တော်ဝင်မိသားစုများ ကျန်းမာကြံ့ခိုင်အောင် နေထိုင်နည်းလမ်းများ

ဘုရင်မကြီးအယ်လီဇဘတ်ဟာ ကျန်းမာနေအောင် ဘာတွေလုပ်သလဲ?

ကိန်းဘရစ်ခ်ျမြို့စားကတော်ဟာ ဘယ်လိုကြောင့် ခန္ဓာကိုယ်ပုံသဏ္ဍာန်အနေအထား လှပနေရသလဲ?

အသက်ရှည်ရှည် ပိုပြီးကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မယ့် တော်ဝင်မိသားစုဝင်များရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုများကို တိုက်ထုတ်ခြင်း တော်ဝင်မိသားစုတွေမှာ ကြုံရတဲ့ ပြဿနာမျိုး ကျွန်တော်တို့တွေမှာတော့ မကြုံရနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဟာ လူသားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ စိတ်ဖိစီးမှုတွေကို ရှောင်လို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီစိတ်ဖိစီးမှုတွေကို ကျွန်တော်တို့ တိုက်ထုတ်နိုင်တဲ့ အရာတွေရှိပါတယ်။ ကိန်းဘရစ်ခ်ျမြို့စားကတော်ကတော့ သူမရဲ့စိတ်တွေ တည်ငြိမ်စေဖို့ ရိုးဂကျင့်ပါတယ်။ သူမနဲ့ မင်းသားဝီလီယမ်တို့ဟာ စိတ်ဖိစီးမှုကို လျှော့ချပေးရာမှာ အထောက်အကူပေးနိုင်တဲ့ အကောင်းဆုံး လှုပ်ရှားဆောင်ရွက်မှုဖြစ်တဲ့ ပြေးခြင်းကို နှစ်သက်ကြပါတယ်။

1

၂။ အချိန်ဇယားထဲမှာ နေ့လယ်ခင်း လက်ဖက်ရည်သောက်ချိန် ထည့်သွင်းပါ။ ၁၈၄ဝ ခုနှစ်များကတည်းက UK မှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ နေ့စဉ် ရိုးရာအစဉ်အလာ လက်ဖက်ရည် သောက်သုံးခြင်း ဓလေ့ထုံးစံကို ဘုရင်မကြီးက နှစ်ခြိုက်ပါတယ်။ ဘုရင်မကြီးက ဧပြီလမှာ သူမရဲ့ ၉၁နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့ချိန်မှာ သူမဟာ ကျန်းမာဆဲ လှပဆဲပဲ ဖြစ်ပါတယ်။ လက်ဖက်ရည် အထူးသဖြင့် Green tea မှာ antioxidants နဲ့ polyphenols များစွာ ပါဝင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။ ဒီပါဝင်ပစ္စည်းတွေက နှလုံးနဲ့ သွေးကြောရောဂါ၊ အရိုးပွရောဂါနဲ့ ကင်ဆာရောဂါကိုတောင် ကာကွယ်တားဆီးနိုင်ပါတယ်။

2

၃။ ငါးစားပါ။ ဘုရင်မကြီးက တစ်နေ့မှာ ထမင်းသုံးနပ် များများမစားဘဲ ငါးများ မကြာခဏ ပါဝင်တတ်တဲ့ နည်းနည်းနဲ့ လေးကြိမ် စားသောက်ပါတယ်။ တစ်ကြိမ်မှာ အနည်းငယ် စားသောက်ခြင်းဟာ ဇီဝကမ္မဗေဒကို ထိန်းသိမ်းပေးပြီး ဆာလောင်မှုကို ထိန်းချုပ်နိုင်စေပါတယ်။ ဘုရင်မကြီး ရွေးချယ်တဲ့ ငါးကတော့ ဆော်လမွန်ငါးဖြစ်ပါတယ်။ ဒီငါးမှာ ဦးနှောက်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ကူညီရာမှာ အထောက်အကူ ဖြစ်စေတဲ့ Omega-3 fatty acids များ မြင့်မားပြီး အသက်အရွယ် အိုမင်းခြင်းကိုလည်း လျော့ကျစေပါတယ်။ ငါးကို အနည်းဆုံး တစ်ပတ်မှာ နှစ်ကြိမ် စားသုံးပေးပါ။

၎။ ဖျတ်လတ်တက်ကြွမှုရှိပါ။ အားကစားလုပ်ဖို့ အချိန်မရှိဘူးဆိုရင် တော်ဝင်မိသားစုများ လုပ်ဆောင်သလို လမ်းများများလျှောက်ပေးပါ။ ခန္ဓာကိုယ်အလေးချိန် ကျတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုအဖြစ် လူသိများတဲ့ သွက်လက်ဖျတ်လတ်စွာ လမ်းလျှောက်ရခြင်းကို တော်ဝင်မိသားစုများ နှစ်ခြိုက်ကြပါတယ်။ ဒါ့အပြင် တစ်ပတ်မှာ ၃ကြိမ် မိနစ်၃ဝခန့် လမ်းလျှောက်ခြင်းက ကယ်လိုရီ ၉ဝ-၂ဝဝ ကို လောင်ကျွမ်းဖို့ အထောက်အကူ ဖြစ်စေပြီး နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ အားကစား ရွေးချယ်မှုများ အတွက်အနေနဲ့ကတော့ Kate Middleton က တင်းနစ်နဲ့ ရွက်လှေစီးရတာကို နှစ်သက်ပြီး မင်းသားဝီလီယမ်ကတော့ ခရစ်ကက်အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ မင်းသားဟာရီက ရစ်ဘီဘောလုံးကစားရတာကို စိတ်ထက်သန်ပါတယ်။ တော်ဝင်မိသားစုဝင်တွေဆီက ရရှိတဲ့ ဒီကျန်းမာရေးဆိုင်ရာ အကြံပြုချက်လေးတွေကို မိမိတို့ရဲ့ ဘဝမှာ ထည့်သွင်းဆောင်ရွက်မယ်ဆိုရင်တော့ အသက်ရှည်ရှည် ပိုပြီးကျန်းကျန်းမာမာနဲ့နေထိုင်နိုင်မယ့် အခွင့်အလမ်းတွေကို တိုးတက်လာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

4

Ref : Knowledge : 4 Habits That Help The Royal Family Stay Fit And Healthy
Htet Htet Tin Zar (ရိုးရာလေး)