Category: Knowledge

နောက်စေ့မှာ မျက်စိရှိနေကြာင်း ဂျပန်သုတေသနပညာရှင်တွေ သက်သေပြ

“Eyes in the back of the head” (နောက်စေ့မှာမျက်စိပါသည်။) ဆိုတဲ့ အဓိပ္ပာယ်ကို “သင်၏ အနီးနားတွင် ဖြစ်ပျက်သောအရာအားလုံးကို သိမြင်သည်” လို့ ကိန်းဘရစ်ခ်ျအဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဒီအီဒီယမ် ဖြစ်ပေါ်လာရတဲ့သမိုင်းကြောင်းနဲ့ အရင်းအမြစ်တွေကိုတော့ မသိရှိရပေမဲ့ ဂျပန်နိုင်ငံက လေ့လာချက်အသစ်တစ်ခုအရ နောက်စေ့မှာ မျက်စိပါတယ်ဆိုတဲ့ စကားရပ်က မျိုးဆက်တစ်ဆက်က တစ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဓလေ့သုံးစကားတစ်ခုထက် ပိုတဲ့ ရှုမြင်တွေးခေါ်မှုဖြစ်ကြောင်း ဆိုပါတယ်။

ဂျပန်နိုင်ငံရှိ တိုဟိုခုတက္ကသိုလ် (Tohoku University) က ပါမောက္ခ ဆာတိုရှိ ရှိအိုအိရိ (Satoshi Shioiri) ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ “ကြည့်ရှုသူ ဝန်းကျင်များ၏ ကွာဟမှု ပုံစံများ” ခေါင်းစဉ်ရှိတဲ့ လေ့လာမှုတစ်ခုကို ရေးသားခဲ့ကြပါတယ်။

လေ့လာသူ ၂၆ဦး ပါဝင်တဲ့ အုပ်စု (က)နှင့် ၂၉ဦး ပါဝင်တဲ့ အုပ်စု (ခ) တို့နဲ့ စမ်းသပ်ချက်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ပါဝင်သူတွေအားလုံးက တိုဟိုခုတက္ကသိုလ်က ကျောင်းသားတွေဖြစ်ပြီး ဒီလေ့လာချက်ရဲ့ ရည်ရွယ်ချက်ကို မသိရှိထားသူတွေ ဖြစ်ပါတယ်။

ကွန်ပျူတာဖန်သားပြင် ၆ခုရဲ့ အလယ်ဗဟိုမှာ သူတို့ကို ရပ်စေပါတယ်။ ဖန်သားပြင် ၆ခုပါဝင်တဲ့ မျက်နှာပြင်ဟာ သူတို့ရဲ့ ပတ်ပတ်လည် ၃၆ဝဒီဂရီမှာ ရှိနေပါတယ်။ ဖန်သားပြင်တစ်ခုစီပေါ် တစ်ချိန်တည်းမှာပဲ စာလုံး ၆လုံးစီ ပေါ်လာပါတယ်။ လေ့လာခံသူတွေကို ပစ်မှတ်ထားမယ့်စာလုံးတစ်ခု မေးမြန်းခဲ့ပါတယ်။ ဖန်သားပြင် ၆ခုအကြားမှာ ပစ်မှတ်စာလုံးနဲ့ အာရုံအပြောင်းအလဲတွေကို အလျဉ်းသင့်သလို ဖော်ပြပေးပါတယ်။ စာလုံးကို ရှာဖွေမှုကြာချိန်ကိုလည်း မှတ်တမ်းယူထားပါတယ်။

လေ့လာခံသူတွေက ပစ်မှတ်စာလုံး တည်နေရာကို တိကျသေချာစွာ မသိရှိဘဲ ပိုပြီးလျင်မြန်စွာ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါအပြင် ပုံစံတူ အကွာအဝေးအပြင်အဆင်တွေကို ပြုလုပ်ပြီးနောက်မှာ ပစ်မှတ်ထားထားတဲ့ စာလုံးကို နောက်ဘက်မှာ ထားရှိလိုက်တာတောင် ပစ်မှတ်ကို အမြန် ရှာဖွေနိုင်တာကို တွေ့ခဲ့ရပါတယ်။

