မောင်တောမှာ ကျပ်သိန်းပေါင်း ၁၃၀၀ ကျော် မူးယစ်ဆေးဝါးတွေ ဖမ်းမိပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ မတ် ၃၁ ရက် နံနက်ပိုင်း ကျီးကန်းပြင်(တောင်) ကျေးရွာဘက်ကနေ အောင်မင်္ဂလာ ကျေးရွာဘက်ကို မောင်းနှင်လာတဲ့ CZI-125 အမျိုးအစား အပြာရောင် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးစဉ် မောင်းနှင်လာသူ လွယ်ထားတဲ့ အနက်ရောင် ကျောပိုးအိတ်အတွင်းက WY စာတန်းပါ စိတ်ကြရူးသွပ်ဆေးပြား ၆၈၂၅၀ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၃၆၅ သိန်း) ဖမ်းဆီးရမိခဲ့တယ်လို့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းမိတဲ့သူကို စစ်ဆေးတဲ့အခါမှာ မူးယစ်ဆေးဝါးတွေကို ပို့ဆောင်ခိုင်းသူ မောင်တောမြို့ အမှတ် ၅ ရပ်ကွက်နေ အဒူရော်ရှီး၊ ၁၆ နှစ် တမန်သား ကျေးရွာသို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိတဲ့အတွက် အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်းများက သွားရောက်ဖမ်းဆီးခဲ့တဲ့အခါမှာ အဒူရောရှီးကို သူ့နေအိမ်မှာပဲ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေ နဲ့ မူးယစ်ဆေးဝါးတွေကို မောင်တောမြို့နယ် ပြင်ဖြူနယ်မြေရဲစခန်းကို စနစ်တကျ လွှဲပြောင်းအပ်နှံ့ခဲ့ပြီး တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျှက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Thar Ko (ရိုးရာလေး)