ပွဲစားခ တစ်သန်းကျော်မပေးလို့တရားစွဲဆိုခံရတဲ့ Taylor Swift

တေလာဆွစ် နှင့် Manhattanပြည်နယ်က အိမ်ခြံမြေပွဲစားကြားမှာ တင်းမာမှုလေးတွေဖြစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့သူမက Tribeca အိမ်ယာ ကဝယ်ယူထားတဲ့ အခန်းတွဲအိမ် အတွက် ဒေါ်လာ ၁ သန်းကျော် ပွဲခပေးဖို့ ငြင်းဆိုခဲ့တာကြောင့်လို့ထွက်ဆိုထားပါတယ်။

 

Mahhattan ပြည်နယ် တရားမထုံး စီရင်မှုသတင်းအရ အမေရိကန် အိမ်ခြံမြေ ကုမ္ပဏီ ဖြစ်တဲ့ Douglas Elliman မှ ဝန်ထမ်းတစ်ဦးက ၁၅၃ ၊ Franklin လမ်းမှာရှိတဲ့အခန်းတွဲအိမ်ကိုသူမကိုပြသပေးခဲ့ပါတယ်။ အခုပြတဲ့အိမ်နဲ့ကပ်ရက် ၁၅၅ Franklin လမ်း က တိုက်ခန်းတွဲ ၂ တွဲကို ၂၀၁၄ခုနှစ်တုန်းကသူမဝယ်ယူခဲ့ပါသေးတယ်။”လို့အဆိုတင်သွင်းခဲ့ပါတယ်။

အခုအသစ်ဝယ်လိုက်တဲ့အိမ်က သူမအတွက် ပါပါရာဇီတွေရန်က ရှောင်ရှားလို့ရမယ့် အကောင်းဆုံးအိမ်ပါ။ အရင်တိုက်ခန်းမှာ ဒီလိုမျိုးကားဂိုဒေါင် မရှိတဲ့အတွက်လမ်းမမှာပဲကားရပ်ထားရပါတယ်။
ပွဲစားက တေလာဆွစ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ် နိုင်ငံရေးသမားဖြစ်သူ Dominique Strauss-Kahn လိင်ပိုင်းဆိုင်ရာစော်ကားမှု နဲ့တရားစွဲဆိုခံရစဉ်အချိန်က နေထိုင်ခဲ့တဲ့ ၂၇ ပေအကျယ်ရှိ အခန်းတွဲအိမ်ကိုလည်းပြသခဲ့ပါတယ်။အသေးစိပ်ဆွဲထားတဲ့ တိုက်ခန်းပုံစံကိုလည်းသူမကိုပြသခဲ့ပါတယ်။

ဒါပေမယ့် တေလာဆွစ်ရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲပေးနေတဲ့ ကုမ္ပဏီက အောက်တိုဘာလကုန်မှာ Douglas Elliman ကုမ္ပဏီကို မျှတမှုမရှိစွာနဲ့ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ ပါဝင်ပတ်သက်ခွင့်မပေးခဲ့ပါဘူး။ Douglas Elliman ကုမ္ပဏီကလည်း ရောင်းခရဲ့ ၆ ရာခိုင်နှုန်းနှင့် ညီမျှတဲ့ ပွဲခကိုရဖို့တရားစွဲဆိုခဲ့ပါတယ်။ ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီး မေးမြန်းလာမှုတွေအပေါ် တေလာဆွစ်ရဲ့ ကိုယ်စားလှယ်တွေက ချက်ချင်းဖြေကြားခြင်း မပြုခဲ့ကြပါဘူး။

Ref: Taylor Swift sued by real estate company over $1M commission
May Moe (ရိုးရာလေး)