Walmart ကနေ အရုပ်တွေဝယ်ပြီး Amazon မှာပြန်လည်ရောင်းချရင်း သန်းပေါင်းများစွာ ရှာဖွေခဲ့တဲ့ အသက် (၂၈) နှစ်အရွယ်အမျိုးသား

မင်နဲယာ ပိုလစ် (Minneapolis) မြို့မှာနေထိုင်တဲ့ ရိုင်ယန် ဂရန့် (Ryan Grant) ဆိုတဲ့ အသက် (၂၈) အရွယ်အမျိုးသားဟာ ၎င်းရဲ့စာရင်းကိုင်လုပ်ငန်းကနေ အနားယူကာ Target နဲ့ Walmet စူပါးမားကတ်တွေက အရုပ်တွေကိုဝယ်ယူပြီး Amazon မှာ ပြန်လည်ရောင်းချခဲ့ပါတယ်။

သူ့ရဲ့ စာရင်းကိုင်အလုပ်ကို လွန်ခဲ့တဲ့ (၄) နှစ်ထဲက စွန့်လွှတ်ခဲ့တာဖြစ်ပြီး အခုလက်ရှိအလုပ်ကတော့ သူ့အတွက် တစ်နှစ်ကို အသားတင်အမြတ် ဂဏန်း (၆) လုံးလောက်အထိတောင် ရရှိနိုင်ပါတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့ ရိုင်ယန် က သူရဲ့စီးပွားရေးလုပ်ငန်းဟာ ယခုနှစ်မှာ ဒေါ်လာ (၈) မီလီယံကျော်တောင် ရောင်းချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂရန့် အနေနဲ့ဝင်ငွေ ဒေါ်လာ (၁၅၀,၀၀၀) ကို ပုံမှန် အိမ်သယ်လာနိုင်ပေမဲ့ အခုအခါမှာတော့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို တစ်ဖန်ရင်းနှီးမြှပ်နှံမှု ပြူလုပ်ဖို့အတွက် ဒေါ်လာ (၆၀,၀၀၀) လောက်ကိုပဲ အိမ်သယ်လာခဲ့ပါတော့တယ်။

လက်ရှိမှာတော့ ၎င်းဟာ စီးပွားရေးတန်းတွေမှာ စာသင်ကြားပေးနေပြီး အတိုင်ပင်ခံအနေနဲ့ပါ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ CNBT က အင်တာဗျူးတစ်ခုမှာတော့ ရိုင်ယန်က "ကျွန်တော်စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်နေရတာမဟုတ်ဘူးဆိုတာ စောစောစီးစီးသိသွားရတာ တကယ်ကံကောင်းပါတယ်။ ကျွန်တော့်ကို ဒီအတွေ့အကြုံကပဲ တခြားရွေးချယ်စရာတွေ ရှာဖွေဖို့ဖြစ်လာစေပြီး အလုပ်ကနေ ထွက်ပြီးတဲ့နောက် ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်အစီအစဉ်တွေရေးဆွဲရင်း နည်းလမ်းသစ်တွေ စူးစမ်းရှာဖွေခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ ပထမပိုင်းမှာ ဖတ်စာအုပ်တွေကို သိုလှောင်ထားပြီးမှ တစ်နိုင်ငံလုံးဆီ ပြန်လည်တင်ပို့ရောင်းချတဲ့အလုပ်ကို လုပ်ခဲ့တာဖြစ်ပြီး တစ်နှစ်ကို အမြတ်ငွေ ဒေါ်လာ (၁၀,၀၀၀) ကျော်ပုံမှန် ရရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Amazon ရဲ့ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုဖြစ်တဲ့ UPS rate ကိုအသုံးပြုပြီး သိုလှောင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

 

Ref: providr "A 28 years old is making millions by buying toys from Walmart and selling them on Amazon"

Po Mo Htoo Aung (ရိုးရာလေး)