်လှီးတဲ့ အခါ

 မွေးနေ့ကိတ်တွေ ဘာတွေ လှီးတဲ့ အခါမှာ ကိတ်မုန့်ကို ဖိလှီးလိုက်တဲ့ အခါ အစအနတွေ ပဲ့ရွဲ့ပြီး မညီမညာဖြစ်တတ်တယ် မဟုတ်လား။

အဲဒီလို မဖြစ်ဘဲ သေသေသပ်သပ် လှီးချင်ရင်တော့ ကိတ်မုန့် မလှီးခင်မှာ လှီးမယ့် ဓားကို ရေနွေးနဲ့ အချိန်နည်းနည်းကြာအောင် လောင်းချပေးထားပါ။

ဒီနည်းကို မသုံးချင်ရင် ကိတ်မုန့်လှီးမယ့် ဓားကို ထောပတ်လိမ်းသုတ်ထားပေးလည်း ရပါတယ် တဲ့။

Ref : “ Elite Reader “ Facebook Page