နိုင်ငံ ၆၀ကျော်ကို တစ်ကိုယ်တော် စက်ဘီးစီးပြီး ဖြတ်ကျော်ခဲ့တဲ့ ကိုရီးယားအမျိုးသမီးငယ်

တောင်ကိုရီးယား အမျိုးသမီးငယ်တစ်ဦးဟာ ၂၀၁၁ ခုနှစ်မှာ ဆန်ဖရန်စ္စကိုမြို့ကစပြီး တစ်ကိုယ်တော် စက်ဘီးစီးပြီး နိုင်ငံတွေကို ဖြတ်ကျော်ခဲ့လာတာဆိုရင် ခုဆို နိုင်ငံပေါင်းက ၆၆ နိုင်ငံတောင် ရှိသွားပါပြီ။

သူမ ဖြတ်လာခဲ့တဲ့ မြောက်အမေရိကတိုက်၊ အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ နဲ့ အခုဆိုရင် အာရှကိုပါ ရောက်နေပြီ ဖြစ်ပါတယ်။ ငါးနှစ်တာကာလမှာ အိမ်မပြန်ချင်အောင်ပဲ သူမကို ဆွဲဆောင်စေတဲ့အချက်က ဘာများဖြစ်မလဲ။ ဆက်ဖတ်ကြည့်ရအောင်။

သူမဟာ Astronomy လို့ခေါ်တဲ့ ကောင်းကင်က နေ၊လ၊ကြယ်တွေ၊ နဂါးငွေ့တန်း တို့ကို လေ့လာရတာကို နှစ်သက်တဲ့သူဖြစ်ပါတယ်။ အာကာသထဲကို လိုက်ပါချင်တဲ့ သူမရဲ့ အိမ်မက်တွေဖြစ်မလာသေးခင်မှာ ကမ္ဘာအနှံကို ခြေချပြီး လေ့လာချင်တဲ့စိတ်ကြောင့် ဒီလို စွန့်စားရတဲ့ ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။

ဒီလို တစ်ယောက်တည်း စွန့်စားပြီး ခရီးထွက်ရတာဟာ လွယ်လွယ်ကူကူတော့မဟုတ်ပါဘူး။ နှင်းတော၊ သဲကန္တာရ၊ မိုးထဲလေထဲမှာ ဖြတ်ကျော်ရပါတယ်။ ဒီခရီးစဉ်မှာ သူမဟာ မတော်တဆမှု ၅ ကြိမ် ဖြစ်ခဲ့ပြီး အသေးစား မတော်တဆမှုကတော့ မရေမတွက်နိုင်အောင်ပါပဲ။

စက်ဘီးစီးနေတဲ့ သူမရဲ့တင်ပါးကို အမျိုးသားအချို့က လှမ်းပြီး ကိုင်တာမျိုးလို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တဲ့အထိ ခံစားခဲ့ရပါတယ်။ ခက်ခဲကြမ်းတမ်း စိတ်ညစ်ရတဲ့ အခြေအနေတွေကြုံခဲ့တာတောင် စိတ်မပျက်ဘဲ သူမဟာ ခုရောက်နေတဲ့ လာအိုနိုင်ငံကနေ ထိုင်းနိုင်ငံကို ထပ်မံဖြတ်ကျော်သွားမှာဖြစ်ပါတယ်။

သူမရဲ့ ဗီဒီယိုကို ဒီမှာ ကြည့်နိုင်ပါတယ်။



ရိုးရာလေးရဲ့ ပရိတ်သတ်တွေရော ဒီဗီဒီယိုကို ကြည့်ပြီး ဘဝမှာ စွန့်စားရတဲ့ ခရီးစဉ်မျိုး သွားချင်စိတ်ဖြစ်မိပါသလား။