လူပေါင်း ၅၀၀၀ကျော်အထိ လာရောက် ဆော့ကစားပြီးဖြစ်တဲ့ Breakout Yangon ရဲ့Surreal Escape Experience Game

အားလုံးကို မေးရဦးမယ်...

စိတ်တူကိုယ်တူ သူငယ်ချင်း (၂) ယောက် ကနေ (၈) ယောက်လောက်ထိများ ရှိကြလား? အဲဒီသူငယ်ချင်းတွေ အတူပေါင်းပြီး ခေါင်းအတော်စားရမယ့် mission တွေကို အချိန် တစ်နာရီအတွင်း ဖြေရှင်း ကျော်ဖြတ်ကြည့်ချင်လား?

ရယ်စရာ မကောင်းဘူး။ ကြောက်စရာလည်း မကောင်းဘူး။ "ဟမ် ဒါဆို ဘာလုပ်မှာလဲ" လို့ တွေးမိသွားပြီထင်တယ်။ No လုံးဝ လုံးဝ... အဲဒီလို မတွေးလိုက်ပါနဲ့။

ဘာလို့လဲဆိုတော့.....စိတ်လှုပ်ရှားရမယ်။ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရမယ်။ ခေါင်းချင်းဆိုင်ပြီး တိုင်တွေပတ်နေရမယ်။ ဝေခွဲမရတွေ ဖြစ်မယ်။ အချိန်ကုန်လာတာနဲ့ အမျှ အချိန်မီ မလွတ်မြောက်မှာကို စိုးရိမ်လာရစေမယ်လေ။ အဲဒါကိုက "Breakout Escape Room" ကပေးတဲ့ အရသာပါပဲ။

Breakout ဆိုတာ ဘာလဲ မိတ်ဆက်ပေးရဦးမယ်။ ဖြတ်ထိုးဥာဏ်ကောင်း Teamwork ကောင်းကောင်းနဲ့ ပဟေဠိမျိုးစုံကို ဖြေရှင်းကျော်ဖြတ်ပြရမယ့် Escape Room ကစားနည်းတစ်ခုပါ။ Escape Room ဟာ အဖွဲ့လိုက်ကစားရတဲ့ ကစားနည်း အမျိုးအစားဖြစ်တာကြောင့် အသင်းအဖွဲ့ စည်းလုံးညီညွတ်မှုရှိနိုင်သလို ဥာဏ်စွမ်းကိုယ်စွမ်း နှင့် ကစားရတာဖြစ်တဲ့ အတွက်ကြောင့် စဉ်းစားတွေးမြင်နိုင်မှု စွမ်းအားတွေလည်း တိုးတက်စေမှာဖြစ်ပြီး လူငယ်လူကြီးမရွေး Team building အနေနဲ့ လာရောက် ပြုလုပ်နိုင်ပါတယ်။

သိပ်တော်ပါတယ်ဆိုတဲ့သူတွေကို Breakout က Ha Haပေးနေတယ်လို့ ဆိုပါတယ် 😝😝 ။ တစ်ကမ္ဘာလုံးမှာ Breakout ရှိတဲ့ နိုင်ငံ (၆) ခုပဲ ရှိပါတယ်။ Game Center ကတော့ စုစုပေါင်း (၁၁) ခု ရှိနေပါတယ်။ Breakout ဆိုင် ရန်ကုန်က မြန်မာပလာဇာ ဒုတိယထပ် ကို ရောက်နေတာက သုံးလ ကျော် ရှိပါပြီ။ လက်ရှိအချိန်ထိ Breakout ရဲ့ လှပသေသပ်တဲ့ Mission တွေကို ဖြေရှင်းကျော်ဖြတ်ဖို့ ကြိုးစားပြီးသူအရေအတွက်က (၅၀၀၀) ကျော်ခဲ့ပါပြီ။ (ဥာဏ်ကြီးရှင်တွေအတွက်တော့ စပါယ်ရှယ်ကစားနည်းပါ)

ကစားရမယ့် Game Room တွေက Indiana Jones နဲ့Resident Evil စတဲ့ စွန့်စားခန်း ရုပ်ရှင်တွေထဲကလို အတော်လေး သေသေသပ်သပ် အသေးစိတ်ကျကျ ဖန်တီးထားလို့ အဲဒီ ရုပ်ရှင်တွေထဲက ကမ္ဘာလောကတစ်ခုဆီ ကိုယ်တိုင်ရောက်သွားပြီး အခက်အခဲ ပဟေဠိတွေကို ရင်ဆိုင် ဖြေရှင်းနေရသလိုမျိုး ခံစားရမှာ လုံးဝသေချာပါတယ်။

