Category: Knowledge

ကိုရီးယားနိုင်ငံကို သွားတော့မယ်ဆိုရင်

နိုင်ငံတစ်နိုင်ငံကို သွားရောက် လည်ပတ်တော့မယ်ဆိုရင် သွားရောက်မယ့်နိုင်ငံရဲ့ ထူးဆန်းတဲ့အပြုအမူများ ၊တားမြစ်ချက်စည်းကမ်းများ၊ ရိုးရာဓလေ့များကို လေ့လာပြီးမှ လည်ပတ်မယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာများကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ပျော်ရွှင်စရာခရီးလေးတစ်ခုဖြစ်စေမှာပါ။ ကိုရီးယားနိုင်ငံ သွားရောက်လည်ပတ်မယ့် သတိထားရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကို ရိုးရာလေးပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုရီးယားနိုင်ငံမှာ အစားအသောက်စားသုံးတဲ့ "တူ"နဲ့ပတ်သတ်ပြီး အယူအဆတစ်ခုရှိပါတယ်။

Category: Knowledge

သမိုင်းတစ်လျှောက် အကြွယ်ဝဆုံးသော ထိပ်တန်း ဘိန်းရာဇာ (၁၀) ဦး

မူးယစ်ဆေးဝါးဆိုတာဟာ ဘိန်းလောက၊ အခြားသော မူးယစ်လုပ်ငန်းရှင်အဖွဲ့အစည်းတွေ နဲ့ ဆက်စပ်နေသူတွေအတွက် ငွေရပေါက်အများဆုံးသော အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အခုပြောပြပေးမယ့် ဘိန်းရာဇာ (၁၀) ဦး တို့ဟာ သူတို့ဘဝတစ်လျှောက်လုံးမှာ ယုံချင်စရာတောင်မရှိတဲ့ ငွေပမာဏတွေကို ရှာဖွေနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ တချို့ဇာတ်ကြောင်းတွေဟာ 'မယုံနိုင်ဘူး' ဆိုတာထက်တောင်ပိုနေနိုင်သေးတယ် ဆိုတာ

Category: Knowledge

မွေးရာပါ အမှတ်​အသား​တွေက ​ပြော​​ပြ​ပေးမယ့်​ ကိုယ်​ရည်​ကိုယ်​​သွေး

လူ​တော်​​တော်​များများဟာ ခန္ဓာကိုယ်​မှာ ​မွေးရာပါအမှတ်​အသား​တွေ ပါတတ်​​လေ့ရှိပါတယ်​။ အမှန်​တကယ်​​တော့ အပြစ်​အနာအဆာ ၊ ချို့ယွင်းချက်​ မဟုတ်​ပါဘူး။ ဒီ အမှတ်​အသား​တွေက ကိုယ့်​အ​ကြောင်းကို အများကြီး ​​ပြောပြ​ပေး​နေပါတယ်​။

Category: Knowledge

သင့်ကြောင့် ဆိုင်းဘုတ်တစ်ခု မတိုးစေလိုပါ……  

"ကွမ်းတံတွေးမထွေးရ" "အမှိုက်မပစ်ရ" " ဆေးလိပ်မသောက်ရ" စတဲ့ သတိပေးဆိုင်းဘုတ်တွေကို ကျွန်တော်တို့ နေရာတော်တော်များများမှာ တွေ့ဖူးကြမှာပါ။ ဒီသတိပေးဆိုင်းဘုတ်တွေဟာ သာယာလှပတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို အကျဉ်းတန်ရုပ်ဆိုးစေပါတယ်။ 
ဒီသတိပေးဆိုင်းဘုတ်တွေ ဘာကြောင့်ရေးထားရတာလဲ?
 
Category: Knowledge

အပတ်စဉ် စာအုပ်အညွှန်းကဏ္ဍ - သူရဲကောင်းတို့ ရာဇဝင်

အပတ်စဉ် တင်ဆက်ပေးနေကျ စာအုပ်အညွှန်းကဏ္ဍလေး ရောက်ရှိလို့ လာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ရိုးရာလေး ပရိသတ်ကြီးအတွက် သမိုင်းနောက်ခံ ဝတ္ထုလေးတွေကို ညွှန်းပေးချင်ပါတယ်။

Category: Knowledge

အင်္ဂလိပ်​ဘာသာစကားထဲက သိထားစရာ ဗဟုသုတ​တွေ

ဒီနေ့ကမ္ဘာပေါ်မှာ လူကြိုက်​အများဆုံး နဲ့ လူသုံးအများဆုံးက​တော့ ​အင်္ဂလိပ်​ဘာသာစကားပါပဲ။ ဘာသာစကား တစ်ခုမှာ ရှိတဲ့ လျှို့ဝှက်​ချက်​​တွေ၊ ဘာသာစကား​လေ့လာသူ​တွေအဖို့
Category: Knowledge

