အပတ်စဉ် ဗေဒင်ဟောစာတမ်း ကဏ္ဍ

ရိုးရာလေးပရိသတ်တွေအတွက် အပတ်စဉ် တင်ဆက်ပေးနေကျ ဖြစ်တဲ့ ဆရာ ကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း ကိုတင်ဆက်ပေးလိုက်ပါတယ်။

၂၂-၄-၂၀၁၈ မှ ၂၈-၄-၂၀၁၈ ရက်နေ့အထိ ၇ ရက်စာ တွက်ချက် လမ်းညွှန်ပေးထားတာတွေကို ပုံတစ်ပုံ ချင်းစီမှာ ဖော်ပြပေးထားပါတယ်။

ဆရာကင်္ကသူ (ရိုးရာလေး)
www.yoyarlay.com

 စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း

၂၂-၄-၂၀၁၈ မှ ၂၈-၄-၂၀၁၈ ရက်နေ့အထိ

 

တနင်္ဂနွေ


ယခု အချိန်တွင် ယခင်အချိန်က လုပ်ရပ်များ၏ အကျိုးကြောင့် အဆင်ပြေအောင်မြင်မှုတို့ ရလိမ့်မည်။ ငွေကြေး အဆင်ပြေမည်။ ကား၊ ဆိုင်ကယ် စသည့် စက်ပစ္စည်းများ ဝင်မည်။ ချစ်သူထံမှ ကောင်းသတင်း ကြားရမည်။ အိမ်ထောင်သည်များ အဆင်ပြေမည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရမည်။စပ်တူလုပ်ငန်းမှ အကျိုးရမည်။ အခက်အခဲ အထစ်အငေါ့များ ပြေပျောက်မည်။ ရှုပ်နေသော အရာများ ရှင်းနိုင်မည်။ သင်တန်းသစ် သွားရတတ်သည်။ ကျန်းမာရေးအနည်းငယ်ချူချာ နိုင်သည်။ ဝန်ထမ်းများ စိတ်ချမ်းသာရမည်။
အကျိုးပေးဂဏန်း – ၀ ၊ ၁ ၊ ၂။
ယတြာ – အောင်သပြေ (၉) ညွန့် မွေးနေ့မှာ လှူလိုက်ပါ။

တနင်္လာ


မကြာမှီ သင်၏ စွန့်စားမှုလုပ်ရပ်များမှ အမြတ်အစွန်းများ ရရှိမည်။ စီပွားရေးဆိုင်ရာ လုပ်ငန်းသစ်များ စွန့်စားစွာ ကြိုးစားရတော့မည်။ ပညာရေးများအတွက် အလွန်ကောင်းပြီး ပြည်ပသို့ သွားရောက် သင်ယူရမည်။ ကံကောင်းသောကာလဟု ဆိုရပေမည်။ လုပ်ငန်းများတွင် လွတ်လပ်စွာ လှုပ်ရှားပြီးအရာရာကို ရင်ဆိုင်လိုက်ပါ။ ဝမ်းသာပီတိ ရလောက်အောင် စိတ်ချမ်းသာစွာအောင်မြင်မည်။ ဘာသာရေးနှင့်ဆိုင်သော ခရီး ယာယီ သွားရမည်။ မိတ်ဆွေသစ်အပေါင်းအသင်းသစ် တွေ့မည်။ ကျန်းမာရေးတော့ သတိထားပါ။ လက်ဆောင်ပစ္စည်းဝင်မည်။ ကား၊ စက်တို့ရမည်။ မြေ အဝင်အထွက် ရှိမည်။ အချစ်ရေးတွင် လူမျိုးခြား ချစ်သူနှင့် တွေ့မည်။ အိမ်ထောင်ပြုဖြစ်မည်။ ဝန်ထမ်းများ သင်တန်းတက်ရမည်။
အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၃။
ယတြာ–မွေးနေ့တွင်ကံ့ကော်(၁၅)ညွန့်ကိုအိမ်ဘုရားကပ်လှူပါ။

အင်္ဂါ


စီးပွားရေးလုပ်ငန်းတွင် အတိုက်အခံများ ကြုံရမည်။ မလိုသူများ၏ ကြံစည်ခြင်း ခံရမည်။ ဆန့်ကျင်ဘက်လိင်တို့၏ စွဲလန်းမှု နှောက်ယှက်မှုများနှင့်အတိုက်အခံလုပ်မှုကြောင့် မကောင်းသတင်း ထုတ်လွှင့်မှုများဖြစ်မည်။ ခရီးဝေး ယာယီ ရောက်မည်။ ငွေကြေးကိစ္စကြောင့် ရုံးရောက်တတ်သည်။ စပ်တူ ရှယ်ယာကြောင့်စိတ် သောကများရတတ်သည်။ ဝမ်းမကောင်းဖြစ်တတ်၍ အစားဆင်ခြင်ပါ။ အိမ်ရှိမိသားစု၏ အပြစ်တင် အထင်လွဲမှု ခံရတတ်သည်။ စာမေးပွဲများ၊ အင်တာဗျူးများအောင်မြင်မည်။ အချစ်ရေးတွင် သံသယကြောင့် ခွဲခွါရတတ်သည်။ ဝန်ထမ်းများအလုပ် ပြောင်းရတတ်သည်။
အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၁။
ယတြာ – အိမ်ဘုရားကို မွေးနေ့မှာ သစ်သီး ၉ မျိုး ကပ်လှူပါ။