မကစားခင်မှာ သိထားရမယ့် ကစားနည်း စည်းကမ်းတွေရှိပါတယ်။ ဒါကို ဂိမ်းမာစတာကလည်း ကြိုပြီး ရှင်းပြပေးမှာပါ။ လောလောဆယ်မှာ ရွေးချယ် ကစားနိုင်တဲ့ အခန်းပုံစံ (၄) မျိုး၊ စွမ်းရည်ကိုယ်စီနဲ့ ဇာတ်ကောင် ပုံစံ (၈) ခုရှိနေပြီး အနည်းဆုံးကစားသူ (၂) ဦးကနေ အများဆုံး (၈) ဦး အထိ ကစားနိုင်ပါတယ်။ ဇာတ်ကောင်တွေရဲ့ စွမ်းရည်တွေကို အခန်းထဲမှာ တစ်ကြိမ်စီသာ သုံးခွင့်ရှိမယ်။ ဇာတ်ကောင်စရိုက် ရွေးချယ်မှု မှန်ကန်ဖို့ကတော့ အရေးကြီးပါတယ်။ (ဇာတ်ကောင် တစ်ခုချင်းစီရဲ့ စွမ်းရည်နဲ့ ကစားရမယ့် အခန်းတွေ အကြောင်းကို ပုံတစ်ပုံချင်းစီမှာ ရှင်းပြပေးထားပါတယ်)

ပေါက်ကွဲမှုစီမံကိန်း

အစုလိုက် အပြုံလိုက် ပျက်စီးစေ နိုင်တဲ့ လက်နက် ဟာ တီထွင်တဲ့ သိပ္ပံပညာရှင် တစ်စုနဲ့အတူ ပျောက်ဆုံးသွားကြောင်း သတင်းရရှိတယ်။ သင့်အနေနဲ့ သင်ဘယ်သူ လဲ ဘယ်ရောက်နေလဲ ဘာဖြစ်ခဲ့လဲ ဆိုတာ လုံးဝ မမှတ်မိတော့ဘူး။ ဒါပေမဲ့ သက်ဆိုင်ရာက သင်လုံးဝ မမှတ်မိတော့တဲ့ ဒီလက်နက်နဲ့ ပတ်သက်ပြီး သင့်က်ု စစ်မေးနေတယ်။ သက်ဆိုင်ရာ ပြောကြားချက်ကတော့ သူတို့မလာခင် မှာ သင့်မှတ်ဉာဏ်ကို ဖျက်ပစ်လိုက်တယ် လို့ ပြောတယ်။ ယခုတော့ သင့်အနေနဲ့ သူတို့ရဲ့ စွပ်စွဲချက်တွေကို တုန့်ပြန်ဖို့ နဲ့ သင်ဘယ်သူလဲ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ကို အဖြေရှာဖို့ အတွက် ဖမ်းဆီး ခြင်းမှ လွတ်မြောက်အောင် သင်ကြိုးစားရတော့မယ်။
ကစားခန်းများ၏ အခက်အခဲ အဆင့် : 3/10

 

ရမ်းဘရင်န့် စစ်ပွဲ

၁၉၄၂ ခုနှစ်က ကျော်ကြားခဲ့တဲ့ နျူအီဗို သမဂ နဲ့ ဟေဆယ် သမ္မဂ အကြား ဖြစ်ပွားခဲ့တဲ့ Rembrandt စစ်ပ္ပွဲ ကြောင့် ကမ္ဘာကြီးကို ဒေသကြီး ၂ ခု အဖြစ် ကွဲသွားစေတယ်။ တစ်နိုင်ငံက ပန်းချီ ပန်းပု အနုပညာ နှင့် စာပေ ထိန်းသိမ်းဖို့အတွက် တိုက်ပွဲဝင်ပြီး တစ်ဖက်က ဒီပညာရပ်တွေကို အသုံးချ ချယ်လှယ်ပြီး တစ်ကမ္ဘာလုံး အုပ်စိုးနိုင်ဖို့ အတွက် ကြိုးစားနေတယ်။ ဟေဆယ် သမ္မဂ နိုင်ငံက မတရားသိမ်းပိုက် ထားတဲ့ ရှေး ဟောင်းပစ္စည်းတွေကို သချိုင်းလွင်ပြင် ရထားလို့ ခေါ်တဲ့ လျို့ဝှက် မြေအောက်ရထား ဘူတာရုံမှာ သိုလှောင်ထားတယ်။သင့်အနေနဲ့ စာပေ နှင့် အနုပညာ ယဉ်ကျေးမှု ထိန်းသိမ်းနိုင်ရေးကို ယုံကြည်တဲ့ ပုန်ကန်သူအုပ်စုအနေနဲ့ ယင်း လျို့ဝှက် ဘူတာရုံကို ခြေရာခံမိ ပြီး နျူအီဗို သမ္မတ အကူအညီနဲ့ သူတို့ ပိုင်နက် ထိုးဖောက် ဝင်ရောက်ပြီး ရှေးဟောင်း ပစ္စည်းများကို သယ်ထုတ်သွားဖို့ ပြင်ဆင်ရတော့မယ်။
ကစားခန်းများ၏ အခက်အခဲ အဆင့် : 4.5/10
 