Facebook comment box ကBFFစကားလုံး

Facebook comment boxမှာ BFF လို့ရိုက်ပြီး ကိုယ့် account လုံခြုံရေး ကို စစ်ဆေးလို့ရတယ် ဆိုတဲ့အကြောင်း ဒီရက်ပိုင်းထဲ လူပြောများနေပါတယ်။

"Facebook CEO မာ့ခ် ဇူကာဘက် က Facebook account တွေရဲ့လုံခြုံရေးကို စစ်ဆေးနိုင်ဖို့ BFFဆိုတဲ့ စကားလုံးတစ်ခုကို

Category: Knowledge

ကလေးတွေကို ပုံပြင်လေးတွေ ပြောပြခြင်းဖြင့် ရနိုင်မယ့်အကျိုးကျေးဇူးများ

ကလေးသူငယ်တွေကို ငယ်ရွယ်စဉ်အခါမှာ သူတို့အရွယ် သူတို့စဉ်းစားဥာဏ်နဲ့ ကိုက်ညီမယ့် စာပေဆောင်းပါးတွေ ဝတ္တုတိုပုံပြင်လေးတွေ ဖတ်ပြခြင်းဟာ

Category: Knowledge

အီလက်ထရွန်းနစ်ဆားကစ်များနဲ့ တည်ဆောက်ထားတဲ့မြို့

အသက် (၁၇)နှစ်အရွယ် ဇင်ဘာဘွေနွယ်ဖွား ဇေရ် မန့်ခ်(Zayd Menk)ဆိုတဲ့ လူငယ်တစ်ဦးဟာ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ မတ်ဟတ်တန်(Manhattan) မြို့ရဲ့ ပုံစံငယ်တစ်ခုကို

Category: Knowledge

ကလေးငယ်တို့ ဘေးကင်းစေဖို့ မိဘတိုင်းသိသင့်တဲ့ အချက်လေးတွေ

မိမိရဲ့ကလေးငယ် ဘေးကင်းလုံခြုံဖို့ ဆိုတာ မိဘတိုင်းရဲ့တာဝန်ပါ။ ဒါကြောင့် မွေးစကနေ တောက်တောက်နဲ့ လျှောက်တဲ့ အရွယ်ထိ ကလေးငယ်လေး ဘေးကင်းနေစေဖို့

Category: Knowledge

သမီးမိန်းကလေးမွေးလေလေ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိလေလေဖြစ်စေမယ့် ရွာတစ်ရွာရဲ့ဓလေ့

အိန္ဒိယမှာ မင်္ဂလာဆောင်တဲ့အခါ သမီးရှင်တွေဘက်က ခန်းဝင်ပစ္စည်းဖိုးပေးရလို့ မိန်းကလေးတွေဆိုရင် ယောကျာ်းလေး တွေလောက် အလေးမထားကြပေမယ့် ဒီရွာကတော့ အစဉ်အလာထဲကနေ ခွဲထွက်ပြီး ထူးခြားတဲ့ ဓလေ့ထုံးစံတစ်ခု ကျင့်သုံးနေပါတယ်။ လူ့အဖွဲ့အစည်းအတွက်ရော၊ သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိစေမယ့် ဒီဓလေ့က ဘာများဖြစ်မလဲ

Category: Knowledge

ဝပေမယ့် လှအောင် ဓာတ်ပုံ ဘယ်လိုရိုက်မလဲ?

ဝနေလို့ ဓာတ်ပုံရိုက်ချင်ပေမဲ့ မလှမှာစိုးလို့ မရိုက်ဖြစ်တာကြာနေပြီလား? ဝပေမယ့် လှနေတဲ့ မမဝဝလှလှတွေအတွက် ဓါတ်ပုံရိုက်ရင် ကျစ်လျစ် သွယ်လျလှပပြီး ချစ်စရာပုံလေးတွေရအောင် ကိုယ်နေဟန်ထား ဘယ်လိုထားရမယ် ဘယ်အနေအထားနဲ့ ရိုက်ရမလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကင်မရာရှေ့မှာ တည့်တည့်ရပ်ပြီး ဓာတ်ပုံရိုက်ခြင်းဟာ သင့်ကို နဂိုထက် ပိုပြီးလူကောင်ကြီးစေပါတယ်။ ခြေထောက်တစ်ချောင်းရှေ့ကိုထုတ်ပြီး ခန္ဓာကိုယ်ကို ၄၅ ဒီဂရီလောက်လှည့်ပြီး ရိုက်ကူးခြင်းဟာ သင့်ခန္ဓာကိုယ်အရွယ်အစားကို သေးသွယ်စေမှာပါ။

လက်နှစ်ဖက်ကို ဘေးဘက်ကိုချထားခြင်း၊ လက်ပိုက်ထားခြင်း နဲ့ လက်နောက်ပစ်ထားခြင်းတို့က သင့်ကို ဝစေတယ်လို့ ထင်မှတ်စေနိုင်ပါတယ်။ ခါးကို လက်တစ်ဖက်ထောက်ပြီး ရိုက်ကူးခြင်းဖြင့် ချစ်စရာကောင်းတဲ့ ပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်နဲ့ လက်မောင်းကြား အနည်းငယ်ကွာဟမှု ရှိတဲ့အတွက်ကြောင့် သင့်ကို နဂိုထက် ပိုပြီး ကြည့်ကောင်းစေမှာပါ။