ဒီလိုပြသမှုဟာ ပထမဆုံးအကြိမ်အဖြစ် အမြင်အာရုံစွမ်းဆောင်မှု မြင်ကွင်းနယ်ပယ်က အကန့်အသတ်မရှိနေကြောင်းကို ပြသလိုက်တာဖြစ်ပါတယ်။ တကယ်တော့ မြင်ကွင်းစွမ်းဆောင်ရည်ဟာ များစွာ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုဆီအထိ ရောက်နိုင်ပါတယ်။

ဒီလေ့လာချက်ရဲ့ ရလဒ်တွေကတော့ လူတွေရဲ့ဦးနှောက်တွေဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပုံစံတွေကို ဖန်တီးနိုင်စွမ်း ရှိကြပြီး အမှန်တကယ် နောက်ကို လှည့်မကြည့်ဘဲနဲ့ နောက်ကို ခန့်မှန်းသိရှိဖို့ လူတွေက ဒီပုံစံတွေကို အသုံးပြုကြပါတယ်။ လူတွေရဲ့ဦးနှောက်ဟာ ၃၆ဝဒီဂရီ ကမ္ဘာလောကတစ်ခုကို ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ဦးနှောက်လုပ်ငန်းဆောင်ရွက်ချက်ဟာ သိမြင်နားလည်မှုနဲ့ လှုပ်ရှားမှုတွေကို ချိတ်ဆက်နေကြောင်းကို ဒီလေ့လာချက်က ဖော်ပြနေကြောင်း ဂျပန်သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါကြောင်း...

 

Ref : Top Buzz “We Have ‘Eyes In The Back Of The Head,’ Study Shows”

Htet Htet Tin Zar (ရိုးရာလေး)

Category: Knowledge

သွားတိုက်ခြင်းနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ အချက်များ

ခန္ဓာကိုယ်ကျန်းမာရေးက လူတစ်ဦးတစ်ယောက်အတွက် အလွန်အရေးကြီးသလို သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း အလားတူ အရေးကြီးပါတယ်။

Category: Knowledge

ပညာသင်ဆု (scholarships) လျှောက်မယ့်သူတွေ မဖြစ်မနေသိထားသင့်တဲ့ အချက်များ

လက်ရှိတက်နေတဲ့ကောလိပ်ရဲ့ ပညာသင်စရိတ်ကို သက်သာချင်လို့ဖြစ်ဖြစ်၊ နောက်နှစ်အနည်းငယ်အတွင်းတက်မယ့် ကောလိပ်ကျောင်းအတွက်ပဲဖြစ်ဖြစ် ပညာသင်ဆုလျှောက်တဲ့အခါမှာ သင်အနေနဲ့မဖြစ်မနေသိထားသင့်တဲ့ အချက်အနည်းငယ်ရှိပါတယ်။

Category: Knowledge

အိမ်အတွင်း အပြင်မှာ အင်းဆက်ပိုးမွှား ကင်းဝေးစေမယ့် နည်းလမ်းများ

အိမ်နဲ့ အိမ်ပတ်ဝန်းကျင် အနီးမှာရှိတဲ့ အင်းဆက်ပိုးမွှားတွေကို သဘာဝနည်းလမ်းနဲ့ ကင်းဝေးအောင် လုပ်လို့ရပါတယ်။

Category: Knowledge

ခြေထောက်နှစ်ဖက် ပြတ်နေပေမယ့် ဧဝရက်တောင်ထိပ် တက်ရောက်နိုင်ခဲ့သူ

ခြေထောက်နှစ်ဖက် ပြတ်နေတဲ့ တရုတ်အဘိုးအို တစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