ဗုဒ္ဓဟူး


လုပ်ငန်းများ ဆက်တိုက်အောင်မြင်နေမည်။ ငွေကြေးဆိုင်ရာလုပ်ငန်းများပိုအောင်မြင်မည်။ သင့်ကို ချစ်နေသောသူ၏ အထင်လွဲခြင်းများ ခံရမည်။နာမည်ကြီးသော်လည်း ထင်သလောက် မဖြစ်သောဘဝ ဖြစ်မည်။ မရောက်ဘူးသော ခရီးမပေါင်းဘူးသော မိတ်ဆွေ မလုပ်ဘူးသော အလုပ်တို့ လုပ်ဖြစ်မည်။ ယခုရက်တွင်စိတ်လေ နေမည်။ အပေါင်းအသင်း၏ အကူအညီ ရမည်။ ကျန်းမာရေးတွင် ဝမ်းမကောင်း
ဖြစ်တတ်သည်။ အိမ်ထောင်သည်များ စိတ်သောကများရမည်။ အိမ်ရှိ စက်ပစ္စည်းပျက်တတ်သည်။ ဝန်ထမ်းများ စိတ်ချမ်းသာမည်။
အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၄။
ယတြာ – ဘုရားကို အောင်သပြေ (၁၉) ညွန့်ကပ်ပါ။

ကြာသပတေး


ဤတပတ်အတွင်း သင် ကံကောင်းနေပါလိမ့်မည်။ ရပ်ဝေးမှ ကောင်းသတင်းများကြားရမည်။ အလုပ်အကိုင် တိုးတက်မှု့ မြင့်မားမှု ပြောင်းလဲမှု၊ပြောင်းရွှေ့မှုတို့ ဖြစ်လာမည်။ အချစ်ရေး၊ စီးပွားရေး၊ အဆင်ပြေမည်။ လက်ထပ်မင်္ဂလာ လုပ်ဖြစ်မည်။ မိသားစုအတွက် စိတ်ချမ်းသာမှု့များ ကြားရမည်။ လက်ထပ်မင်္ဂလာပွဲ ပျော်ရွှင်စွာ ကျင်းပဖြစ်မည်။ ခရီးဝေး ရောက်မည်။ပြိုင်ဆိုင်မှု့များ အနိုင်ရမည်။ ကျန်းမာရေးအတွက် ညာဘက်မျက်လုံးသတိထားရမည်။ ကုန်ပစ္စည်း သိုလောင်သူများ မီးသတိပြုပါ။ ဝန်ထမ်းများလည်း မိမိ အလုပ်တွင် မီးသတိပြုပါ။
အကျိုးပေးဂဏန်း – ၅ ၊ ၀ ၊ ၃။
ယတြာ – အိမ်ဘုရားတွင် ပေါင်မုန့်လှူပါ

သောကြာ


ဤတပတ် အတွင်း စိတ်လေနေမည်။ စီးပွားရေးလုပ်ငန်းအတွက် အတွေးများ နေမည်။အလုပ်ကို စိတ်ဝင်စားမှု့ မရှိဘဲ ခရီးတွေ ထွက်နေချင်မည်။ အကြီးအကဲ မိဘတို့၏အပြစ်တင် အထင်လွဲခြင်း ခံရမည်။ ပြန်ပြေလည်မည်။ ငွေထွက် ထွက်ကြမ်းမည်။ငွေစုလို့မရပါ။ ချစ်ရသူနှင့် အဆင်ပြေမည်။ အဝေးမှ လက်ဆောင်ရကိန်းမြင်သည်။ လက်ထပ်ရန်ကိစ္စမှာ ကြန့်ကြာမှု့ ဖြစ်တတ်သည်။ သူတစ်ပါး အတွက် ငွေကြေးဆိုင်ရာ အာမခံပေးပါက ပြသနာတက်လိမ့်မည်။ ပညာရေးဆိုင်ရာ သင်တန်းတက်ပါ။ ညာဘက်လက်တွင် ထိခိုက်မိတတ်သည်။ ဝန်ထမ်းများ အထက်လူကြီးကြောင့် စိတ်ညစ်မည်။
အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၉။
ယတြာ – အိမ်ဘုရားတွင် သစ်သီး (၉) မျိုး ကပ်လှူပါ။

စနေ


သင်၏ မှန်ကန်သော စေတနာ သဒ္ဓါကြောင့် သင်၏ လုပ်ငန်းမှာ ပို၍အောင်မြင်မှုများ ရရှိလာလိမ့်မည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသော အလုပ်များ အားလုံး အဆင်ပြေ အောင်မြင်မည်။ ပြိုင်ဘက်ရန်သူများနှင့် မိတ်ဆွေ ဖြစ်မည်။ မိမိထက်ကြီးသူများက ကူညီမှုများပေးလာမည်။ ရပ်ဝေးမိတ်ဆွေ၏ အကူအညီ ရမည်။ ပြည်ပနိုင်ငံနှင့် စီးပွားရေးရှယ်ယာလုပ်ငန်းတို့ လုပ်ရမည်။ ကြိုးစားမှု့တိုင်းက အောင်မြင်နေမည်။အချစ်ရေးမှာ နားလည်မှုဖြင့် လက်ထပ်ခွင့် ရွှေ့ဆိုင်းတတ်သည်။ မိဘသားချင်းဆွေမျိုးတို့၏ အလှူ မင်္ဂလာပွဲအတွက် လုပ်ကိုင်မှုများ ပြုရတတ်သည်။ အားလုံးအဆင်ပြေမည်။ ဝင်ငွေကောင်းလာမည်။ စက်၊ ကား၊ မြေတို့ ဝင်မည်။ ဝန်ထမ်း လုပ်ငန်း ရာထူးတက်၊ လစာတိုးမည်။
အကျိုးပေးဂဏန်း – ၇ ၊ ၂ ၊ ၀။
ယတြာ – ဒန်း(၇)ညွှန့် ဘုရားလှူပါ။

ဆရာကင်္ကသူ