ဟောကပ်စ် ချိန်ဘာ

Mr. Hocus ဟာ သူ့ရဲ့ ထူးခြားတဲ့ မျက်လှည့် ပါရမီကို အသုံးပြု၍ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ ရာဇဝတ်သားကောင် ဖြစ်တယ်။ မကြာသေးမီက သူကျူးလွန်ခဲ့ တဲ့ ဓါးပြတိုက်ပြီး ဘေးရန်မခပဲ လွတ်မြောက်သွား ခဲ့သည်။သူ့ရဲ့ ပြစ်မှုကျူးလွန်တဲ့ ဝိသေသ လက္ခဏာ ကတော့ ဖဲချက် များနဲ့ ကစားပြီး "Hocus Pocus၊ သင့်အနေနဲ့ Hocus ကိုရှာဖွေနိုင်လား" ဆိုတဲ့ message သယ်ဆောင်တယ်။ သူဟာ ကောက်ကျစ် စဉ်းလဲတဲ့ ဟာသဉာဏ် ရှိသော အလွန် အန္တာရယ် ရှိတဲ့ လူတစ်ယောက် အဖြစ် လူသိများတယ်။ သူဟာ အလိုချင်ဆုံး မျက်လှည့် ဆရာ ရာဇဝတ်သားကောင် ဖြစ်တယ်။ သူ့ကို ရှာဖွေဖို့ သင့်နဲ့ သင့်ရဲ့ အဖွဲ့ဟာ Mr. Hocus ကို ဖမ်းဆီးနိုင်ဖို့ မျှော်လင့်ချက်နဲ့ သူ့ရဲ့ ထူးခြားဆန်း ကြယ် လှတဲ့ သူ့ရဲ့အခန်း ကို ဝင်ရောက်ရှာဖွေ ရမှာ ဖြစ်ပါတယ်။
ကစားခန်းများ၏ အခက်အခဲ အဆင့် : 4/10
 
မစ္စတာ အော့စ်ဝဲလ် (OSWALD) ၏ အခမ်းနား ဆုံးပြပွဲ

Marionette (ရုပ်သေးရုပ်) ဆိုတာ ရုပ်သေး ဆရာ ရဲ့ စကားလုံး မပါ အသက်ဝင်တဲ့ ဖျော်ဖြေတင်ဆက် မှုကို ဖန်တီးပေးတဲ့ အဆင်တန်ဆာ ပဲဖြစ်တယ်။ Marionette ဆိုတာ ပြင်သစ် စကားလုံးကနေ ဆင်းသက်လာပြီး အဓိပ္ပာယ်ကတော့ " ကြိုးကို အသုံးပြု ပြီး လှုပ်ရှားရတဲ့ ရုပ်သေးရုပ် တမျိုး" လို့ ဆိုတယ်။ Mr. Oswald က နာမည်ကြီး ရုပ်သေးရုပ်ဖြစ်ပြီး ဒါ့အပြင် သူ့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူ ထူးခြားဆန်းကြယ်တဲ့ ရုပ်သေးဆရာက သူ့ရဲ့ သရုပ်အမှန် ဖုံးကွယ်ထားတယ်။ ကမ္ဘာအဝန်းသူ့ရဲ့ သရုပ်အမှန်ကို သိချင်နေကြတယ်။ ဒီညကတော့ Mr.Oswald ရဲ့ အခမ်းနားဆုံးပြပွဲ ဖြစ်တယ်။ ရုပ်သေးဆရာ အနေနဲ့ သူ့ရဲ့ သရုပ် ဇာတိ အမှန် ကို ကံကောင်းလှတဲ့ ပွဲကြည့် ပရိတ်သတ် အနည်းငယ်ကိုသာ ထုတ်ဖော် ပြသမယ်လို့ ကတိပေးထားပြီးဖြစ်တယ်။ ဒါဟာ သင့်အနေနဲ့ Mr. Oswald ရဲ့နောက်ကွယ်က တမူထူး ခြားဆန်းကြယ်တဲ့ ရုပ်သေးဆရာရဲ့ ဇာတိရုပ် အမှန်ကို သိခွင့်ရမဲ့ အခွင့်အရေးဖြစ်တယ်။ လက်မှတ်များ မြန်မြန် ရောင်း ကုန်နေပြီ။ အခုချက်ချင်း ဝယ်ပြီး တင်ဆက်မှုကို ခံစားလိုက်ကြစို့။

