ပတ်ဝန်းကျင်ကို အလှဆင်နေကြသော ရှင်သန်ရေး ကူညီမှု အသင်း

ရှင်သန်ရေး ကူညီမှု အသင်းဆိုတာ ရန်ကုန်မြို့နဲ့ မိုင် ၅၀ အကွာအတွင်း ရှိသော ဆေးရုံး ဆေးခန်း မသွားနိုင်သူများ၊ မတော်တဆ ယာဉ်တိုက်မူ ဖြစ်တာပဲ ဖြစ်ဖြစ်၊ အထပ်မြင့်တွေကနေ အတက်အဆင်း မလုပ်နိုင်လို့ ဆေးခန်း ဆေးရုံ စတာတွေကို သွားဖို့ ခက်ခဲနေသူမှန် သမျှကို အခမဲ့ ပို့ဆောင် ပေးနေသော အဖွဲ့အစည်း ဖြစ်ပါတယ်။



၁.၁.၂၀၁၅ ခုနှစ်က အဖွဲ့ဝင် ၂၀ လောက်နဲ့ စတင်ခဲ့ပြီး ခုဆိုရင် အဖွဲ့ဝင် ရာကျော်အထိ ဖြစ်လို့နေပါပြီ။ ဒါကြောင့် အခက်အခဲ ဖြစ်နေသူတွေ အားလုံးအတွက် ရှင်သန်ရေး ကူညီမှုအသင်းဟာ အမြဲတန်း အသင့်ပြင်ဆင်ထားကြောင်း သိရပါတယ်။ လောလောဆယ် ၂၄ နာရီ ဝန်ဆောင်မူ မပေးနိုင်ပေမယ့် မနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်းသာ ဝန်ဆောင်မူ ပေးကြောင်း သိရပါတယ်။

ရှင်သန်ရေး ကူညီမှု အသင်းဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ထောက်ခံသော အသင်းအဖွဲ့ တစ်ခုလည်း ဖြစ်လို့သွားပါပြီ။ သူတို့ အဖွဲ့အနေဖြင့်လည်း ခုလို ကြိုးစားလုပ်ဆောင်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလို
ကျေးဇူးတင်ရှိခြင်း အပေါ်မှာ အတိုင်းမသိ ပီတီဖြစ်ရကြောင်း ရှင်သန်ရေး ကူညီမှုအသင်းမှ ဒုဥက္ကဋ္ဌဖြစ်သူ ကိုမြင့်ဇော် ရိုးရာလေးသို့ ပြောပါတယ်။ ပြည်သူတွေ အနေဖြင့် တစ်စုံတစ်ခုသော အခက်အခဲ ဖြစ်နေချိန်မှာ သူတို့ အသင်းရဲ့ ဖုန်းနံပါတ် 09252011155 ၊ 09252022255 ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရပါတယ်။