H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ လူဦးရေနဲ့ သေဆုံးသူ စာရင်း

     ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မှ ထုတ်ပြန်သော သတင်းအရ သြဂုတ်လ ၅ရက်နေ့နဲ့ ၆ရက်နေ့ နေ့လယ် ၂နာရီအထိ  နောက်ထပ် H1N1 သံသယရှိ လူနာ ၃၁ ဦးအား ဓါတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦးကို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

     ထို့ကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှစပြီး သြဂုတ်လ ၆ရက်နေ့အထိ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ လူနာ (၃၈၇) ဦးအနက် H1N1 ပိုးတွေ့ရှိသူ (၁၄၆)ဦး ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း (၁၅) ဦး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
    

     H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ အခြားရောဂါဖြင့် သေဆုံးသူဦးရေမှာ စုစုပေါင်း (၁၃) ဦး ရှိနေခဲ့ပါတယ်။ အထူးကုဆေးရုံကြီး (ဝေဘာဂီ)မှာ H1N1 ပိုးတွေ့ အတွင်းလူနာ (၂၅)ဦး နှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၃၉)ဦး၊ စုစုပေါင်း (၆၄)ဦး ဆက်လက် ဆေးဝါးကုသမှု ခံယူလျက်ရှိနေကြောင်း သိရပါတယ်။

Ref: Myanmar CDC - ပြည်သူ့ကျန်းမာရေး ဦးစီးဌာန facebook page

Zym (ရိုးရာလေး)