၂ဝ၁၈ တရုတ်နှစ်သစ်ကူးဆိုင်ရာ မှတ်သားဖွယ်ရာများ

၂ဝ၁၈ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးကတော့ ဗယ်လင်တိုင်းနေ့နဲ့ တစ်လတည်းဖြစ်ပါတယ်။ နွေဦးရာသီပွဲတော် လို့လည်း လူသိများကြပါတယ်။ တရုတ်နှစ်သစ်ကူးဟာ အာရှကိုထည့်မတွက်ရင် လန်ဒန်မြို့မှာ အကြီးမားဆုံးနှစ်သစ်ပွဲတော်လည်း ဖြစ်ပါတယ်။

 

၂၀၁၈ ရဲ့ တရုတ်နှစ်သစ်ကူးနေ့ ဘယ်တော့လဲ?

၂ဝ၁၈ ရဲ့ တရုတ်နှစ်သစ်ကူးဟာ ဖေဖော်ဝါရီလ ၁၆ရက်နေ့ သောကြာနေ့မှာ ကျရောက်ပါတယ်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ တရုတ်နှစ်သစ်ကူးဆိုတာ ကျင်းပရက် တစ်နှစ်နဲ့တစ်နှစ်မတူတဲ့ ဘာသာရေးပွဲတော် တစ်ခု ဖြစ်ပါတယ်။

နှစ်သစ်ကူးရဲ့ ပထမနေ့ဟာ အများအားဖြင့် ဇန်နဝါရီလ ၂၁ရက်နေ့မှ ဖေဖော်ဝါရီလ ၂ဝရက်အကြားမှာ ကျရောက်နိုင်ပါတယ်။ မနှစ်က တရုတ်ကြက်နှစ်မှာတော့ ဇန်နဝါရီလ ၂၈ရက်နေ့ ကျရောက်ခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူး ပွဲလမ်းအခမ်းအနားဟာ နှစ်သစ်ရဲ့ ပထမလရဲ့ ၁၅ရက်နေ့ဖြစ်တဲ့ မီးထွန်းပွဲတော်အချိန်ထိ ကြာမြင့်ပါတယ်။ ၂ဝ၁၈ခုနှစ် တရုတ်နှစ်သစ်ကူးမှာ မီးထွန်းပွဲတော်ဟာ မတ်လ ၂ရက်နေ့မှ ကျရောက်ပါလိမ့်မယ်။ တရုတ်နှစ်သစ်ကူးဟာ တရုတ်ပြက္ခဒိန်မှာ အရှည်ဆုံး နားရက်ပဲ ဖြစ်ပါတယ်။

၂ဝ၁၈ တရုတ်နှစ်သစ်ကူး ကိုယ်စားပြု တိရစ္ဆာန်က ဘာကောင်လဲ?

တရုတ်နှစ် သစ်ကူးရဲ့ ခွေးကောင်ဟာ စက်ဝန်းမှာ တစ်ဆယ့်တစ်ကောင်မြောက် ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ခွေးနှစ်တွေကတော့ 1934, 1946, 1958, 1970, 1982, 1994, 2006 နဲ့ 2018 တို့ ဖြစ်ပါတယ်။ ခွေးနှစ်မှာ မွေးဖွားကြသူများမှ စစ်မှန်တယ်၊ ရိုးသားတယ်၊ သစ္စာရှိကြပြီးတော့ ယုံကြည်စိတ်ချရတဲ့လူများပဲ ဖြစ်ပါတယ်။

တရုတ်နှစ်ကူးအကောင်တွေက ဘာတွေလဲ?

ဥရောပ ယဉ်ကျေးမှုလိုပါပဲ တရုတ်မှာလည်း ရာသီခွင်လက္ခဏာ ၁၂ခုရှိပါတယ်။ ဒါပေမဲ့ တစ်နှစ်မှာရှိတဲ့ တစ်လစီကို ကိုယ်စားမပြုဘဲနဲ့ တရုတ်ရာသီခွင်ဟာ ၁၂နှစ်တာ စက်ဝန်းမှာ တစ်နှစ်စီကို ကိုယ်စားပြုတာဖြစ်ပါတယ်။ တရုတ် ရာသီခွင် တိရစ္ဆာန်များ ကတော့ ကြွက်၊ နွား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးနဲ့ ဝက်တို့ ဖြစ်ပါတယ်။ ဒဏ္ဍာရီအရတော့ ဂျိတ်ဧကရာဇ်မင်းဟာ ပထမဆုံး နန်းတော်ကို ရောက်ရှိလာခဲ့တဲ့ ၁၂ကောင်ကို ပြက္ခဒိန်မှာ ထည့်သွင်းဖို့ ရွေးချယ်မယ်ဆိုပြီး ကြားဖူးခဲ့ပါတယ်။

၂ဝ၁၈ တရုတ်နှစ်သစ်အတွက် တရုတ်မှာ အထိမ်းအမှတ် ဒင်္ဂါးပြားတွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ ကြောင်ဟာ ကြွက်နဲ့ မိတ်ဆွေဖြစ်ခဲ့ကြပြီးတော့ နန်းတော်ကို သွားဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကြွက်က မေ့သွားခဲ့တဲ့အတွက် အဲဒီအချိန်ကတည်းက သူတို့နှစ်ကောင်ဟာ ရန်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါကြောင့် ကြောင်ဟာ ပြက္ခဒိန်ထဲမှာ မပါဝင်ပါဘူး။

