မစ်ကီဝေး ဂလက်ဆီ (Milky Way Galaxy) ရဲ့ အလယ်က တွင်းနက်တွေ (black holes) အကြောင်း

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာ (Earth) ဆိုတဲ့ ဂြိုဟ်ဟာ နေနဲ့ အကွာအဝေး၊ ကိုယ်ပိုင် အရွယ်အစား ၊ Galaxy ထဲမှာ တည်ရှိနေတဲ့ နေရာ အစရှိတာတွေမှာ တော်တော်လေး အဆင်ပြေပြေ ဖြစ်နေတာ တွေ့ရပါတယ်။

Galaxy ရဲ့ အလယ်ဗဟို မှာတော့ အတော်လေး ကမောက်ကမ ဖြစ်နေတာပါ။ အဲဒီမှာ နေနဲ့ အလားသဏ္ဍာန်တူ ကြယ်ပေါင်း 4 သန်း လောက် ဝန်းရံနေတဲ့ စဂတ်တေးရီးရပ် (Sagittarius A*) လို့ ခေါ်တဲ့ အင်မတန် ကြီးမားတဲ့ တွင်းနက်ကြီး တစ်ခုရှိနေပါတယ်။

ဆယ်စုနှစ် များစွာကြာအောင် သိပ္ပံ ပညာရှင်တွေ ယုံကြည် ထားခဲ့တာက Galaxy တိုင်းရဲ့ အလယ်က တွင်းနက်တိုင်းဟာ သူရဲ့ ပတ်ပတ်လည် အနားမှာရှိနေတဲ့ ကြယ်တွေနဲ့ တခြား တွင်းနက် တွေကို ဆွဲငင်အား တစ်မျိုးနဲ့ ဆွဲငင်နေပြီး အဖျားချွန်ချွန်ပုံစံ ဖြစ်ပေါ်နေစေတယ်လို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စဂတ်တေးရီးရပ် (Sagittarius A*) ရဲ့ အနီးပတ်လည်က အရာတွေကို တစ်ကယ်တမ်း လေ့လာမထားပေမယ့် အပေါ်မှာပြောခဲ့သလို သီအိုရီ (Theory) အရ မှန်ကန်နေရမှာပါ။ ဒါပေမဲ့ ဧပြီ (April) လ. 2018 မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာသူတစ်စုရဲ့. လေ့လာမှုအရတော့ သူတို့ဟာ ဒီ တွင်းနက် အစုအဝေးကြီးကို ဘယ်လို ဖော်ပြရမယ်ဆိုတာကို ရှာတွေ့ခဲ့ကြပြီး သူတို့ ရှာတွေ့ခဲ့တဲ့ အရာကလည်း အံဩစရာကောင်းလှပါတယ်။

ဒီကြီးမားလှတဲ့ တွင်းနက်ကြီးရဲ့ ဘေးနားမှာ ရှိနေတဲ့ အရာတွေရဲ့ အစုအဝေးကို Density Cusp လို့ခေါ်ပါတယ်။ အဲဒီအရာတည်ရှိနေတာကို ခိုင်မာတဲ့ ဖြစ်နိုင်ချေတွေနဲ့ ထောက်ပြခဲ့တဲ့ လေ့လာသူတွေရဲ့ အမည်စွဲနဲ့လည်း ဘာ့ခ်ျကော -ဝုဖ် (Bahcall-Wolf cusp ) လို့လည်းခေါ်ပါသေးတယ်။ ရူပဗေဒ ပညာရှင်တွေက ကြယ်တွေနဲ့တွင်းနက် တွေ တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဘယ်လို ဆက်သွယ်မှုရှိတယ်ဆိုတာကိုသိကြပါတယ်။ ကြီးမားလှတဲ့ တွင်းနက်တွေကို သိပ်သည်းလွန်းတဲ့ ကြယ်အစုအဝေးက ဖြစ်ပေါ်စေတာဖြစ်ပြီး ကြယ်တွေသေ(လောင်ကျွမ်းတဲ့ သက်တမ်းကုန်ဆုံး)သွားခဲ့ရင်လည်း တွင်းနက် တစ်ခုဖြစ်သွားတာပဲမို့လို့ ကြာလေကြာလေ တွင်းနက် တွေ တိုးလာဖို့ပဲရှိနေတာပါ။ ပြီးခဲ့တဲ့ နှစ် မှာတော့ ကျွန်တော်တို့ရဲ့ Galaxy ကြီး ထဲက တွင်းနက်ကြီးရဲ့ အလယ်မှာ ရှိနေတဲ့ ကြယ်အစုအဝေးအတွက် ခိုင်မာတဲ့ သက်သေကို ရှာတွေ့ခဲ့ကြပါပြီ။

ကြယ်အစုအဝေးတွေကို ကျွန်တော်တို့ သိသိသာသာ ဖော်ပြနိုင်ပေမယ့် တွင်းနက်တွေကတော့ မြင်နိုင်ဖို့ တော်တော် ခဲယဉ်းပါတယ်။ သူတို့ဟာ လုံးဝကို အနက်ရောင် ဖြစ်ပါတယ်။ သူတို့ဟာ ကြယ်တွေနဲ့ ကပ်လျက်ရှိနေသင့်ပေမဲ့ ကျွန်တော်တို့ ရှာမတွေ့ခဲ့ပါဘူး။

