အသံတိတ် Heart Attack

Heart attack ဆိုတာမျိုးခံစားဖူးလား??? ရင်ခေါင်းထဲကပြင်းပြင်းထန်ထန် နာကျင်ပြီး မြေကြီးပေါ်ပစ်လဲသွားတဲ့ အထိ ဖြစ်သွားစေနိုင်တဲ့ ရောဂါမျိုးလို့သိထားတယ်ဆိုရင် ဒါက အရမ်းပြင်းတဲ့ heart attack အဆင့်ကို သင်ပြောနေတာပါ။

Heart attack က ရောဂါလက္ခဏာ မပြပေမဲ့ နှလုံးရဲ့လုပ်ငန်းဆောင်တာတွေက တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပါတယ်။ ၄၅ ရာခိုင်နှုန်းသော heart attack တွေက အသံတိတ် heart attack တွေပါ။ ECG ဆွဲကြည့်ရင်သိနိုင်တယ်ဆိုပေမဲ့ လူတော်တော်များများက ကြွက်သားနာကျင်ခြင်း ၊ မအီမသာဖြစ်ခြင်း နှင့် အပြင်းဖျားခြင်းတို့ဖြစ်တယ်လို့ပဲ မှတ်ယူပြီး ECG ဆွဲ မကြည့်ကြပါဘူး။

  • အသံတိတ် heart attack ဖြစ်ပွားစေတဲ့အကြောင်းရင်းတွေက
  • ဆေးရွက်ကြီးသုံးစွဲခြင်း
  • နှလုံးရောဂါမျိုးရိုးရှိခြင်း
  • ဆီးချိုရောဂါ
  • ကိုလက်စထရောများခြင်း
  • သွေးတိုးခြင်း
  • အဝလွန်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။

ဒီလိုမျိုး heart attack ရှိတယ်လို့သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။ ECG ဆွဲပြီး နှလုံးခုန်နှုန်းအတက်အကျကြည့်လို့ရပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ထိရောက်တဲ့ကုသမှုကို ခံယူတာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

Ref: Fabiosa: What Is A Silent Heart Attack And How To Tell If A Person Had It
May Moe(ရိုးရာလေး)