Category: Knowledge

လူအများရဲ့စားသောက်ကုန် လိုအပ်ချက်တွေကို လွှမ်းမိုး အပိုင်စီးထားတဲ့ ကုမ္ပဏီကြီးများ

ကမ္ဘာပေါ်မှာရှိတဲ့ စားသောက်ကုန်တွေနဲ့ ဖျော်ရည်သောက်သုံးစရာ ကုန်ပစ္စည်းအမျိုးမျိုးတို့ရဲ့ အမှတ်တံဆိပ် အားလုံးနီးပါးကို ဒီကုမ္ပဏီ ၁ဝ ခုကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Category: Knowledge

ပလပ်စတစ်ပုလင်းထဲက ရေတွေဟာ ကျန်းမာရေးအတွက် စိတ်ချရသလား

ပလပ်စတစ်ပုလင်းထဲကရေ သက်တမ်းကုန်ဆုံးပြီလား။ ဒီလို သတ်မှတ်ကာလထက် လွန်နေတဲ့ ရေကိုသောက်တာဟာ စိတ်ချရသလား ဆိုတာ...

Category: Knowledge

မစ်ကီဝေး ဂလက်ဆီ (Milky Way Galaxy) ရဲ့ အလယ်က တွင်းနက်တွေ (black holes) အကြောင်း

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာ (Earth) ဆိုတဲ့ ဂြိုဟ်ဟာ နေနဲ့ အကွာအဝေး၊ ကိုယ်ပိုင် အရွယ်အစား ၊ Galaxy ထဲမှာ တည်ရှိနေတဲ့ နေရာ အစရှိတာတွေမှာ တော်တော်လေး အဆင်ပြေပြေ ဖြစ်နေတာ တွေ့ရပါတယ်။

Category: Knowledge

အင်တာဗျူးသွားဖြေတော့မယ် ဆိုရင်

အလုပ်အကိုင်တစ်ခုရဖို့အတွက် ခက်ခဲလှတဲ့ ဒီခေတ်ကြီးထဲမှာ လစ်လပ်ရာထူးတစ်နေရာအတွက် အလုပ်လျှောက်လွှာတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ပို့ကြရပါတယ်။

Category: Knowledge

စာလေ့လာလို့ တကယ်ကောင်းတဲ့ နေရာ (၅) ခု

မကြာခဏ ကျွန်တော်တို့နားမှာရစ်ဝဲနေတတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အများအပြားကြောင့် တစ်ခါတစ်လေမှာ စာလေ့လာဖို့ ဒါမှမဟုတ် လုပ်လက်စအလုပ်တွေပြီးမြောက်ဖို့ တော်တော်ခက်ခဲလှပါတယ်။

Category: Knowledge

သင့်ရဲ့အပြုအမူတိုင်းက သင့်ဆီကိုသာ ပြန်လာမှာပါ

ကျောင်းအားလပ်ရက်တစ်ရက်မှာ သားအဖနှစ်ယောက် တောထဲကို ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာခဲ့ပါတယ်။ တောင်ကုန်းလေးတစ်ခုပေါ်ကို အရောက်မှာ သားဖြစ်သူက ရုတ်တရက် ခလုတ်တိုက်မိပြီး ချော်လဲသွားပါတယ်။

Category: Knowledge

လက်တစ်ဆုပ်စာ စိတ်ညစ်စရာလေးအတွက်နဲ့ ပျော်ရွှင်မှုတွေကို လျစ်လျူမရှုလိုက်ပါနဲ့

တစ်နေ့မှာတော့ ဆရာဖြစ်သူက သူရဲ့ကျောင်းသားတွေကို အတွေးအခေါ်ပိုင်းနဲ့ပတ်သတ်ပြီး စစ်ဆေးမှုတစ်ခု လုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကလည်း သူတို့ရဲ့ စာရေးစားပွဲအသီးသီးမှာ ထိုင်ပြီး သူတို့ရဲ့ဆရာ စမ်းသပ်စစ်ဆေးမယ့် မေးခွန်းကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြပါတယ်။