ေက်ာက္ဆည္ ေရႊသိမ္ေတာ္ဘုရား

အေနာ္ရထာမင္းႀကီးသည္ သာသနာေတာ္ သန႔္ရွင္း တည္တံ့ခိုင္ျမဲေရးအတြက္ ပုဂံေနျပည္ေတာ္မွ ဤေက်ာက္ဆည္နယ္ ေရွးအေခၚ လယ္တြင္း (၉) ခရိုင္သို႔ ေရာက္ရွိၿပီး သာသနာေတာ္ ျပန႔္ပြားေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ေလသည္။

ထိုသို႔ လယ္တြင္းနယ္တခြင္ သာသနာေတာ္ ျပန႔္ပြားေရး ကိစၥမ်ား ေဆာင္ရြက္ရင္း တည္ထားေသာ သမိုင္းဝင္ ေရွးေဟာင္း အဓိဌာန္ေအာင္ ဘုရားႏွင့္ သိမ္ေတာ္ျဖစ္သည္။

ေရႊသိမ္ေတာ္ သစၥာ အဓိဌာန္ေအာင္ ဘုရားသည္ အေနာ္ရထာမင္းႀကီးကိုယ္တိုင္ တည္ထားၿပီး ရွင္အရဟံ သိမ္သမုတ္ခဲ့သည့္ သိမ္ေတာ္မ်ားမွ တစ္ခုျဖစ္သည္။ ယခု ဘုရားအနီတြင္ ပုဂံေခတ္ စစ္သည္ေတာ္မ်ား စခန္းခ်ရာ ေသြးေသာက္ကုန္းမ်ားလည္း ယေန႔ထက္တိုင္ မူလလက္ရာမ်ား မပ်က္မစီးေသးပဲ ေတြ႕ရွိနိုင္သည္။

ျမန္မာျပည္ အလယ္ပိုင္း ေက်ာက္ဆည္ခရိုင္ဘက္ကို ေရာက္ပါက ေရႊသိမ္ေတာ္ဘုရားသို႔ လာေရာက္ ဖူးေမၽွာ္ ၾကည္ညိဳနိုင္ရန္ ေဖာ္ျပလိုက္ရပါသည္။

ေလေျပေမာင္ (ရိုးရာေလး)

(Unicode version)

အနော်ရထာမင်းကြီးသည် သာသနာတော် သန့်ရှင်း တည်တံ့ခိုင်မြဲရေးအတွက် ပုဂံနေပြည်တော်မှ ဤကျောက်ဆည်နယ် ရှေးအခေါ် လယ်တွင်း (၉) ခရိုင်သို့ ရောက်ရှိပြီး သာသနာတော် ပြန့်ပွားရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။ ထိုသို့ လယ်တွင်းနယ်တခွင် သာသနာတော် ပြန့်ပွားရေး ကိစ္စများ ဆောင်ရွက်ရင်း တည်ထားသော သမိုင်းဝင် ရှေးဟောင်း အဓိဌာန်အောင် ဘုရားနှင့် သိမ်တော်ဖြစ်သည်။

ရွှေသိမ်တော် သစ္စာ အဓိဌာန်အောင် ဘုရားသည် အနော်ရထာမင်းကြီးကိုယ်တိုင် တည်ထားပြီး ရှင်အရဟံ သိမ်သမုတ်ခဲ့သည့် သိမ်တော်များမှ တစ်ခုဖြစ်သည်။ ယခု ဘုရားအနီတွင် ပုဂံခေတ် စစ်သည်တော်များ စခန်းချရာ သွေးသောက်ကုန်းများလည်း ယနေ့ထက်တိုင် မူလလက်ရာများ မပျက်မစီးသေးပဲ တွေ့ရှိနိုင်သည်။

မြန်မာပြည် အလယ်ပိုင်း ကျောက်ဆည်ခရိုင်ဘက်ကို ရောက်ပါက ရွှေသိမ်တော်ဘုရားသို့ လာရောက် ဖူးမျှော် ကြည်ညိုနိုင်ရန် ဖော်ပြလိုက်ရပါသည်။

လေပြေမောင် (ရိုးရာလေး)