ကမ္ဘာ့ပေါ်မှာဈေးအကြီးဆုံးဖြစ်နေတဲ့ လန်ဒန်မြိုတော်ရဲ့ လမ်းပန်းဆက်သွယ်ရေး

ဗြိတိန်နိုင်ငံရဲ့ မြို့တော် လန်ဒန်မှာ Public Transportation လို့ခေါ်တဲ့ လမ်းပန်းဆက်သွယ်ရေးမှာ အသုံးပြုရတဲ့ငွေနှုန်းထားက ကမ္ဘာပေါ်က အခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် ဈေးအကြီးဆုံးဖြစ်နေပါပြီ။

Deutsche ဘဏ်ရဲ့ အစီရင်ခံစာအရ တစ်လအတွင်း ခရီးသွားကတ်တွေသုံးပြီး လူတစ်ယောက်ချင်းစီ သွားလာရာမှာ အသုံးပြုတဲ့ငွေက ပေါင် ၁၃၅ လောက်ရှိနေတာဖြစ်ပါတယ်။ ဒါက မြန်မာငွေနဲ့ဆိုရင် တစ်လကို ကား၊ရထားစီးပြီး သွားလာခ တစ်ခုတည်းနဲ့ နှစ်သိန်းကျော်လောက်ကုန်တာပါ။



အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်ကတော့ တစ်လချင်းစီအတွက် ကုန်ကျစရိတ်က မြန်မာငွေ တစ်သိန်းခွဲနဲ့ စတုတ္ထနေရာမှာ လိုက်နေပြီး ဂျပန်နိုင်ငံ တိုကျိုမြို့က ပဉ္စမ နေရာမှာ ရှိနေတာပါ။

ဒါပေမယ့် တက္ကဆီခနှုန်းထားတွေကျတော့ လန်ဒန်မှာ သက်သာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တက္ကဆီခဈေးနှုန်းအမြင့်ဆုံး နိုင်ငံကတော့ Zurich ဖြစ်နေပါတယ်။

စိတ်မပူပါနဲ့။ မြန်မာနိုင်ငံကတော့ ဒီစာရင်းထဲမှာ ပါမလာသေးပါဘူး။

Ref : BBC news;London's monthly travel cost 'most expensive in world'