သင့်ရဲ့စိတ်ကျန်းမာရေးကို တိုးတက်စေမယ့် နည်းလမ်း (၁၄)ခု

နိုင်ငံ တော်တော်များများမှာစိတ်မကျန်းမာတာ (သို့) စိတ်ကျန်းမာရေးယိုယွင်းလာတာကြောင့် မိမိကိုယ်ကိုသတ်သေတဲ့ သတင်းတွေအများကြီးတွေ့ရှိလာရတာကိုသတိထားမိမှာပါ။

အဲ့ဒါကြောင်းရိုးရာလေးကနေစိတ်ကျန်းမာရေးကိုတိုးတက်လာနိုင်စေတဲ့ နည်းလမ်း(၁၄) ခုကို ဝေမျှပါရစေ။

(၁) ကျန်းမာရေးအတွက် လေ့ကျင့်ခန်း

သင့်ရဲ့ နေ့စဉ်ရှောင်ရှားရမယ့် အရာတွေနဲ့ ကိုယ်ကျန်းမာရေးအပေါ် အာရုံစိုက်မှုအတွက် အချိန်ကိုနေ့စဉ် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သင်တစ်ယောက်ထဲရှိနေပါတယ်ဆိုတဲ့ ခံစားချက်ကိုလျစ်လျှူရှုလာနိုင်ပါလိမ့်မယ်။ စိတ်ကျန်းမာရေးချို့ယွင်းလာမှုဆိုတာ ပြသနာအနေနဲ့ မဖြစ်လာမချင်းလူတွေကဂရုမစိုက်ကြပါဘူး။ အဲ့ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာကိုယ့်ကိုယ်ကိုဂရုစိုက်မှုတွေကိုမမေ့မလျော့သင့်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကနေဆက်နွယ်ပတ်သတ်မှုတွေ၊ အလုပ်အကိုင်တွေထိစိတ်ကျန်းမာရေးဟာ ကျွန်ုပ်တို့ဘ၀ရဲ့ အစိတ်အပိုင်းအားလုံးမှာအရမ်းကိုအရေးကြီးလှပါတယ်။

(၂) ပိုပြီးကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါ။

လေ့လာချက်များက ဘဝမှာ ပိုပြီးစိတ်ကျေနပ်မှုနဲ့ ကျေးဇူးတင်ခြင်းဟာ စိတ်ကျန်းမာရေးကိုပိုပြီး ကောင်းမွန်လာစေပါတယ်။ နေ့တိုင်းမှာ ကိုယ့်ကိုကျေးဇူးတင်စေတဲ့ အရာသုံးခုကိုရေးချပါ။ “ငါ့မှာစိတ်ဖိစီးမှုမရှိတဲ့ နေထိုင်သွားလာမှုရခဲ့တယ်။” ဆိုတဲ့ အသေးအဖွဲကျေးဇူးတင်ခြင်းကအစ “ငါ့ကိုတကယ်စိတ်လှုပ်ရှားစေတဲ့ အလုပ်သစ်တစ်ခုလက်ခံရရှိခဲ့တယ်။” ဆိုတဲ့ အဓိက ဖြစ်ရပ်တွေအထိရေးချထားပါ။ ဖုန်းထဲမှာလည်း Happier (သို့) Attitude of Gratitude Journal ဆိုတဲ့ app တွေကိုဒေါင်းလုပ်လုပ်ပြီးကိုယ့်ရဲ့ဖုန်းထဲမှာ (သို) စာရွက်အဟောင်းနဲ့ ဘောပင်ကိုယူပြီးတော့ ကိုယ့်ရဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ အချိန်တွေကိုမှတ်သားထားပါ။