ကစားခန်းများ၏ အခက်အခဲ အဆင့် : 8/10

Lock Master - သော့ဆရာ


အခန်းထဲမှာရှိတဲ့ သတ်မှတ်ထားတဲ့ သော့ ကို ဖွင့်နိုင်ရန် ကစားသမားကို ယင်းသော့နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်နံပါတ် ကို ပေးထားပါ လိမ့်မယ်။ ယင်း လျှို့ဝှက် နံပါတ်ကို အသုံးမပြုပါက အဖြေရဲ့ အရိပ်အမွက် နဲ့လည်း လဲ လှယ် ယူနိုင်ပါတယ်။

 

Scholar - စကော်လာ


စကော်လာ ဇာတ်ကောင်က ခက်ခဲမှုအဆင့် အမျိုးအစား နဲ့ ပါဝင်သော ဉာဏ်စမ်း အရေအတွက်အတိအကျ ဖော်ပြထားသော ကဒ်ကိုရရှိပါမယ်။ သင်အဲဒီအချက်အလက်တွေကို အစီ အစဉ်အလိုက် မှတ်ထားဖို့ လိုပါတယ်။ ကစားချိန် စတာနဲ့ သင့်အဖွဲ့အချင်းချင်း ဝေမျှခွင့်ရှိပါတယ်။

 

Oracle -အနာဂတ်ကြိုမြင်သူ


ဒီcharacter ကိုတော့ ကစားသမားအဖွဲ့ထဲမှာ မှတ်သားနိုင်စွမ်း အကောင်းဆုံးသူကသာ ရွေးဖို့ သင့်ပါတယ်။ အနာဂတ်ကြိုမြင်သူဟာ အခန်းထဲမှာရှိတဲ့ အရာ တွေရဲ့ ဓာတ်ပုံကို ရပါမယ်။ ပြီးလျှင် အချက်အလက်တွေကို အစီအစဉ် အလိုက် မှတ်သားထားရပါမယ်။ ကစားချိန် စမှသာ လျှင် အချက်အလက်တွေကို သင့်အဖွဲ့သား အချင်းချင်း ဝေမျှခွင့်ရှိပါတယ်။

 

Lightbringer -အလင်းပြသူ

အလင်းပြသူ ဟာ လက်နှိပ် ဓါတ်မီး ကိုရရှိမှာဖြစ်ပါတယ်။ ကစားနေတဲ့ အတောအတွင်းမှာ လက်နှိပ်ဓါတ်မီးကို လိုအပ်သလို မကြာခဏ အသုံးပြုနိုင်ပါတယ်။ လက်နှိပ်ဓါတ်မီး စွမ်းရည်နဲ့ အရိပ်အမွက် ကို လဲယူနိုင်ပါတယ်။

 

Time Bender - အချိန် စီမံကွပ်ကဲသူ

ကစားသမား များအနေနဲ့ ထပ်တိုး (၅) မိနစ် အချိန်ကို အရိပ်အမွက် နဲ့ အလှဲအလယ် လုပ်ယူ နိုင်တယ်။ အကယ်၍ ယင်း ထပ်တိုး (၅)မိနစ် ကို အရိပ်အမွက် လဲလှယ်ဖို့အတွက် အသုံးမပြုပါက မူလ ကစားချိန် ထဲမှာ ထည့်ပေါင်းသွားပေးမှာဖြစ်တယ်။

 

