သတိထား အသုံးပြုသင့်တဲ့ ချိုင်းလိမ်းဆီ (Roll-on)

yyl-022.jpg

ဒီတစ်ခါမှာတော့ ရိုးရာလေးပရိသတ်တွေကို တစ်ကိုယ်ရည်သုံးပစ္စည်းတစ်ခုဖြစ်တဲ့ ချိုင်းလိမ်းဆီ(Roll on)နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ ရှောင်ရန်၊ ဆောင်ရန်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ ရေချိုးပြီး ချက်ချင်း ချိုင်းလိမ်းဆီ(Roll-on) ကို အသုံးမပြုသင့်ဘဲ ရေစင်အောင် သုတ်ပြီးမှ အသုံးပြုသင့်ပါတယ်။ ချွေးထွက်မှုကိုလျော့ချပေးနိုင်တဲ့ ချိုင်းလိမ်းဆီ (Roll-On) တွေဟာ ခြောက်သွေ့တဲ့အရေပြားပေါ်မှာသာ အသုံးပြုဖို့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ချိုင်းမွေး ရိတ်ပြီး/နုတ်ပြီး ချက်ချင်း ချိုင်းလိမ်းဆီ(Roll-on)ကို အသုံးမပြုသင့်ပါဘူး။ အဓိကအားဖြင့် ချိုင်းလိမ်းဆီ(Roll-on)များတွင် အရက်ပျံပါဝင်မှုများစွာရှိတဲ့အတွက်ကြောင့် အမွှေးရိတ်ထားတဲ့အရေပြားကို နာကျင်မှုများဖြစ်ပေါ်စေပါတယ်။

မနေ့က အသုံးပြုထားတဲ့ ချိုင်းလိမ်းဆီအလွှာတွေကို သန့်ရှင်းရေးမလုပ်ဘဲ ထပ်မံအသုံးပြုတြာကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ခြောက်သွေ့သန့်ရှင်းတဲ့ အရေပြားပေါ်မှာပဲ အသုံးပြုသင့်ပါတယ်။ ချိုင်းလိမ်းဆီ(Roll-on)များကို အထပ်ထပ်အသုံးပြုခြင်းဟာ အကျိုးဖြစ်ထွန်းမှု လျော့နည်းစေတဲ့အပြင် အရေပြားပေါ်တွင် အညစ်အကြေး(ဂျီး)အလွှာတေါကို ဖြစ်ပေါ်စေပါတယ်။

သင်အသုံးပြုတဲ့ ချိုင်းလိမ်းဆီ(Roll-on) အမျိူးစားပေါ်မူတည်ပြီး နေ့တိုင်းအသုံးပြုဖို့ လို/မလိုကို စဉ်းစားသင့်ပါတယ်။ တချို့ချိုင်းလိမ်းဆီ(Roll-on) တေါဟာ ၄၈နာရီအထိတာရှည်ခံအောင် ဖန်တီးထားတဲ့အတွက်ကြောင့် နေ့တိုင်းအသုံးပြုဖို့မလိုအပ်ပါဘူး။ ချွေးထွက်မှုလျော့နည်းသွားပြီး စိုစွတ်မှုမရှိတော့တဲ့ ညနေခင်းရေချိုးပြီးအချိန်မှာ ချိုင်းလိမ်းဆီ(Roll-on)အသုံးပြုမယ်ဆိုရင် ကျန်အချိန်တွေမှာ အသုံးပြုခြင်းထက် အကျိုးအာနိသင် ပိုမိုရရှိနိုင်ပါတယ်။

ချိုင်းလိမ်းဆီ(Roll-on) ရွေးချယ်ရာမှာ ပစ္စည်းရဲ့ကောင်းကွက်ကို ကြည့်ရှုခြင်းထက် သဘာဝပစ္စည်းတွေပါဝင်မှုကိုလည်း အထူးဂရုပြုသင့်ပါတယ်။ သဘာဝပစ္စည်းအများစုနဲ့ ထုတ်လုပ်ထားတဲ့ ချိုင်းလိမ်းဆီ(Roll-on) တွေဟာ အသားအရေ အမျိုးမျိုးအတွက် သင့်တော်ပါတယ်။

တချို့ ချိုင်းလိမ်းဆီ(Roll-On) တွေက အဝတ်အစားကို စွန်းထင်းစေနိုင်ပါတယ်။ ဒါကြောင့် သင်အသုံးပြုနေတဲ့ ချိုင်းလိမ်းဆီ(Roll on) အမျိူးအစားပေါ်မူတည်ပြီး အဝတ်အစားအရောင်ကို ရွေးချယ်သင့်တဲ့အပြင် ချိုင်းလိမ်းဆီ(Roll-on) အသုံးပြုပြီးမှသာ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။

 

Ref: Internet

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top