တစ်ပတ်အတွင်း ပါးဖောင်းဖောင်းလေးရအောင်ပြုလုပ်နည်း 

ပါးလေးဖောင်းနေတော့ မျက်နှာလေးကပြည့်ပြီး နုတဲ့ ပုံပေါက်တာပေါ့။ငယ်ရွယ်တုန်းမှာ အရေပြားအောက်က အဆီပြင်ကြောင့် ပါးလေးဖောင်းနေပေမယ့်

ကြီးလာတဲ့အခါ ပါးအောက်က အဆီတွေမရှိတော့တဲ့အတွက် ပါးရိုးတွေကျပြီး အိုစာသွားတတ်ပါတယ်။ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ပါးဖောင်းအောင်လုပ်မလဲကြည့်ကြရအောင်

ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေစားပါ။


ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို ဇိမ်ခံအစားအစာလို့တောင်တင်စားကြတယ်။ဘာလို့လဲဆိုတော့ သင့်ကိုဖောင်းကားတဲ့ အဆီပိုတွေမပေးဘဲ တောက်ပတဲ့ အသားအရေပေးလို့ပါ။ထောပတ် ၊ ထမင်း နှင့် ပေါင်မုန့်တို့က၀ိတ်မတက်စေဘဲခန္ဓာကိုယ်အားပြည့်စေပါတယ်။ဒါတွေစားသုံးပေးရင်တော့ တစ်ပတ်အတွင်းပါးလေးဖောင်းလာမှာပါ။

ပါးစုန့်လေးတွေကို လက်မနဲ့လက်ညှိုးသုံးပြီး ဆွဲပေးပါ။


တကယ်တော့ ပါးဖောင်းပြီးချစ်ဖို့ကောင်းတဲ့ကောင်မလေးတွေက သူငယ်ချင်းတွေ ဆွေမျိုးတွေရဲ့ ပါးခဏခဏဆွဲခြင်းခံရတဲ့လူတွေပါ။ပါးလေးကို ဆွဲပေးခြင်းအားဖြင့် ပါးမို့မို့ဖောင်းဖောင်းလေးဖြစ်လာမှာမို့ သူများမဆွဲပေးလည်း ကိုယ့်ဖာသာကိုယ်ဆွဲပါ။

အစိုဓာတ်ရရှိအောင်နေပါ။


အသားအရေနူးညံ့ပျော့ပျောင်းပြီး ကျန်းမာတောက်ပနေတယ်ဆိုတာအစာအာဟာရမျှတမှု နှင့် မှန်ကန်တဲ့ အသားအရေထိန်းသိမ်းနည်းကြောင့်ပါ။သံလွင်ဆီ ၊ အုန်းဆီတို့ကို ပါးပေါ်လိမ်းပေးပြီး စိုစွတ်အောင်ထားပါ။

မိတ်ကပ်လိမ်းပြီးရင် ဖျက်ဖို့မမေ့ပါနဲ့။


တနေကုန်လှပနေဖို့ မနက်မိုးလင်းမိတ်ကပ်လိမ်းပြီးထွက်သွားပေမယ့် ညမိုးချုပ်အိပ်ခါနီး မဖျက်မိဘူးဆိုရင်တော့ ဘက်တီးရီးယားပိုးမွှားပေါက်ရောက်ရာနေရာဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် ညဘက်အိပ်ခါနီး မိတ်ကပ်ဖျက်ဖို့မမေ့ပါနဲ့။

ဒီအချက်လေးတွေလိုက်နာပေးရင်တော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ကောင်မလေးဖြစ်လာမှာပါ။

Ref: beautyhealthtips.in