အလင်းနှစ် (100,000) လောက်ကျယ်ဝန်းတဲ့ ဒီ Galaxy တစ်ခုလုံးမှာ ကျွန်တော်တို့သိနိုင်တဲ့ တွင်းနက် ပေါင်း 5 ဒါဇင် လောက်ပဲရှိပါတယ်။ အလင်းနှစ် 6 နှစ်လောက်သာကျယ်တဲ့ ဒီ တွင်းနက် တွေဟာ 10,000 ကနေ 20,000 ရှိနေရမှာဖြစ်ပြီး ဘယ်သူမှတော့ တွေ့ရှိခြင်း မရှိဘူးလို့ Columbia Astrophysics Lab ရဲ့ တွဲဘက် ဒါရိုက်တာ Chuck Hailey ကပြောပါတယ်။ ယုံကြည်ရလောက်တဲ့ အထောက်အထား များများစားစား မရှိပါဘူး လို့ပြောခဲ့ပါသေးတယ်။

ဒါဟာ ကြိုးစားရှာဖွေမှု အားနည်းခဲ့လို့ မဟုတ်ပါဘူး။ အရင်တုန်းကဆိုရင် ဒီ တွင်းနက်တွေကို ရှာဖွေဖို့ black hole binaries (ဘလက်ဟိုး ဘိုင်နရီစ်) တွေကို ရှာဖွေရပါနယ်။ Black hole binaries ဆိုတာကတော့ ဒြပ်ထု မြင့်မားလွန်းတဲ့ ကြယ်တစ်လုံးရဲ့ ဆွဲငင်အားကြောင့်ဖြစ်စေ၊ အဲဒီကြယ် ကိုယ်တိုင် သေဆုံးခဲ့ရင်ဖြစ်စေ တွင်းနက်တွေ စတင်ဖြစ်ပေါ်တာမျိုး ဖြစ်ပါတယ်။

အဲဒီအစား ဟိုင်လေ ( Hailey ) နဲ့ သူအဖွဲ့ဟာ အားနည်းပေမယ့် အပြောင်းအလဲ မရှိတဲ့၊ ပိုပြီး လက်ခံယုံကြည်လောက်တဲ့ ဒြပ်ထုသေးသေးကြယ်တစ်လုံးနဲ့ တွင်းနက်တစ်ခုရဲ့ ဆက်သွယ်မှုကနေ ထွက်ပေါ်လာတဲ့ X-Ray တွေကို လေ့လာခဲ့ကြပါတယ်။ ''ကျွန်တော်တို့ဟာ ဒြပ်ထုနည်းတဲ့ကြယ်တွေနဲ့ တွဲရက်ရှိနေတဲ့ တွင်းနက် တွေကို ရှာနိုင်ခဲ့မယ်ဆိုရင် ၊ ပြီးတော့ တွင်းနက် ရဲ့ ဘယ်လိုသေးငယ်တဲ့အပိုင်းက ဒီကြယ်တွေနဲ့ ပေါင်းစည်းနေနိုင်တာလည်း ဆိုတာကို သိခဲ့မယ်ဆိုရင် အဲဒီမှာ (isolated black hole) သီးခြား ဘလက်ဟိုး တွေ ဘယ်လောက်များများရှိနေမယ်ဆိုတာကို သိပ္ပံနည်းကျကျ ကောက်ချက်ချနိုင်ပြီလေ'' လို့ ဟိုင်လေ (Hailey) ကပြောပါတယ်။ ဒီလိုလုပ်ဖို့ အတွက် သူတို့ဟာ ချန်ဒရာ အိတ်က်စ်ရေး (Chandra X-Ray Observatory) စက်ကို ဖြတ်လာသမျှ Data တွေကို ရှာဖွေခဲ့ကြပြီးတော့ အခုဒီ Sagittarius A* ရဲ့ အလင်းနှစ် 3 နှစ် အကွာ အတွင်းက black hole binaries 12 ခုကို တွေ့ရှိခဲ့တာပါ။

အဲ့ဒီ တစ်ဒါဇင်ကို တိုင်းတာ အပြီးမှာတော့ အဲဒီ အလွန်ကြီးမားတဲ့ တွင်းနက် (super massive black hole) ကြီးရဲ့ အနီးတစ်ဝိုက်မှာ black hole binaries (ကြယ်သေပြီးစ တွင်းနက် ဖြစ်လုလု ကာလ ဘဝ) 300 ကနေ 500 ထိရှိနိုင်ပြီးတော့ isolated black hole (တွင်းနက် ဘဝ ပီပီပြင်ပြင်ရောက်) တွေကတော့ အကြမ်းအားဖြင့် 10,000 အထိရှိနေနိုင်တယ်လို့ ဟိုင်လေ (Hailey) နဲ့ အဖွဲ့က ခန့်မှန်းတွက်ချက်ပြောကြားလိုက်ပါတယ်။

ဟိုင်လေ (Hailey) ပြောပုံအရတော့ ဒီကိစ္စဟာ အရေးကြီးပါတယ်။ မြေဆွဲအားဆိုင်ရာ လှိုင်းတွေ (gravitational wave) တွေလျော့နည်းလာတာနဲ့ အမျှ (ပြန့်ကားနေတေဲ့ စကြဝဠာ) တွင်းနက် တွေ ဘယ်လောက်များများရှိနေတယ်ဆိုတာ သိခြင်းက သူတို့အပေါ်သက်ရောက်နေတဲ့ မြေဆွဲအားဆိုင်ရာ လှိုင်းတွေကို ကြိုတင်ခန့်မှန်းရတဲ့နေရာမှာ လွယ်ကူသွားစေမှာပါလို့ ပြောခဲ့ပါတယ်။

"Astrophysicists ( ရူပနက္ခတ္တဗေဒပညာရှင်)တွေ သိလိုသမျှ အရာတိုင်းဟာ Galaxy ရဲ့ အလယ်ဗဟိုမှာပဲ ရှိနေပါတယ်''

- Chuck Hailey

 

Ref : Curiousity ''There may be Tens of Thousands of black holes in the center of Milky Way''

Zuluu (ရိုးရာလေး)