Public Speaker ကောင်းတစ်ယောက် ဖြစ်လာစေရန်။

လုပ်ငန်းခွင်တစ်ခုဝင်ရင်တော့ Presentations တွေ လုပ်ရမှာကတော့ မလွဲဧကန်ပါပဲ။ တချို့ တွေက အဲ့လိုတွေလုပ်ဖို့ ကြောက်ရွံ့ ကြတယ်၊စိတ်လှုပ်ရှားကြတယ်။ အဲဒီလိုတွေမဖြစ်စေဖို့ နည်းလမ်းကောင်းလေးတွေကို အခုမျှဝေပေးမှာဖြစ်ပါတယ်။

၁။မာတိကာများထက် အယူအဆများကို မှတ်ပါ။

ကိုယ်ပြင်ဆင်ထားတဲ့ စာရွက်မှာပါတာကို တစ်လုံးမကျန်မှတ်မည့်အစား အကြောင်းအရာ၏ အဓိကအချက်များကို မှတ်ပါ။ ပြောရမည့်အချက်များကို list လုပ်ထားပါ။ 

 

၂။ Presentation မစခင် နားထောင်သူတွေနဲ့ ရင်းနှီးမှုယူပါ။

ကိုယ်က မပြောခင် ရင်းနှီးမှုကြိုယူထားတော့ ပြောတဲ့အချိန်မှာ စိမ်းစိမ်းကြီးဖြစ်မနေတော့ဘူးပေါ့။

 

၃။ Powerpoint Slides တွေမှာ စာတွေအများကြီးထည့်တာထက် စာတိုများ (သို့) ပုံများထည့်ပါ။

Powerpoint Slides များမှာ စာတွေအများကြီးထည့်ရင် နားထောင်သူတွေလည်းပျင်းသွားမှာဖြစ်ပါတယ်။

 

၎။ နားထောင်သူတွေရဲ့ မျက်လုံးကို ကြည့်ပါ။

တချို့ တွေက Powerpoint Slides တွေကိုဖြစ်ဖြစ် Notes စာရွက်တွေကိုပဲဖြစ်ဖြစ် ကြည့်နေတတ်ကြတယ်။ အဲ့ဒီ့အစား နားထောင်သူတွေနဲ့ Eye Contact ရှိပါ။

 

၅။ တကယ်ပြောရမည့်ရက်မတိုင်ခင် ကြိုလေ့ကျင့်ထားပါ။

ဘယ်သူမဆို လက်တမ်းပြောဖို့အတွက်ဆို အနည်းနဲ့အများတော့ အခက်အခဲကြုံကြတာပါပဲ။ ဒါ့ကြောင့် ကြိုလေ့ကျင့်သွားပါ။

 

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင်ဟာ Public Speaker ကောင်းတစ်ယောက်ဖြစ်လာနိုင်မယ်ဆိုတာ သေချာနေပါပြီ။