လေလည်ခြင်းနှင့်ပတ်သက်ပြီး ထူးဆန်းတဲ့အမှန်တရားများ

သာမန်လူတစ်ယောက်က တစ်နေ့ ( ၁၄ ) ကြိမ်လေလည်ပါတယ်။ ကံကောင်းတာတစ်ခုက အိမ်ရောက်လို့အနားယူ တဲ့အချိန်ကျမှလေလည်သံအကျယ်ကြီးထွက်တဲ့အခါပါပဲ။ လေလည်ခြင်းနှင့်ပတ်သက်ပြီး ထူးခြားတဲ့ အမှန်တရား (၅ )ခုကိုကြည့်ကြရအောင်…

၁။ နေ့စဉ် ပျမ်းမျှ (၁၄)ကြိမ်လေလည်ပါတယ်။
တခြားလူတွေနဲ့ရှိနေချိန် ဘယ်နှစ်ကြိမ်လေလည်တယ်ဆိုတာကတော့ တိတ်တခိုးတစ်မျိုး၊ မရှက်မရွံ့တစ်သွယ် လေလည်ရဲလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်။

၂။ လေလည်တာက ပူဖောင်းတစ်လုံး လေဖြည့်စာလောက်ရှိပါတယ်။
သာမန်လူတစ်ယောက်က နေ့စဉ် ၇၀၀ မီလီလီတာလောက် လေလည်တော့ ဒါက မွေးနေ့ပူဖောင်းတစ်လုံး မှုတ်စာလောက်ရှိပါတယ်။

၃။ လေလည်နှုန်းမြန်ခြင်း
သင်ထုတ်လွှတ်လိုက်တဲ့ လေက စက္ကန့်တိုင်းမှာ ၁၀ ပေလောက် ပျံ့နိုင်ပါတယ်။

၎။ အနံ့ဆိုးတယ်။
ပုံမှန်လေလည်သူတွေရဲ့ ၁ ရာခိုင်နှုန်းသောအငွေ့ကသာ ဘာနံ့မှမရတာပါ။ လေလည်ရင် များသောအားဖြင့်တော့ ဘဲဥပုပ်နံ့ရတယ်ဆိုတာလူတိုင်းသိပါတယ်။

၅။ မိန်းကလေးတွေ လေလည်တာ ယောက်ျားလေးတွေထက်ပိုနံတယ်။
တချို့ယောက်ျားလေးတွေက တခြားသူရှေ့မှာ လေလည်ပြီး ပျော်စေပျက်စေ စကြပါတယ်။ဒါပေမယ့် မိန်းကလေးတွေကျတော့ ဒီလိုဘယ်တော့မှမလုပ်ပါဘူး။ အကြောင်းရင်းကတော့ မိန်းကလလေးတွေရဲ့လေလည်တဲ့ အနံ့က ယောက်ျားလေးတွေထက် ပိုပြင်းပြီး ပိုနံလို့ပါ။

Ref: Somtom: 8 Surprisings Facts About Farting
May Moe(ရိုးရာလေး)