Women's Journey Thailand August 2017 ပွဲရောက် ရိုးရာလေး

နိုင်ငံတကာမှ အမျိုးသမီးများ ထိုင်းနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်စေရန် ရည်ရွယ်ပြီး ကျင်းပခဲ့သည့် Women's Journey Thailand August 2017 ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ၊ Nailert Heritage House တွင် သြဂုတ်လ၊ ၁ရက်နေ့ ၌ ကျင်းပခဲ့သည်။

Tourism Authority of Thailand (TAT) မှ ဦးဆောင်ကျင်းပသော အဆိုပါပွဲသို့ Ministry of Tourism and Sports ဝန်ကြီး Mrs Kobkarn နှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ သြဇာရှိသူများ၊ အာရှတိုက်ရှိ နိုင်ငံတကာမှ အလှမယ်လေးများ၊ ဖိတ်ကြားခံရသော နိုင်ငံတကာမှ မီဒီယာများ၊ Bloggers များ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှ Miss Myanmar World 2017 မအိကျော့ခိုင်၊ မီဒီယာ၃ဖွဲ့နှင့် နာမည်ကြီး Bloggers ၂ဦး တက်ရောက်ခဲ့ကြသည်။

TAT ၏ အာရှနှင့်တောင်ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဈေးကွက် လက်ထောက်အရာရှိ Mrs. Srisuda Wanapinyosak မှ ပွဲကျင်းပရခြင်း အကြောင်းရင်းကို ပြောကြားသွားခဲ့သည်။ ကောက်နှုတ်ဖော်ပြရမည်ဆိုလျှင် -

- ထိုင်းနိုင်ငံသည် အမျိုးသမီးခရီးသွားများအတွက် လုံခြုံစိတ်ချရသော ဒေသတစ်ခုဖြစ်ကြောင်း၊

- သြဂုတ်လတွင် အမျိုးသမီးခရီးသွားများ ဈေးနှုန်းချိုသာစွာဖြင့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရန် စီစဉ်ပေးသွားမည့်အကြောင်း၊

- Women's Journey Thailand campaign အပြင် Lady Golf Challenge၊ Lady Celebrities to Thailand၊ Thailand through Her Eyes၊ Lady in Thail Fabrics နှင့် Lady Bloggers စသော campaign များပါ ထပ်မံကျင်းပသွားမည် ဖြစ်ကြောင်း၊

- လာရောက်လည်ပတ်စရာ အကောင်းဆုံးနေရာအဖြစ် ထိုင်းနိုင်ငံကို အမျိုးသမီးများ ရွေးချယ်လာကြပြီး နိုင်ငံ၏ ပုံရိပ်ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ကြောင်း

တို့ဖြစ်သည်။

မိန့်ခွန်းများ ပြောကြားပြီး နောက်မှာတော့ ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။ ညစာစားနေစဉ်တွင် Ministry of Tourism and Sports ဝန်ကြီး Mrs Kobkarn မှ နိုင်ငံတကာမှ ပွဲတက်လာသူများကို တစ်ဦးစီ လိုက်လံနှုတ်ဆတ်စကားဆိုပါသည်။

သာယာငြိမ့်ငြောင်းသော တေးဂီတဖျော်ဖြေပွဲ ပြီးနောက် ဖက်ရှင်ရှိုးပွဲ ဆက်လက် ကျင်းပခဲ့သေးသည်။ နောက်ဆုံးမှာတော့ နိုင်ငံတကာမှ အလှမယ်လေးများကို တစ်ဦးစီ စင်ပေါ်သို့ ဖိတ်ခေါ်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြလေသည်။

Sponsored by - Tourism Authority of Thailand, AirAsia Myanmar

Chan Myae Ei (ရိုးရာလေး)