က်ိဳက္ထီးရိုးဘုရားဖူး သြားမယ့္ ခရီးသည္ေတြအတြက္ သတင္းေကာင္း

က်ိဳက္ထီးရိုး ဘုရားဖူး ခရီးသည္ေတြ အတြက္ အခမဲ့ တည္းခိုႏိုင္မယ့္ ေနရာေတြနဲ႕ တည္းခိုခႏႈန္းထားေတြကို အသစ္ျပန္လည္သတ္မွတ္ေပးထားတယ္လို႕ သတင္းရပါတယ္။

တိႆဓမၼာ႐ံု၊ ဆီမီး ၉၀၀၀ ဓမၼာ႐ံု၊ ျပည့္စံု(ရင္ျပင္ေတာ္)၊ ျပည့္စံု (မုဆုိးေတာင္)နဲ႔ သံုးထပ္ဓမၼာ႐ံု စတဲ့ ဓမၼာရံုငါးခုကို အခမဲ့ တည္းခိုႏိုင္တဲ့ ေနရာေတြ အျဖစ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

သံုးထပ္ဓမၼာ႐ံုမွာ ဒုတိယထပ္အတြက္ တည္းခိုသူ တစ္ဦးလွ်င္ က်ပ္တစ္ေသာင္း၊ သံုးထပ္ဓမၼာ႐ံုမွာပဲ (ရိုးရိုး) တစ္ခန္းတည္းခိုသူ တစ္ဦးလွ်င္ က်ပ္ငါးေထာင္၊ ေပ ၄၀ ဓမၼာ႐ံု တည္းခိုေဆာင္တည္းခိုသူ တစ္ဦးလွ်င္ က်ပ္ငါးေထာင္၊ ေဂါပကဓမၼာ႐ုံမွာတည္းခိုသူ တစ္ဦးလွ်င္ က်ပ္တစ္ေသာင္းကေန တစ္ေသာင္းခြဲ၊ ဝင္းတည္းခိုေဆာင္၊ ၾကဴၾကဴဝင္း တည္းခိုေဆာင္နဲ႕၊ ပြင့္ထူး တည္းခုိေဆာင္တို႔မွာ တည္းခိုသူ တစ္ဦးလွ်င္ ေငြက်ပ္ငါးေထာင္စီပဲ ေကာက္ခံဖုိ႔ တရားဝင္ သတ္မွတ္ထားတယ္လုိ႔ ဆိုပါတယ္။

သီတင္းကြ်တ္ လျပည့္ေန႕က စၿပီး ေတာင္ေျခ ကင္မြန္းစခန္းကေန ဘုရားရင္ျပင္အထိ ေနာက္ခန္းကားခ ေစ်းႏႈန္းကို မူလ ေစ်း ၂၅၀၀ က်ပ္ကေန ၂၀၀၀ က်ပ္ကို ေလွ်ာ့ခ်ခဲ့တယ္လို႔ သိရပါတယ္။ ေတာင္တက္ကားခႏႈန္းေတြဟာ အခုဆိုရင္ ကင္မြန္းစခန္းကေန ရေသ့ေတာင္အထိ ေရွ႕ခန္း ၂၅၀၀ ၊ ေနာက္ခန္း ၁၅၀၀ က်ပ္၊ ေတာင္ေျခက ဘုရားရင္ျပင္အထိဆိုရင္ေတာ့ ေရွ႕ခန္း ၃၀၀၀ က်ပ္၊ ေနာက္ခန္း ၂၅၀၀ က်ပ္ သတ္မွတ္ထားတယ္လို႕ သိရပါတယ္။

သတင္းအခ်က္အလက္ေတြကိုေတာ့ ဆင္ဟြာသတင္းဌာန ( China Xinhua News ) က ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။

ေက်ာ္သန္႔(ရိုးရာေလး)

(Unicode Version)

ကျိုက်ထီးရိုးဘုရားဖူး သွားမယ့် ခရီးသည်တွေအတွက် သတင်းကောင်း

ကျိုက်ထီးရိုး ဘုရားဖူး ခရီးသည်တွေ အတွက် အခမဲ့ တည်းခိုနိုင်မယ့် နေရာတွေနဲ့ တည်းခိုခနှုန်းထားတွေကို အသစ်ပြန်လည်သတ်မှတ်ပေးထားတယ်လို့ သတင်းရပါတယ်။ တိဿဓမ္မာရုံ၊ ဆီမီး ၉၀၀၀ ဓမ္မာရုံ၊ ပြည့်စုံ(ရင်ပြင်တော်)၊ ပြည့်စုံ (မုဆိုးတောင်)နဲ့ သုံးထပ်ဓမ္မာရုံ စတဲ့ ဓမ္မာရုံငါးခုကို အခမဲ့ တည်းခိုနိုင်တဲ့ နေရာတွေ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

သုံးထပ်ဓမ္မာရုံမှာ ဒုတိယထပ်အတွက် တည်းခိုသူ တစ်ဦးလျှင် ကျပ်တစ်သောင်း၊ သုံးထပ်ဓမ္မာရုံမှာပဲ ( ရိုးရိုး ) တစ်ခန်းတည်းခိုသူ တစ်ဦးလျှင် ကျပ်ငါးထောင်၊ပေ ၄၀ ဓမ္မာရုံ တည်းခိုဆောင်တည်းခိုသူ တစ်ဦးလျှင် ကျပ်ငါးထောင်၊ ဂေါပကဓမ္မာရုံမှာတည်းခိုသူ တစ်ဦးလျှင် ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲ၊ ဝင်းတည်းခိုဆောင်၊ ကြူကြူဝင်း တည်းခိုဆောင်နဲ့၊ ပွင့်ထူး တည်းခိုဆောင်တို့မှာ တည်းခိုသူ တစ်ဦးလျှင် ငွေကျပ်ငါးထောင်စီပဲ ကောက်ခံဖို့ တရားဝင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

သီတင်းကျွတ် လပြည့်နေ့က စပြီး တောင်ခြေ ကင်မွန်းစခန်းကနေ ဘုရားရင်ပြင်အထိ နောက်ခန်းကားခ ဈေးနှုန်းကို မူလ ဈေး ၂၅၀၀ ကျပ်ကနေ ၂၀၀၀ ကျပ်ကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။ တောင်တက်ကားခနှုန်းတွေဟာ အခုဆိုရင် ကင်မွန်းစခန်းကနေ ရသေ့တောင်အထိ ရှေ့ခန်း ၂၅၀၀ ၊ နောက်ခန်း ၁၅၀၀ ကျပ်၊ တောင်ခြေက ဘုရားရင်ပြင်အထိဆိုရင်တော့ ရှေ့ခန်း ၃၀၀၀ ကျပ်၊ နောက်ခန်း ၂၅၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

သတင်းအချက်အလက်တွေကိုတော့ ဆင်ဟွာသတင်းဌာန ( China Xinhua News ) က ကူးယူဖော်ပြတာ ဖြစ်ပါတယ်။

ကျော်သန့်(ရိုးရာလေး)