Category: Knowledge

ငွေမကုန်ဘဲ စိတ်ချမ်းသာစွာနေနိုင်မယ့် နည်းလမ်းလေးတွေ

မနက်မိုးလင်း အိပ်ယာထကတည်းက ညမိုးချုပ် အိပ်ယာဝင်တဲ့အချိန်အထိ

တစ်နေကုန် စိတ်ချမ်းသာရတဲ့ ရက်မျိုး ဘဝမှာ ကြုံဖူးလား?ဒါမျိုးက ဖြစ်တောင့်ဖြစ်ခဲပါပဲ။စိတ်အနှောင့်အယှက် ဖြစ်စရာတွေကိုတော့ တစ်နုံ့နုံ့တွေးပြီး ဒေါသတွေထွက်နေဖူးတယ်ဟုတ်?

တကယ်တမ်း စိတ်ချမ်းသာအောင်နေဖို့ဆိုတာ မလွယ်ပါဘူး ပုထုဇဉ်ပီပီ ဒေါသ မောဟတွေရှိနေသေးတော့ စိတ်လျော့ဖို့ကတော့ တော်ရုံမလွယ်ဘူးပေါ့။ နည်းနည်းလေးပိုပြီး ငြိမ်းချမ်းသွားအောင် အောက်မှာပါတဲ့အချက်လေးတွေကို စမ်းလုပ်ကြည့်လိုက်ပါလား

(၁) ကောင်းမှုတစ်ခု နေ့စဉ်ပြုပါ

ကောင်းမှုပြုရမယ်ဆိုလို့ ပိုက်ဆံတွေ အများကြီးလှုလိုက်တာမျိုးမှ ကောင်းမှုလုပ်တယ်လို့ ပြေးမမြင်လိုက်ပါနဲ့ဦး။ နေ့စဉ် ရုံးသွားရုံးပြန် လူတွေတိုးကြိတ်စီးနေကြတဲ့ လိုင်းကားပေါ်မှာ သက်ကြီးရွယ်အို ကိုယ်ဝန်ဆောင်တွေကို ထိုင်ခုံနေရာလေး ဖယ်ပေးလိုက်တာမျိုး၊ အလေးအပင်သယ်လာတဲ့သူတွေကို ပစ္စည်း ကူသယ်ပေးလိုက်တာမျိုးတို့နဲ့လဲ ကုသိုလ်ကောင်းမှုလုပ်လို့ရပါတယ်။ ကောင်းတာလေးတွေလုပ်ပြီး ဖြစ်ပေါ်လာတဲ့ ကြည်နူးပီတိလေးက ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရဘူးနော်။

(၂) ခွင့်လွှတ်ပေးပါ

လမ်းပေါ်မှာ ကိုယ့်ကို တစ်ယောက်ယောက်က ဝင်တိုက်သွားတယ် ဆိုပါစို့။ သူက အမှုမဲ့ အမှတ်မဲ့ သတိထားချင်မှသာ ထားလိုက်မယ် ကိုယ့်စိတ်ထဲမှာတော့ ကိုယ့်ကို ကြောသွားတယ် တမင်လုပ်သွားတယ်ဆိုပြီး ဒေါသတွေ ထွက်ဖူးကြတယ် မှတ်လား။ စိတ်လျော့ပါ ခွင့်လွှတ်ပေးလိုက်ပါ သူအလျင်လိုနေလို့နေမှာပါလေလို့ ဖြည့်တွေးပေးလိုက်ရင် ကိုယ့်စိတ်ထဲမှာ အများကြီးနေလို့ သက်သာသွားပါလိမ့်မယ်။

(၃) များများ ပြုံးပါ။

ကိုယ်ဆိုရင်လဲ အမြဲတမ်းပြုံးနေတဲ့ မျက်နှာလေးပဲ မြင်ချင်မိတယ်ဟုတ်။ ဒါဆို သူများကိုလဲ ပြုံးပြပါ မျက်မှောင်ကြုတ်တာက မျက်နှာအရေပြားကို ပိုပြီးတွဲကျလွယ်စေသလောက် ပြုံးခြင်းက မျက်နှာမှာရှိတဲ့ ဆဲလ်တွေကို ပိုပြီးလှုံ့ဆော်ပေးလို့ ပိုနုပျိုစေပါတယ်။ အကျင့်လုပ်ပြီး ပြုံးပေးရင်းနဲ့ ကိုယ်ကိုတိုင်လဲ မျက်နှာလေးချိုသွားမယ် ကိုယ်နဲ့ဆက်ဆံရတဲ့ သူတွေလဲ စိတ်ထဲ နှစ်လိုဖွယ်ဖြစ်တော့ ပြောရဆိုရတာပိုကောင်းတာပေါ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ ဒါကြောင့် များများပြုံးပါ။

(၄) အိပ်ခါနီးတရားထိုင်ပေးပါ

တရားထိုင်ခြင်းက စိတ်ငြိမ်ရုံတင်မကပဲ မှတ်ဥာဏ်ကိုလဲ ပိုကောင်းလာစေပါတယ်။ တစ်နေ့ကို ၁၀မိနစ်လောက် အချိန်ပေးပြီး တရားထိုင်ကြည့်လိုက်ပါ မထင်မှတ်ထားလောက်အောင်ကောင်းတဲ့ ခံစားမှုမျိုးကို ရရှိစေမှာပါ။

