တင်းနစ်ဘောလုံးအရွယ် မိုးသီးတွေကြွေကျလို့ အီတလီမှာ လူ ၁၁၀ ဒဏ်ရာရ

21.7.23-yyl-1.jpg

အီတလီနိုင်ငံမြောက်ပိုင်းမှာ တင်းနစ်ဘောလုံးအရွယ်အစား မိုးသီးတွေ ကြွေကျလို့ အနည်းဆုံး လူ ၁၁၀ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ညဉ့်နက်ပိုင်းက ဗီနီတိုမြို့ လမ်းတွေပေါ်မှာ အချင်း ၁၀ စင်တီမီတာအရွယ်အစားရှိတဲ့ မိုးသီးတွေ ကြွေကျခဲ့တာပါ။

အဆောက်အအုံ ပျက်စီးမှုနဲ့ လူထိခိုက်ဒဏ်ရာရမှုတွေကြောင့် အရေးပေါ်အဖွဲ့ထံဖုန်းဆက်အကူအညီ တောင်းခံမှု ၅၀၀ ကျော် ရှိခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်နေချိန်မှာ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး ကားတိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။ စက်ဘီးစီးထွက်လာတဲ့ သူ့နောက်ကို ဇနီးဖြစ်သူနဲ့ ကားနဲ့လိုက်လာရင်း မုန်တိုင်းထဲမှာ ခင်ပွန်းကို ကားနဲ့ တိုက်မိခဲ့တာပါ။

Ref: Tennis ball-sized hail pounds Italy injuring more than 100 people

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top