ကိုယ်နေဟန်ထားကောင်းကောင်းရရှိဖို့အတွက် သင့်ရဲ့ ပခုံးတွေကလည်း အရေးပါ ပါတယ်။ ပခုံးတွေကို လိုသလို အနိမ့်အမြင့် ညှိပေးပြီးရိုက်ကူးခြင်းအားဖြင့် သင့်ကို ပိုပြီး စမတ်ကျလှပစေမှာပါ။

ဦးခေါင်းကို (အနည်းငယ်)မော့ထားပြီး ရိုက်ကူးခြင်းဟာ မေးရိုးနဲ့ လည်ပင်းကြားရှိ အဆီပိုများကြောင့် မေးစေ့နှစ်ထပ်ဖြစ်ပေါ်နေခြင်းကို ဖုံးကွယ်ထားနိုင်ပါတယ်။

ဒီအပြုအမူဟာ နည်းနည်းတော့ ထူးဆန်းတယ်ဆိုပေမဲ့ မေးစေ့နှစ်ထပ် ဖြစ်ပေါ်ခြင်းကိုဖုံးကွယ်ရာမှာ တော်တော်အသုံးဝင်ပါတယ်။အာခေါင်ကို လျှာ ထိထားခြင်းကြောင့် မေးစေ့မှာရှိတဲ့ အဆီပိုများ အောက်ကိုလျော့မကျစေတော့ဘဲ ခဏတာ အပေါ်ကို ပြန်တက်သွားတဲ့အတွက် မေးစေ့နှစ်ထပ် ဖြစ်ပေါ်နေခြင်းကို ဖုံးကွယ်နိုင်ပါတယ်။

တကယ်လို့ သင်ဟာ ခုံတန်းတစ်ခုမှာ ထိုင်ပြီး ရိုက်တော့မယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို ကြီးထွားကြောင်း ထင်ပေါ်စေမယ့် အလယ်မှာထိုင်ခြင်းကို ရှောင်ကြဉ်ပြီး ခုံတန်းရဲ့ တစ်ဖက်စွန်းမှာသာထိုင်သင့်ပါတယ်။ ဒါ့အပြင် ခြေထောက်များကို ယှက်ပြီးထိုင်ခြင်းဖြင့် သင့်ကိုအရပ်ရှည်တယ်လို့ထင်မှတ်စေနိုင်ပါတယ်။

ကင်မရာကို အပေါ်စီးမှနေပြီး ရိုက်ကူးခြင်းဟာ သင်မူလခန္ဓာကိုယ်ကို ပုကွကွဖြစ်ပေါ်စေပြီး နဂိုထက် အရွယ်အစားပိုကြီးမားစေပါတယ်။ဒါကြောင့် မေးစေ့အောက်မှ တစ်တန်းတည်းထားပြီးရိုက်ကူးခြင်းဟာ သင့်ရဲ့ မေးစေ့နှစ်ထပ်ဖြစ်ပေါ်နေခြင်းကို ဖုံးကွယ်ပေးနိုင်ပြီး ပိန်သွယ်တယ်လို့မြင်စေမှာပါ။

အဝတ်အစား ရွေးချယ် ဝတ်ဆင်တတ်ခြင်းဟာလည်း သင့်ကို ပိုပြီးကြည့်ကောင်းစေမှာပါ။ အတွင်းခံအဝတ်အထည်များကိုလည်း သင်နဲ့အဆင်ပြေကိုက်ညီတဲ့ အရွယ်အစားကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်ထက် ကြီးတဲ့အဝတ်အစားများ ဝတ်ဆင်ခြင်းဟာ နဂိုထက်ခန္ဓာကိုယ်ကို ပိုပြီးကြီးမားစေတဲ့အတွက် အထူးရှောင်ကြဉ်သင့်ပါတယ်။

ခန္ဓာကိုယ်နဲ့ တသားတည်းဖြစ်စေမယ့် အဝတ်အစားများကို ရွေးချယ်တတ်ဖို့ အရေးကြီးသလို အရောင်ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကို သတိပြုစေနိုင်မယ့် အရောင်မျိုးစုံပါဝင်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်သင့်ပြီး အတတ်နိုင်ဆုံး တစ်ရောင်တည်းသာ ပါဝင်တဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်သင့်ပါတယ်။ အနက်ရောင်ဟာ ခန္ဓာကိုယ်ကို နဂိုထက် ပိုပြီး သွယ်လျစေတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ကဲ …အခုလောက်ဆိုရင် ရိုးရာလေးပရိသတ်တွေ ဝပေမယ့် လှအောင် ဓာတ်ပုံဘယ်လိုရိုက်ရမလဲဆိုတာ သိလောက်ပြီပေါ့နော်။

Paradise(ရိုးရာလေး)