လူဆိုတဲ့အမျိုးက တစ်ခါတစ်လေမှာ တစ်ယောက်တည်းတောင် ကိုယ့်ကိုကိုယ်နဲ့ရန်ဖြစ်နေတတ်တာမို့ အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင်နေတတ်ဖို့က သိပ်တော့ မလွယ်ကူလှပါဘူး။ စိတ်တိုမယ် ဒေါသထွက်မယ် မြိုသိပ်ထားတာတွေ များလာတယ်ဆိုရင် လူက ပိုပြီးအိုစာလာမယ် အကောင်းမြင်စိတ်တွေ မရှိတော့ပဲ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုဖြစ်လာပါတယ်။ စိတ်ထဲ အလေးအပင်ကြီးတွေ ဘာလို့ထည့်ထားနေဦးမလဲ လျစ်လျူရှုလိုက်ပါ နေသာသွားပါလိမ့်မယ်။

အပေါ်က အချက်လေးချက်ကို အရင် ၁၀ ရက်လောက်စမ်းကြည့်ပြီး ဘယ်လိုရလဒ်ကောင်းလေးတွေ ထွက်လာမလဲဆိုတာ စောင့်ကြည့်လိုက်ပါ။

Mo Mo(ရိုးရာလေး)

Category: Knowledge

ဦးနှောက်ကို သေချာအနားပေးနိုင်စေဖို့

စိတ်ပင်ပန်းတယ်...စိတ်ဓာတ်ကျတယ်...စိတ်တွေရှုပ်ထွေးနေတယ်...ဘာလုပ်လုပ်အဆင်မပြေဘူး   စတာတွေ ခဏခဏဖြစ်နေပြီဆိုရင် ဦးနှောက်ကို အနားပေးဖို့ရာ လိုအပ်နေပါပြီ။
ခန္ဓာကိုယ် ပင်ပန်းလာတဲ့အခါ အနားယူဖို့လိုအပ်သလို ဦးနှောက်ပင်ပန်းလာရင်လည်း အနားယူဖို့က အရေးကြီးပါတယ်။
ဦးနှောက်အနားရမှ ဦးနှောက်ကြည်လင်နေမှသာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြည့်ပြည့်ဝဝလုပ်ဆောင်နိုင်မှာပါ။
ဦးနှောက်ကို သေသေချာချာအနားပေးနိုင်စေဖို့ လုပ်ဆောင်သင့်တဲ့အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Category: Knowledge

Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ် ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား

ကျွန်တော်တိုရဲ့ကမ္ဘာဂြိုဟ်ကြီး တည်ရှိနေတဲ့ Milky way နဂါးငွေ့တန်းဆိုတာကို အင်တာနက်ပေါ်မှာ ရှာကြည့်ဖူးကြလား? တကယ်လို့ ရှာခဲ့ဖူးတယ်ဆိုရင် Milky way လို့နာမည်တပ်ထားတဲ့ ပုံတွေအများကြီးပေါ်လာတာကို တွေ့ဖူးမှာ သေချာပါတယ်။

Category: Knowledge

မှတ်စု​တွေကို လက်နဲ့ချရေးခြင်းဟာ electronic device တွေသုံးပြီးမှတ်ခြင်း​​ထက် မှတ်ဥာဏ်ပိုကောင်းစေနိုင်

 တစ်ခုခုများမှတ်စရာပေါ်လာမယ်ဆိုရင် ဖုန်းထဲမှာ tabletမှာ မှတ်လိုက်တာနဲ့စာရင် ခဲတံ ဒါမှမဟုတ် ဘောပင်တစ်ချောင်းချောင်းကောက်ယူပြီး စာအုပ်လေးတစ်အုပ်မှာ ချရေးလိုက်ပါ။

အခုလို electronic deviceတွေ ပေါများလာတဲ့အချိန်မှာ လက်ရေးနဲ့စာရေးသားခြင်းဟာ ပျောက်ကွယ်လုလုတောင် ဖြစ်နေပါပြီ။

Category: Knowledge

ကလေးငယ်လေးများ ဘေးကင်းနေစေဖို့ မေမေတို့သိထားသင့်တဲ့ ရှောင်ရန်အချက်လေးများ

တစ်နှစ်အောက် ကလေးငယ်များရှိတဲ့ မိခင်အများစုဟာ ပုခက်ထဲမှာ ကလေးငယ်နဲ့အတူ စောင်တွေ၊ မွေးပွအရုပ်တွေနဲ့ ကားရုပ်တွေလို ပစ္စည်းတွေ ထည့်ထားတတ်ကြပါတယ်။

Category: Knowledge

မိုနာလီဇာ(Mona Lisa) ဘယ်သူလဲ။

လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာပန်းချီကားဟာ မသိသူမရှိလောက်အောင် ကျော်ကြားတဲ့အနုပညာတစ်ခုဖြစ်ပါတယ်။

Category: Knowledge

အမေဇုန်တောထဲကမျိုးနွယ်စုတွေ သေဆုံးလာရတဲ့အကြောင်းရင်း

လူသားတွေရဲ့လက်တစ်စုံက ကမ္ဘာကြီးတည်ဆောက်ဖို့မဟုတ်ဘဲ ဖျက်စီးဖို့ဖြစ်လာပါပြီ။ ဈေးကွက်စီးပွားကိုပိုပိုပြီး လွှမ်းမိုးအုပ်စိုးချင်စိတ်နဲ့လူတွေရဲ့ပါဝါအာဏာပြချင်စိတ်တွေကြောင့် ကမ္ဘာကြီးမှာသန့်ရှင်းမှုတွေ ပျောက်ဆုံးသွားပါတယ်။