တစ်ကျော့ပြန်ခေတ်စားလာတော့မည့် ဒိတ်ပြုလုပ်သည့် နည်းလမ်းဟောင်းလေးများ

ချစ်သူတိုင်းဟာ ကိုယ့်ချစ်သူအတွက် ရိုမန်တစ် အဆန်ဆုံး အပြုအမူလေးတွေ စဉ်းစားပြီး လုပ်ဆောင်ပေးချင် ကြပါတယ်။

ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေကို ဘေးဖယ်ထားပြီး ရင်ခုန်စိတ်လှုပ်ရှားအောင် လုပ်ဆောင်ပေးခြင်းဟာ ရှားပါးလာပါပြီ။ ရှေးယခင်က နည်းပညာတွေ မပါဝင်ဘဲ တကယ့်ကို စိတ်လှုပ်ရှား ဖွယ်ရာ အပြုအမူတွေလည်း ချစ်သူတွေအကြားမှာ ရှိခဲ့ဖူးကြပါတယ်။ အဘိုးအဘွားတွေ ခေတ်ကာလတုန်းက သုံးခဲ့ကြတဲ့ ဖော်ပြပါ ဒီနည်းလမ်းဟောင်း အစဉ်အလာလေးတွေဟာ ပြန်ပြီး ခေတ်စားလာဦးမှာပါ-

၁။ လူချင်းတွေ့ဆုံခြင်း

ဘာလို့များ ဒီလောက် လွယ်ကူတဲ့နည်းလမ်းကို သင့်မိဘတွေဟာ ဘာကြောင့် သုံးခဲ့သလဲဆိုတာ သင်စဉ်းစားဖူးပါသလား? အကြောင်းရင်းတစ်ရပ်ကတော့ သူတို့အကြားမှာ အဆီးအတားတစ်ခုအဖြစ် နည်းပညာတွေ မရှိခဲ့လို့ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ လက်တွဲဖော်ဖြစ်လာမယ့် သူနဲ့ နည်းပညာတွေကို ခပ်လှမ်းလှမ်းမှာ ထားထားတာ ပိုကောင်းပါတယ်။ ဒီလိုဆိုရင် နည်းပညာနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နှောင့်ယှက်မှုတွေကနေ ကင်းဝေးပြီး ကိုယ့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒအာရုံတွေအပေါ်မှာ ပိုပြီး အာရုံစိုက်နိုင် လာပါလိမ့်မယ်။

၂။ ဖုန်းနဲ့ စကားပြောခြင်း

ဖုန်းနဲ့ စကားပြောခြင်းဆိုတာ ရှေးကျတဲ့ နည်းလမ်းတစ်ခုလို့ ယူဆဖို့ ခပ်ခက်ခက်ပါပဲ။ ဒါပေမဲ့ လက်တွေ့မှာ ချစ်သူများဟာ တစ်ယောက်ကို တစ်ယောက် စကားပြော မဆက်သွယ်ဘဲ မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဆိုရှယ်မီဒီယာများကနေ စာတိုများ ပေးပို့ခြင်းတွေကို ပိုမိုလုပ်ဆောင်လာကြပါတယ်။ ဖုန်းအသုံးပြုပြီး လူကိုယ်တိုင် ဆက်သွယ်စကားပြောခြင်းဟာ စာတိုလေးပေးပို့ခြင်းထက်တော့ ပိုပြီး အားထုတ်ရပါတယ်။ ဒါဟာ ခေတ်ဟောင်းနည်းလမ်းတစ်ရပ်ဖြစ်ပေမယ့် ပိုမိုထိရောက်အကျိုးရှိပါတယ်။

၃။ အလုပ်ချိန်အတွင်း စကားမပြောခြင်း

အလုပ်ချိန်တွေမှာ နေ့လည်စာ ဘာစားလဲ? အစည်းအဝေး အဆင်ပြေရဲ့လား? စတဲ့ စာတိုလေးတွေနဲ့ တစ်နေကုန် ပို့ဆောင်ရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ ခဏလောက် အဆက်အသွယ် ရပ်တန့်ထားခြင်းရဲ့ တန်ခိုးစွမ်းအင်ကို လျှော့တွက်လို့တော့ မရပါဘူး။ ဖုန်းတွေ မပေါ်ခင်အချိန်မှာ တစ်ယောက်ကို တစ်ယောက် သတိရလွမ်းဆွတ်နေပြီး ချစ်သူရဲ့အသံလေးကို ကြားရဖို့ တစ်နေကုန် စောင့်ဆိုင်းရပါတယ်။ အလျင်အမြန် သွားရောက်တွေ့ဆုံရတဲ့ ခံစားချက်လေးတွေကို ဖန်တီးနိုင်ဖို့ စာတိုပေးပို့ခြင်းကို မလုပ်ဘဲ ဖုန်းကို စက်ပိတ်ထားပါ။ သို့မဟုတ်ရင်လည်း ဖုန်းကို အိမ်မှာကျန်ခဲ့တယ်လို့ သဘောထားလိုက်ပါ။ အလုပ်ချိန် တစ်နေကုန်ပြီးသွားလို့ သင့်ရဲ့ဖုန်းလေးမှာ ဝင်လာမယ့် သင့်ချစ်သူရဲ့နာမည်လေးကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ သင်ဘယ်လောက် ရင်ခုန်စိတ်လှုပ်ရှားနေမလဲဆိုတာ တွေ့မြင်ရမှာပါ။

၎။ ပန်းများ လက်ဆောင်ပေးခြင်း

ပန်းလှလှလေးတစ်စည်းနဲ့အတူ ကိုယ့်ရဲ့ချစ်သူကို ဒိတ်လုပ်ဖို့ စောင့်တဲ့အကြောင်း တွေးကြည့်လိုက်ပါ။ ဘာမှမဟုတ်ပေမဲ့ အရမ်းကို ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါမှမဟုတ်ရင်လည်း ဒိတ်လုပ်ပြီး နောက်တစ်နေ့မှာ သူ့ရဲ့ရုံးခန်းကိုဖြစ်စေ ဌာနကိုဖြစ်စေ ပန်းလှလှလေး တစ်စည်းပေးဖို့ခြင်းမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

၅။ လက်ရေးစာများရေးခြင်း

ဒိတ်လုပ်ဖို့အတွက် ချိုမြိန်တဲ့ ကဗျာလှလှလေးတွေ ရေးတတ်စရာ မလိုပါဘူး။ ရည်းစားစာတွေ၊ မှတ်စုစာတိုလေးတွေလို အရာလေးတွေဟာ ပို့ခဲလာကြပါပြီ။ ဒါပေမဲ့လည်း ရလာတဲ့အခါမှာလည်း ကြည်နူးစရာတွေပါပဲ။ ပိုရှေးဆန်ပြီး ပိုမိုရိုမန်တစ် ဆန်ချင်ရင်တော့ စာလေးပေါ်မှာ ကိုယ်ဆွတ်နေကျ ရေမွှေးလေး ဆွတ်ပေးလိုက်ပါ။

Ref : Knowledge : 9 Old-Fashioned Dating Rituals It’s Officially Time to Bring Back

Htet Htet Tin Zar (ရိုးရာလေး)