၂ဝ၁၈ မှာ ဆိုးသင့်သည့် Hair Colour လေးများ

မိန်းကလေးများ နှစ်သက်စွဲလမ်းတဲ့ အရာတစ်ခုကို ပြောပါဆိုရင် အဲဒါဟာ ဆံနွယ်တွေပဲ ဖြစ်မှာပါ။ ကိုယ့်ရဲ့ ဆံပင်ပုံစံ အနေအထားတစ်ခုခု မှားယွင်းနေပြီဆိုရင် အဲဒီနေ့ဟာတစ်ခုခု အလွဲလွဲအချော်ချော် ဖြစ်တတ်တယ်လို့ ထင်မှတ်ကြပါတယ်။ သိပ်ပြီးအားထုတ်စရာမလိုဘဲ လှပတဲ့ဆံပင်ပုံစံလေးတွေကို မိန်းကလေးက ပြင်ဆင်ချင်ကြပါတယ်။ ဒီလို လုပ်ဆောင်ဖို့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံသားအရောင်ကို ရွေးချယ်နိုင်မယ်ဆိုရင်တော့ ပိုမိုလွယ်ကူစေပါတယ်။

New Year လည်း နီးလာပြီ ဖြစ်တဲ့အတွက် Hair Color လေးအသစ်ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ် အသစ်ဆန်းထွင်ဖို့ အချိန်ကောင်းလည်း ဖြစ်ပါတယ်။ ဒီတော့ နောက်လာမယ့်နှစ်မှာ ပေါ်ပြူလာဖြစ်လာမယ့် Hair Color လေးတွေကို ကြည့်လိုက်ကြရအောင်ပါ။

၁။ Balayage Highlights

Balayage Highlights

ဒီ Hiar Color က မနှစ်ကအတိုင်းပဲ ဒီနှစ်မှာလည်း ခေတ်စားနိုင်မယ့် color ဖြစ်ပါတယ်။ hair color ကို တစ်ရောင်တည်းဆိုးတဲ့ အချိန်ကာလတွေက ကုန်ခဲ့ပါပြီ။ အဲဒီအစား မတူညီတဲ့ color များနဲ့ ရောစပ်ခြင်းဟာ ပိုမို သဘာဝဆန်ပြီး ပိုမို လှပစေပါတယ်။ တကယ်လို့ သင်ဟာ အသားဖြူပြီး ဆံသားနက်မှောင်သူ ဖြစ်ရင်တော့ ဒီ color လေးက သင့်အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။

၂။ Pumpkin spice hair

Pumpkin spice hair

ဆံနွယ်အနီရောင်လေးများကတော့ ဘယ်တော့မှ ရိုးမသွားနိုင်မယ့် အမြဲတမ်း ပေါ်ပြူလာဖြစ်နေမယ့် အရောင်ပါပဲ။ လူအများစုက သဘာဝ ကြေးနီ ရောင်ဘက်သန်းတဲ့ အရောင်များကို အများစု အကြိုက်ဆုံး ဖြစ်ပြီး ဆိုးလာကြပါတယ်။ အနီဖျော့နဲ့ အနီရင့်တို့ပေါင်းစပ်ထားတဲ့ ဒီ hair color လေးကို စမ်းအသုံးပြုကြည့်လိုက်ပါ။ ဒီနီညိုရောင် Hair Color လေးဟာ ဆွဲဆောင်မှု hair color ဖြစ်လာနိုင်ပါတယ်။

၃။ Chestnut touches

Chestnut touches

သင့်မှာ နက်မှောင်တဲ့ ဆံသားအရောင်တွေ ရှိမယ်ဆိုရင် သင့်ရဲ့ဆံသားအရောင်ကို ပိုမိုနက်ရှိုင်း တောက်ပအောင် ပြောင်းလဲချင်ကောင်း ပြောင်းလဲချင်ပါလိမ့်မယ်။ သင့်ရဲ့နက်မှောင်တဲ့ ဆံသားတွေကို Color အရောအနှောတွေနဲ့ ပြောင်းလဲမယ်ဆိုရင် တော်တော်လေးတော့ ခက်ခဲနိုင်ပါတယ်။ အရမ်းလှပသွားခြင်း ဖြစ်နိုင်သလို အရမ်းဆိုးဆိုးဝါးဝါးလည်း ဖြစ်နိုင်ပါတယ်။ မူလနဂိုဆံပင်အရောင်ထက် ခပ်ဖျော့ဖျော့လေးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် လှပတဲ့ hair color ကို ရရှိနိုင်ပါတယ်။ 

၎။ Warm caramel highlights

Warm caramel highlights

ဒီ Color လေးကတော့ အရမ်းလည်း စတိုင်ကျ၊ ပေါ်ပြူလာလည်း ဖြစ်ပြီး ခေတ်လည်းမီပါတယ်။ ဒါပေမဲ့လည်း ဒီ color လေးကို ဆံသားတစ်လျှောက်အားလုံး မဆိုးဘဲ ဆံဖျားအောက်ခြေပိုင်းမှာ ဆိုးမယ်ဆိုရင်လည်း ထူးခြားလှပစေပါတယ်။ ဒီလိုဆောင်းရာသီ အချိန်အခါမျိုးမှာ အသားအရေများဟာ ဖြူလွှလွှ ဖြစ်နေတတ်တာကြောင့် အရောင်ဖျော့ color များကို ရှောင်ရှားပြီး နက်မှောင်ပြီး အရောင်အားကောင်းတဲ့ color များကို ရွေးချယ်ပေးသင့်ပါတယ်။