Assassin - လုပ်ကြံသူ


လက်ရှိ ပဟေဠိ အဖြေတစ်ခု အတွက် မိမိတို့ရဲ့ ရှင်သန်နေတဲ့ ဇာတ်ကောင်အဖွဲ့ဝင် တစ်ယောက်ကို သတ်နိုင်တဲ့ စွမ်းရည်ရှိ ပါ တယ်။ အသတ်ခံရတဲ့ သူအနေနဲ့ ကစားပွဲမှ (၅) မိနစ် ထုတ်ပယ်ခံရမည်ဖြစ်ပြီး စွမ်းရည်များ လည်းဆုံးရှုံး သွားမှာဖြစ်ပါတယ်။ အသုံးမပြုရသေးသော ဇာတ်ကောင်များကို သာ သတ်ခွင့်ရှိတယ်။

Healer - ကယ်တင်သူ

ကယ်တင်သူဟာ အသတ်ခံရတဲ့ မည်သည့် ဇာတ်ကောင် ကို မဆို ကယ်တင်ခွင့်ရှိတယ်။ ယင်းသို့ကယ်တင် ခြင်းဖြင့် အဲ့ဒီဇာတ်ကောင်ရဲ့စွမ်းရည်ကိုပြန်လည်ရရှိပါမည်။ စွမ်းရည်ကို ၁ ကြိမ်သာ အသုံးချနိုင်ပြီး ဇာတ်ကောင် ၁ ခု ထဲကိုသာ ကယ်တင်နိုင်မှာပါ။

 

Gemini - ဇာတ်ကောင်ပွားယူနိုင်စွမ်းရှိသူ


လုပ်ကြံသူနဲ့ သော့ဆရာ ဇာတ်ကောင်မှ လွဲ၍ မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်ကို ပွားယူနိုင်တယ်။

သူငယ်ချင်းတွေ ဆုံဖြစ်ကြတဲ့ တစ်ရက်လောက်မှာ ဒီကစားနည်းကို ဆော့ဖြစ်အောင် ဆော့ကြည့်ဖို့ တကယ်ကို တိုက်တွန်းပါတယ်။ စိတ်အပန်းပြေ လုပ်လို့ရတဲ့ အရာတွေကတော့ အများကြီးပါ။ ဒါပေမဲ့ ခရီးထွက်တာ၊ မုန့်စားတာ၊ ရုပ်ရှင်ကြည့်တာတွေထက် ဒီကစားနည်းက ပိုက်ဆံသုံးလိုက်ဖို့ အများကြီး ပိုတန်တယ်လို့ ထင်မိပါတယ်။ အခန်းတွေထဲကနေ လွတ်မြောက်အောင် ကျော်ဖြတ်ပြနိုင်သူတွေ အတွက်ကိုတော့ အမှတ်တရလက်ဆောင် စီစဉ်ထားပေးပါတယ်။

ကဲ...ဘယ်လိုလဲ? သွားကစားတော့မှာလား?...ကစားချင်တယ်ဆိုရင်တော့...

* Breakout Yangon Facebook page ကို ဖြစ်ဖြစ်

yangon.breakoutescapegame.com/my/booking-my/ website ကနေဖြစ်ဖြစ်

* 09 779 777 676 ကို ဖုန်းခေါ်ဆိုပြီးပဲ ဖြစ်ဖြစ် Booking ပြုလုပ်နိုင်ပြီး ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ ကျောင်းတွေက အုပ်စုလိုက်လူအများနဲ့ ကစားချင်သူတွေအတွက်လည်း အထူးဈေးနှုန်းတွေ ထားရှိပေးထားပါတယ်။

ဒီနှစ် သင်္ကြန်အတွက်လည်း Breakout Yangon-Escape Room နဲ့ Gotham Mandat တို့ပေါင်းပြီး စီစဉ်ထားတဲ့ အထူး Promotion (၅) မျိုးတောင် ရှိတယ်လို့ သိထားရပါတယ်။ အောက်မှာပေးထားတဲ့ link ကနေ အသေးစိတ် သိရအောင် ၀င်ကြည့်လို့ ရပါတယ်။

https://business.facebook.com/breakoutyangon/photos/a.813550652179998.1073741829.768526460015751/869362039932192/?type=3&theater

သင်္ကြန်တွင်းမှာ ပျောပျော်ပါးပါး ဆော့ကစားနိုင်ကြပါစေ လို့...

Team (ရိုးရာလေး)