ကမ္ဘာ့ အသက်အကြီးဆုံး Ironman အမျိုးသမီး

ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ ၁၉၃၀ ခုနှစ်ဖွားဖြစ်ပြီး ကမ္ဘာ့ အသက်အကြီးဆုံး Ironman  (သံမဏိလူသား)  အားကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။

သူမဟာ ခရစ်ယာန်ကျောင်းတော်က သီလရှင် ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။ သူမအမည်ကတော့ မက်ဒေါနားဘူဒါး ( Madonna Buder ) ဖြစ်ပြီး အမေရိကန်နိုင်ငံသူ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ်မှာ Ironman ကို စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယနေ့အထိ ပွဲပေါင်း ၄၅ ခုထက်မနည်းကို ဝင်ရောက်ယှဉ်ပြိုင်ထားပြီး ဖြစ်ပါတယ်။ သူမ ယှဉ်ပြိုင်တဲ့ Ironman ပြိုင်ပွဲမှာ ရေကူးခြင်း၊ စက်ဘီးစီးခြင်း နဲ့ ပြေးခြင်း တို့ ပါဝင်ပြီး စုစုပေါင်း ခရီးအကွာအဝေးက မိုင်ပေါင်း ၇၀ ကျော်ပါတယ်။ သတ်မှတ်ပေးချိန် ၁၇ နာရီရှိပြီး ယင်း ၁၇ နာရီအတွင်းမှာ အပြီးလုပ်ရတဲ့ အားကစား ဖြစ်ပါတယ်။ သူမရဲ့ အားကစား သက်တမ်း တစ်လျှောက်မှာ သက်မှတ် ၁၇ နာရီထဲ မဝင်တာ ၂ ကြိမ်၊ ၃ ကြိမ်သာ ရှိဖူးပြီး များသောအားဖြင့် ၁၅ နာရီ၊ ၁၆ နာရီ အတွင်း ပန်းဝင် ပါတယ်။

အသက် ၇၅ နှစ်ကစလို့ ကမ္ဘာ့အသက်အကြီးဆုံး Ironman (သံမဏိလူသား) အားကစား သမားအဖြစ် စံချိန်တင်ပြီး နောက်ဆုံး စံချိန်ကတော့ အသက် ၈၂ နှစ် အရွယ်မှာ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့အထိလည်း ဆက်လက် လေ့ကျင့်ဆဲ ဖြစ်ပြီး ကျန်းကျန်းမာမာရှိနေဆဲ ဖြစ်ပါတယ်။

သူမကို သူမရဲ့ မိတ်ဆွေက ယင်းအားကစားလုပ်ရန် တိုက်တွန်းခဲ့ပြီး Mind, Body, Spirit ဆိုတဲ့ အချက်သုံးချက်အတွက် ယင်း အားကစားကို ရွေးချယ်ခဲ့ကြောင်း ဆိုပါတယ်။ အသက်ကြီးပေမယ့် စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး စိတ်ဓာတ် ကြံ့ခိုင်စေကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ အားကစားဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပဲ အချိန်မရွေးလုပ်နိုင်ကြောင်း သူမဟာ သက်သေပြခဲ့ ပါတယ်။

Ref : Trendspotters; "Meet Sister Madonna Buder, a true inspiration to youth!"

 

- ဇီးကွက် (ရိုးရာလေး)