လက်ဟန် အနေအထားဆက် သွယ် မှုစနစ် (Sign Language) တတ်တဲ့ ဂေါ်ရီလာ မျောက်ဝံမကြီး အသက် ၄၆ နှစ် အရွယ်တွင် သေဆုံး

ဒီကမ္ဘာကျော် မျောက်ဝံမကြီးရဲ့နာမည်က ကိုကို(Ko Ko) လို့ ခေါ်ပါတယ် ။ ၁၉၇၁ ခုနှစ်မှာ ဆန် ဖရန် ဆစ်စကိုတိရ စ္ဆာန် ဥယျာဉ် မှာ မွေးဖွားခဲ့တာဖြစ် ပါတယ် ။

ကိုကိုသေဆုံးချိန်မှာ အသက် ၄၆ နှစ် ရှိခဲ့ပါပြီ။ အင်္ဂါနေ့က ကယ်လီဖိုးနီးယားက ဝုဒ်စိုက် (Woodside)မြို့မှာပဲ သေဆုံးသွားခဲ့ပါတယ် ။

တိရစ္ဆာန် စိတ် ပညာရှင် ဖရန် ဆင်းပက် တာဆန် (Francine Patterson) တည် ထောင် ထားတဲ့ မျောက် ဝံ ဖောင် ဒေးရှင်း (The Gorilla Foundation) က နေ ကိုကိုရဲ့ သေဆုံးမှုကို အတည် ပြု ကြေငြာ ပေးခဲ့တာပဲဖြစ် ပါတယ်။

ကိုကိုဟာ ထူးထူးခြားခြားပဲ စကားလုံး ဝေါဟာရ ၁၀၀၀ လောက် ကို လက် ဟန် အ နေအထားဆက် သွယ် မှုစနစ် (Sign Language) ကိုသုံးပြီး လူ တွေဆီ ဆက်သွယ် ပြောဆိုနိုင် ပါတယ် ။ အင်္ဂလိပ် လိုစကား ပြော စကားလုံး၂၀၀၀ ထောင် လောက် ကို နားလည် နိုင် စွမ်းရှိတာ ကြောင့်  လူချစ် လူခင် များလှတဲ့ မျောက် ဝံမကြီးပါ။

ကိုကို့ဆီကို မင်းသားကြီး ရော် ဘင် ဝီလျံ(Robbie William) နဲ့ ရက်ဒ်ေ ဟာ့ချီလီပက် ပါ (Red Hot Chilli Peppers) တီးဝိုင်းက ဘေ့စ် ဂစ် တာသမား ဖလီး(Flea) တို့ လာလည် ခဲ့ဖူးပါတယ် ။ ဖလီးက သူ့ ရဲ့ ဘေ့စ် ဂစ် တာကို ကိုကို့ကို ပေးတီး တဲ့အခါ ဒီအ ကြောင်း တွေကို ကိုကိုက သူ့သူငယ် ချင်း တွေဆီမှာ ကြွားလို့မဆုံးနိုင် အောင် ပါပဲ။

မွေးမိခင် မျောက် ဝံမကြီးရဲ့အဖျားပိုး ကူးစက် သေဆုံးမှာစိုးလို့ ကိုကို (Ko Ko) ဟာ ငယ် ငယ် လေးကတည်းက မိခင် နဲ့တစ် ကွဲစီ ရှင် သန် ကြီးပြင်းလာခဲ့ရတာဖြစ် ပါတယ် ။

Ref: dailymail.co.uk "World-famous gorilla Koko, who could communicate using 2,000 words of sign language, dies aged 46 in California"

AI (ရိုးရာ လေး)