(၃) စုဖွဲ့ပြီးခရီးထွက်ဖို့ပြင်ဆင်ပါ။

ခရီးထွက်ခြင်းဟာကိုယ့်ရဲ့ ပျော်ရွှင်မှုကိုတိုးမြင့်စေနိုင်တာမို့လို့ သူငယ်ချင်း (သို့) မိသားစုနဲ့ စုဖွဲ့ပြီးခရီးထွက်ဖို့ပြင်ဆင်ပါ။ သူငယ်ချင်းများနှင့် တစ်ညတောစခန်းထွက်တာတို့၊ နယ်ဘက်ကိုကားရက်ရှည်မောင်းထွက်တာတို့၊ သင့်ရဲ့ ပုံမှန်လုပ်ဆောင်နေဆဲအရာတွေကိုပြောင်းပစ်လိုက်နေတဲ့ လှုပ်ဆောင်မှုတစ်ခုခု (သို့) နေရာသစ်တစ်ခုကိုသွားခြင်းကသင့်ရဲ့ ဘဝအမြင်သစ်တွေကို ယူဆောင်လာပေးနိုင်ပါတယ်။

(၄) သင့်ရဲ့ကိုယ်ပိုင်မြို့မှာလျှောက်လည်ပါ။

သင့်ရဲ့ ကိုယ်ပိုင်နေရာသစ်တစ်ခုကိုရှာဖို့ အဝေးကြီးသွားစရာမလိုပါဘူး။ တစ်ခါတစ်လေကိုယ့်အိမ်နဲ့ ဆင်တူတဲ့နေရာတွေကလည်းကိုယ့်ကို ဘဝမှာအသစ်သော ရှုထောင့်နဲ့မြင်ဖို့ အခွင့်တွေပေးတတ်ပါတယ်။ ဘယ်တော့မှမရောက်ဖူးတဲ့ အနီးအနားကဗိသုကာလက်ရာတွေကိုသွားကြည့်ပါ။ ပြတိုက်တွေကိုလည်းသွားကြည့်ပါ။ တစ်ခါတစ်လေကိုယ့်အိမ်နောက်ဖေးကနေဘဲကိုယ့်ကိုအံ့သြလောက်စေတဲ့ စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံတွေကိုပေးတတ်ပါတယ်။

(၅) သင့်ကိုယ်သင် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်စေလိုက်ပါ။

ပန်းတိုင်အသစ်တစ်ခုကိုရောက်ရှိသွားနိုင်ခြင်းကလည်း သင့်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ တန်ဖိုးထားမှုကို မြင့်တက်လာစေပါတယ်။ သင့်ကိုယ်သင့် ယုံကြည်မှုရှိစေတဲ့ ကျွမ်းကျင်တဲ့ အလုပ်တစ်ခုကိုစလုပ်ကြည့်ပါ။ နောက်တော့ ပိုခက်တဲ့ဟာတစ်ခုကိုဆက်ပြီး ကြိုးစားကြည့်ပါ။ ပန်းတိုင်ကိုချမှတ်ပြီး ကျွမ်းကျင်မှုတွေကိုသင်ယူပါ။ ၀ါသနာ (သို့) အားကစားတစ်ခုခုကိုလိုက်စားပြီးကိုယ့်ကိုယ်ကိုအခြေနေသစ်တစ်ရပ်မှာရှိအောင်တွန်းပို့ပြီးသေးငယ်တဲ့အရာဆိုပေမယ့်လည်းသင့်ရဲ့ လုပ်ဆောင်ဆဲကာလအတွင်းမှာ ပြီးမြောက်မှုတွေကိုအောင်ပွဲခံပါ။ အဲ့ဒီအခါမှာ ပြီးမြှောက်မှုရဲ့ အနှစ်သာရနဲ့ ကိုယ့်ရဲ့တန်ဖိုးတွေကိုပျော်ရွှင်စားခံစားတတ်လာမှာပါ။