အချို့သော ပုံပြင်များထဲမှာတော့ တိရစ္ဆာန်တွေဟာ မြစ်ကိုဖြတ်ကြရတယ်။ ကြွက်နဲ့ ကြောင်က နွားရဲ့ကျောပေါ် တက်တယ်။ နောက်တော့ ကြွက်က ကြောင်ကို ရေထဲတွန်းချခဲ့တယ်လို့ ဆိုပါတယ်။ ကျားကတော့ ပြင်းထန်တဲ့ ရေစီးကြောင်းမှာ ပိတ်မိပြီးတော့ ဧကရာဇ်မင်းရဲ့ ရှေ့တော်မှောက်ကို တတိယမြောက်အကောင်အဖြစ်သာ ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ယုန်ကတော့ စတုတ္ထမြောက်ဖြစ်ပြီး နဂါးကတော့ ပဉ္စမမြောက် ရောက်ရှိလာသူပါ။ နောက်ထပ်ပုံစံတစ်မျိုးမှာတော့ ခွေးက ယုန်ကို ဒေါသဖြစ်ပြီး ကိုက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ခွေးကို နောက်ကနေ ပြန်တန်းစီစေခဲ့ပါတယ်။နောက်ပုံပြင်တစ်ခုမှာတော့ ခွေးဟာ မြစ်ထဲမှာနေပြီး ဆော့ကစားချင်နေသေးတာကြောင့် ၁၁ကောင်မြောက် ရောက်လာခဲ့တာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

တရုတ်နှစ်ကူးရိုးရာအစဉ်အလာတွေက ဘာတွေလဲ?

တရုတ်နှစ်ကူး ရိုးရာအစဉ် အလာများစွာ ရှိပါတယ်။ အဲဒီအထဲမှာ ကံကောင်းစေခြင်းလို့ ယူဆတဲ့ အနီရောင် စာအိတ်လေးများထဲကို ပိုက်ဆံထည့်ပြီး ကလေးတွေကိုပေးခြင်းလည်း ပါဝင်ပါတယ်။ နှစ်သစ်မှာ ကံဆိုးခြင်းတွေ မောင်းထုတ်ပြီး ကံကောင်းခြင်းတွေကို နေရာပေးဖို့အတွက် အိမ်တွေကိုလည်း သန့်ရှင်းနေအောင် ရှင်းလင်းထားပါတယ်။ ကံဆိုးခြင်းတွေကို ရှောင်ရှားနိုင်ဖို့ ဖျားနာခြင်း သေဆုံးခြင်း စတဲ့ မကောင်းတဲ့ စကားလုံးတွေကို ပြောဆိုခြင်း၊ ဆွေးနွေးခြင်းတွေကိုလည်း တားမြစ်ထားပါတယ်။

မီးရှုးမီးပန်းများ ဖောက်လွှတ်ခြင်းကတော့ တရုတ်နှစ်ကူးပွဲတော်အခမ်းအနားရဲ့ အဓိကအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ ဒဏ္ဍာရီအရတော့ ကောက်ပဲသီးနှံ၊ ရွာသားများနဲ့ ကလေးတွေကို စားတဲ့ Nian လို့ခေါ်တဲ့ ဒဏ္ဍာရီဆန် တိရစ္ဆာန်ကောင်ကြီးကို ခြောက်လှန့်ဖို့ ဒီမီးရှုးမီးပန်းတွေ ပစ်လွှတ်ခဲ့ကြတယ်ဆိုပါတယ်။ ဖန်ထည်ပစ္စည်းတွေ၊ ကြွေထည်မြေထည်ပစ္စည်းတွေ ကွဲခြင်းဟာလည်း ကံဆိုးခြင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ တစ်ခုခု ကျကွဲခဲ့တယ်ဆိုရင် ကံကောင်းမှုလို့ ပါးစပ်ကနေ ရေရွတ်ပြီးတော့ အနီရောင်စက္ကူနဲ့ ထုပ်ပိုးကြပါတယ်။

ကမ္ဘာတစ်လွှားရှိ တရုတ်နှစ်သစ်ကူး အခမ်းအနားပွဲများ

ပဲရစ်မှာ ၂ဝ၁၈ တရုတ်နှစ်ကူးမှာ 44 Avenue d'Ivry ကနေ စီတန်းလှည့်လည် သွားကြပါမယ်။ စင်္ကာပူမှာ Chingay စီတန်းလှည့်လှည်ခြင်းကို F1 Pit အဆောက်အဦးကနေ NS ရင်ပြင်အထိ ဖေဖော်ဝါရီ  ၂၃-၂၄ မှာဆောင်ရွက် ကြပါ လိမ့်မယ်။ ဒါဟာ အာရှမှာ အကြီးဆုံး လမ်းဖျော်ဖြေ ရေးဖြစ်ပါတယ်။ Brisbane မှာတော့ နှစ်သစ်ကူး အခမ်းအနား က ဖေဖော်ဝါရီ ၁၇မှာ ဖြစ်ပြီးတော့ တရုတ်ခြင်္သေ့အကတွေ၊ မီးရှုးမီးပန်းတွေ၊ ရိုးရာကျေးလက်တေးသီချင်းတွေ၊ အကဖျော်ဖြေသူတွေ၊ သိုင်းပညာရှင်တွေနဲ့ နောက်ထပ်ပေါင်းများစွာ ပါဝင်မှာ ဖြစ်ပါတယ်။

Ref : Knowledge : When is Chinese New Year 2018
Htet Htet Tin Zar (ရိုးရာလေး)