ဂေါက်တီးခုံ ၂၅၀၀၀ အသုံးပြု ဖန်တီးထားတဲ့ တိုက်ဂါးဝုဒ်ပုံတူ ကားချပ်

ဂေါက်ရိုက် ဝါသနာရှင်တစ်ဦးက ဂေါက်တီခုံ ၂၅၀၀၀ ကို အသုံးပြုပြီး ဂန္ထဝင်ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်ရဲ့ပုံကို ပုံဖော်ဖန်တီးခဲ့ပါတယ်။ အသက် ၄၃ နှစ်ရှိတဲ့ အမေရိကန်နိုင်ငံသား အေရွန်နောရစ်ဟာ ဂေါက်ကွင်းမှာ ဂေါက်တီခုံအကျိုးအပဲ့ အပိုင်းအစတွေ ပြန့်ကြဲနေတာ တွေ့ရပြီးနောက် အခုလိုဖန်တီးဖို့ အကြံရခဲ့တာပါ။

သူက ဂေါက်ကွင်းမှာ တွေ့ရတဲ့ ဂေါက်တီခုံ အပိုင်းအစတွေကို လိုက်ကောက်ခဲ့ပါတယ်။ ၆ ပေ x ၆ ပေ အရွယ်အစားရှိတဲ့ တိုက်ဂါးဝုဒ်ပုံတူ ကားချပ်ကို ဖန်တီးရာမှာ အသုံးပြုခဲ့တဲ့ ဂေါက်တီခုံ ၂၅၀၀၀ အနက် တစ်ဝက်လောက်က ဂေါက်တီခုံအပိုင်းအစတွေဖြစ်ပြီး ကျန်တစ်ဝက်ကတော့ အသစ်ထပ်ဝယ်ထားတာ ဖြစ်ပါတယ်။

အေရွန်နောရစ်ဟာ လက်ဝှေ့ဂန္ထဝင် မိုဟာမက်အလီ၊ Tesla ကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်၊ NFL ကြယ်ပွင့်တွေဖြစ်တဲ့ ကယ်စီညီနောင်တို့ရဲ့ ပုံတူတွေကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ သူ ဖန်တီးထားတဲ့ တိုက်ဂါးဝုဒ်ပုံတူ ကားချပ်ကိုတော့ ပြီးခဲ့တဲ့လက ရောင်းချခဲ့ပြီး ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

Ref: Golf Lover Creates Tiger Woods Portrait—Entirely Made of 25,000 Golf Tees

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top