(၆) တူရိယာတီးမှုတ်တဲ့အချိန် ထားပေးပါ။

သင်ပျော်ရွှင်တဲ့အလုပ်ကိုလုပ်ပါ။ ဒါကနားထောင်ရတာရိုးရှင်းပေမယ့် လူတွေဟာတစ်ခုတစ်ရံမှာပျော်ရွှင်မှုရရှိဖို့ထက် ကန့်သန့်ချက်တွေကိုဘဲထားနေမိပြီးတော့ ကိုယ့်ရဲ့ တီထွင်ဥာဏ်နဲ့ အချိန်နဲ့အမျှ ပျော်ရွှင်မှုတွေကိုမေ့နေတတ်ပါတယ်။ တီထွင်ဖန်တီးမှုနဲ့ အဖက်ဖက် ကျန်းမာဖို့ဟာချိတ်ဆက်နေပါတယ်။ အဲ့ဒါကြောင့်မို့ သင့်လုပ်ဖို့ ပျော်ရွှင်လောက်မယ့် တီထွင်ဥာဏ်သုံးရတဲ့ အလုပ်တစ်ခုခုကိုပုံမှန်လုပ်နေခြင်းကသင့်ရဲ့ စိတ်ကျန်းမာရေးကိုပိုမိုကောင်းမွန် လာပါစေလိမ့်မယ်။ စိတ်စမ်းသပ်ချက်တစ်ခုမှာပြောထားတာကတစ်ရက်ကိုမိနစ် (၂၀)လောက် အနုပညာတစ်ခုခု (သို့) ဂီတသင်တန်းတစ်ခုခုကိုစိတ်ရှင်းလင်ဖို့ တက်သင့်ပါတယ်။ ဒါမှမဟုတ် ဂီတသဘင် (သို့) အနုပညာပြတိုက်တစ်ခုခုကိုလည်းသွားသင့်ပါတယ်လို့ အကြံပေးထားပါတယ်။

(၇) ကြိုတင်စီစဉ်ပါ။

ဘဝမှာ ထိန်းချုပ်နိုင်တဲ့အရာတွေ များများစားစားမရှိပါဘူး။ ဒါပေမယ့် တစ်ပတ်တာ ကြိုတင်ပြင်ဆင်တဲ့အခါမှာစိတ်ဖိစီးမှုကိုလျော့ချနိုင်ပါတယ်။ မနက်ပိုင်းလုပ်နေကျလုပ်ငန်းတွေမှာနေ့လည်စာထုတ်ထားတာတို့လုပ်ပြီးတစ်ပတ်စာအလုပ်သွားဖို့ အင်္ကျီအ၀တ်အစားပြင်ဆင် ထားတာတို့ကိုလုပ်နိုင်ပါတယ်။ အချိန်ကိုပိုပြီးတော့ ချွေတာတဲ့အခါမှာသင်ဟာပိုအရေးကြီးတဲ့ အရာတွေကိုအာရုံစိုက်လာနိုင်ပါမယ်။

(၈)ဘ၀မှာရယ်မောပျော်ရွှင်မှုတွေကို ရှာပါ။

သိပ္ပံပညာအချို့က ရယ်မောပျော်ရွှင်ခြင်းဟာ အကောင်းဆုံးဆေးဝါးလို့ပြောကြပါတယ်။ ရယ်မောခြင်းဟာစိတ်ဖိစီးမှု ဟော်မုန်းတွေကိုလျော့ချပေးပြီးအန်ဒိုဖင်းဓာတ် ထွက်လာပြီး ခန္ဓာကိုယ်ကိုခံစားမှုကောင်းစေတဲ့ ဓာတုပစ္စည်းတွေကို သဘာဝအတိုင်းတိုးမြင့်လာစေပါတယ်။ ဟာသကြည့်တာတို့၊ ချစ်ဖို့ကောင်းတဲ့ YouTube ဗီဒီယိုတွေကိုကြည့်တာတို့၊ အွန်လိုင်းကနေဟာသဆောင်ပါးတွေကိုဖတ်တာတို့၊ ဟာသဥာဏ်ရွှင်တဲ့သူငယ်ချင်းနဲ့ တွေ့ဆုံတာတို့ကိုလုပ်တာကစိတ်အခြေအနေကိုပိုကောင်းလာအောင်မြင့်တင်ပေးပါတယ်။ ပုံမှန် ဗိုက်သားနဲ့ ရယ်တာတွေဟာစိတ်လှုပ်ရှားမှုတွေကိုလျော့ချပေးပြီးပိုကောင်းမွန်တဲ့ ကျန်းမာရေးကိုတိုးတက်လာစေပါတယ်။

