မအောင်မြင်သေးတာ ဘာကြောင့်လဲ

ဘာပဲ လုပ်လုပ် စိတ်တိုင်းမကျသလို ဖြစ်ဖူးလား၊ ကိုယ့်ထက် အောင်မြင်နေတဲ့ သူတွေကို ကြည်ပြီး ကိုယ်က “သူတို့လို ဘယ်တော့မှ ဖြစ်လာမှာလဲ” လို့ တွေးဖူးလား။


ဒါကတော့ “ ဘာကြောင့် မအောင်မြင်ရသေးတာလဲ “ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ မအောင်မြင်တဲ့သူတွေမှာ ရှိတတ်တဲ့ အချက် (၅) ချက်က ဘာ တွေလဲဆိုတော့


၁) အောင်မြင်မှုဆိုတာ ဘယ်လို ဖြစ်ရမယ် သေချာ မစဉ်းစားထားတာ
မအောင်မြင်တဲ့ သူတွေဟာ တခြားသူတွေကိုသာ ကြည့်ပြီး သူတို့လို ဖြစ်ရင် ကောင်းမယ် တွေးကြတာ။ တကယ်တမ်းမှာ “သူတို့က သူတို့ ၊ ကိုယ်က ကိုယ် “ ဆိုတဲ့ အချက်ကို မေ့နေကြတာပါ။ ကိုယ့်အတွက် ပို အဆင်ပြေမယ့် လမ်းကြောင်း မဖန်တီးကြည့်ဘဲ အားကျတဲ့ နေရာမှာတင် လမ်းဆုံးနေရင် အဆင်မပြေပါဘူး။


၂) ကိုယ် ဘာလုပ်ချင်လို့ လုပ်ချင်မှန်း မသိတာ
“ သူများယောင်၍ လိုက်ယောင်ရသည်၊ အမောင် တောင်မှန်းမြောက်မှန်း မသိ” ဆိုတဲ့ စကားပုံ ရှိပါတယ်။ ကိုယ့်ကိုယ်ကို ဘာ ဝါသနာပါမှန်း ၊ ဘာလုပ်ချင်လို့ ဘာဖြစ်ချင်မှန်း အစောကတည်းက ရေရေရာရာ မသိထားရင်တော့ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။


၃) ပျင်းတာ
စိတ်မပါသေးလို့ ၊ အချိန်မသင့်သေးလို့ ၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ စသည်ဖြင့် ဆင်ခြေအမျိုးမျိုးပေးပြီး ပျင်းရိနေတတ်သူတွေ ရှိပါတယ်။ ရှင်းပါတယ်။ ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။


၎) ပတ်ဝန်းကျင် မကောင်းတာ
ကိုယ့်ရဲ့ အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်တွေက ကိုယ့်ကို ဖန်တီးပါတယ်။ ကိုယ်မှားနေရင် အမုန်းခံပြောပေးမယ့် သူငယ်ချင်းတွေ ကိုယ့်အနားမှာ ရှိနေလား၊ အချိန်မဖြုန်းဘဲ ဘဝတိုးတက်ရေးအတွက် အတူကြိုးစားဖို့ အားပေးနေမယ့် မိတ်ဆွေတွေ ရှိလား စဉ်းစားပါ။ မရှိဘူးဆိုရင် ကိုယ်ကိုယ်တိုင် ဖန်တီးပစ်ပါ။


၅) အကောင်းမြင်စိတ် မရှိတာ
အစစ အရာရာ အဆိုးမြင်ပြီး မယှဉ်ပြိုင်ရဲ မကြိုးစားရဲရင်တော့ နေရာတကာမှာ အောက်ကျနောက်ကျဖြစ်နေမှာပါ။ အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။

 

Ref: Success; "5 Reasons You Aren’t Successful"


ကျော်သန့် (ရိုးရာလေး)