(၉) အိမ်အလုပ်လုပ်ချိန်မှာကခုန်ပါ။

လေ့ကျင့်ခန်းလုပ်တာဟာအန်ဒိုဖင်းဓာတ်တွေကိုထုတ်လုပ်နိုင်တဲ့အတွက် စိတ်ခံစားချက်တွေဖြန့်ကျက်ပြီးလှုပ်ရှားပါ။ လနဲ့ချီ Gym သွားဖို့ကအရမ်းအလုပ်ရှုပ်တဲ့ အချိန်စာရင်းကြောင့် သွားဖို့စီစဉ်တာခက်ခဲတာတွေလည်းဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ ကြွက်သားတွေ လှုပ်ရှားတဲ့အခါမှာစိတ်လှုပ်ရှားမှုနဲ့ စိတ်ဓာတ်ကျမှုတွေကိုလျော့ချနိုင်ဖို့ ကူညီနိုင်ပါတယ်။ ကော်တီဆောဆိုတဲ့ စိတ်ဖိစီးမှုဟော်မုန်းကိုလျော့ချနိုင်ပြီးအန်ဒိုဖင်းဆိုတဲ့ ကောင်းတဲ့စိတ်ခံစားချက်ဖြစ်နေတဲ့ ဓာတ်ကိုတိုးမြင့်စေပါတယ်။ အဲ့ဒါကြောင့် အိမ်အလုပ်လုပ်ရင်းနဲ့ကိုသီချင်းဖွင့်ထားလိုက်ပါ။

(၁၀) အမွေးအတောင်ရှိတဲ့ သူငယ်ချင်းနဲ့ တစ်ချို့အချိန်တွေ ကုန်လွန်ပါစေ

လူသားသူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာကတော့ ထုံးစံဖြစ်ပေမယ့် တိရိစ္ဆာန်တွေနဲ့ အချိန်ကုန်တာကလည်းစိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့ကျစေနိုင်ပြီးတော့ အောက်စီတိုစင် ဆိုတဲ့ ပျော်ရွှင်တယ်ဆိုတဲ့ ခံစားချက်ကိုလည်းလှုံ့ဆော်ပေးပါတယ်။ သင့်မှာအမွှေးတွေနဲ့သူငယ်ချင်းအိမ်မှာမရှိခဲ့ရင် အိမ်မွေးတိရိစ္ဆာန်ရှိတဲ့သူငယ်ချင်းနဲ့ လျှောက်လည်ပါ။ စွန့်ပစ်တိရိစ္ဆာန်ဂေဟာမှာလုပ်အားပေးပါ။

(၁၁) သဘာဝအလှများအပေါ် ပိုပြီးအချိန်ကုန်စေပါ

၁၅မိနစ်လောက် ပန်းခြံထဲလမ်းလျှောက်တာ (သို့) စက်ဘီးစီတာကသင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်လုပ်ရှားမှုနဲ့ စိတ်ဓာတ်ကျမှုတို့ကိုလျော့နည်းစေပါတယ်။ အစိမ်းရောင်တွေချည်းဘဲရှိတဲ့နေရာမှာအချိန်ကိုကုန်ဆုံးစေခြင်းဟာသင့်ရဲ့ ခံစားမှုနဲ့ အင်အားအဆင့်တွေကို မြင့်တင်ပေးတဲ့အတွက်ကြောင့်မို့ မိခင်သဘာဝတရားကြီးနဲ့အတွက် ခနလောက် ထွက်လည်လိုက်တာဟာလည်းပေးလိုက်ရတဲ့အချိန်နဲ့တန်ပါတယ်။ နေရောင်ခြည်အောက်မှာ ၅မိနစ်လောက်ထိုင်လိုက်တာ (သို့) အမျိုးသားသစ်တောမှာရက်အတော်ကြာခရီးထွက်တာတို့၊ ကိုယ့်အိမ်နဲ့ သိပ်မဝေးတဲ့ပန်းခြံမှာ လူမှုရေးပွဲတစ်ခုခုကိုအစုအဖွဲ့လိုက် လုပ်တာတို့ကကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

(၁၂) ဒီဂျစ်တယ်ပစ္စည်းနှင့် အင်တာနက်ကွန်ရက်များအသုံးပြုမှု လျော့ချပါ။

အီးမေးလ်တွေ၊ စာတို့တွေနဲ့ လူမှုကွန်ရက် အချက်ပြမှုတွေကိုအထူးသဖြင့် အိပ်ရာဝင်ခါနီးအချိန်မှာ အသုံးပြုမှုဖြတ်တောက်လိုက်ခြင်းကစိတ်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။ တစ်ခါတစ်ရံလည်း “digital detox” ဆိုတဲ့ ဖုန်းကိုအိမ်မှာတစ်ရက်လောက်ချန်ထားပြီးတစ်စုံတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်စကားပြောတာမျိုး၊ ပန်းခြံထဲလျှောက်သွားတာမျိုးကဘာမဟုတ်တဲအီလက်ထရောနစ်မျက်နှာပြင်ကိုပွတ်သတ်တာနဲ့ ဆယ်ဖီဆွဲတာတို့ထက် ပိုပြီးတော့ စိတ်ကျန်းမာရေးကောင်းကျိုးတွေကိုရရှိလာနိုင်ပါတယ်။

(၁၃) ပိုပြီးခွင့်လွတ်တတ်လာပါစေ။

ကျေးဇူးတင်တတ်တဲ့ စိတ်သဘောထားရှိသလိုဘဲပိုပြီးတော့ ခွင့်လွတ်တတ်တဲ့ စိတ်သဘောဟာလည်းစိတ်ကျေနပ်မှုနဲ့ စိတ်ကျန်းမာမှုရှိသော ဘ၀ကို ရရှိလာစေနိုင်ပါတယ်။ တစ်ခြားတစ်ယောက်ကိုမခွင့်လွတ်နိုင်တာကကိုယ့်ကိုယ်ကို အန္တရာယ် ရှိစေနိုင်ပါတယ်။ သင့်ရဲ့ ပုံမှန်ကျင်လည်နေတဲ့ဘ၀ကို ဖျက်ဆီးခဲ့တဲ့သူ၊ သင့်ကိုနာကျင်စေတဲ့ အမျိုးတွေ(သို့) သူငယ်ချင်းတွေ၊ ကျရှုံးမှုမှားနဲ့ သင့်ကိုယ်သင်ကိုခွင့်လွတ်ပါ။ အသိအမှတ်အပြုပါ။ လက်ခံလိုက်ပါ။ ပြီးတော့ လက်လွတ်လိုက်ပါ။

အကူအညီတောင်းတာဟာသန်မာမှုရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ သူငယ်ချင်း၊ မိသားစုဝင်၊ စိတ်ကျန်းမာရေးကျွမ်းကျင်သူတွေထံမှ အကူအညီလိုအပ်တယ်လို့ သတိထားမိပါစေပြီး သင်အကူအညီလိုအပ်တဲ့အခါ သူတို့ထံမှ ထောက်ပံ့မှုကိုရယူပါ။ သင့်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့နဲ့ ရှုထောင့်အသစ်တွေကနေ မြင်နိုင်ဖို့ ဖွင့်ပြောပါ။ သူတို့ရဲ့ဗျူဟာတွေကသင့်အတွက်အဆင်ပြေချင်မှပြေမယ် ဆိုပေမယ့် သင့်ရဲ့စိတ်ကျန်းမာရေအတွက် အချိန်ကိုကောင်းမွန်စွာရင်းနှီးမြှုပ်နှံထားနိုင်ပါတယ်။

ကျေးကျေး (ရိုးရာလေး)