ဘော်ဘီချာလ်တန်၏စံချိန်ကို ရွန်နီ အမီလိုက်နိုင်ခဲ့

ဆမ်မာရီနိုနှင့် ကစားခဲ့သည့်ပွဲတွင် ပင်နယ်တီမှတစ်ဆင့် အင်္ဂလန်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ရွန်နီသည် အင်္ဂလန်အသင်း သမိုင်းတွင် ဂိုးအများဆုံး သွင်းယူပေးခဲ့သည့် ဘော်ဘီချာလ်တန် ၏ ၄၉ဂိုး စံချိန်ကို အမှီလိုက်နိုင်ခဲ့သည်။

ရွန်နီသည် အင်္ဂလန် ကစားသမားဘ၀တစ်လျှောက် ဆမ်မာရီနိုဘက်သို့ ၅ဂိုး သွင်းယူနိုင်ခဲ့ပြီး အခြားပြိုင်ဘက်အသင်းများထက် ဆမ်မာရီနိုနှင့် တွေ့သည့်ပွဲစဉ်များတွင် ဂိုးပိုသွင်းနိုင်ခဲ့သည်ဟု Opta မှတ်တမ်းများက ဖော်ပြသည်။ အင်္ဂလန်မှာ ယူရို -၂၀၁၆ ခြေစစ်ပွဲ ပွဲစဉ်(၇)ပွဲ ကစားခဲ့ရာတွင် ရာနှုန်းပြည့် အနိုင်ရထားပြီး ဒုတိယနေရာမှ ဆွစ်ဇာလန်ကို (၆)မှတ် ဖြတ်ထားနိုင်သည်။

ယူရို-၂၀၁၆ ခြေစစ်ပွဲရလဒ်များ -

လူဇင်ဘတ် ၁-၀ မက်ဆီဒိုးနီးယား

ယူကရိန်း ၃-၁ ဘီလာရုစ် 

အက်စ်တိုးနီးယား ၁-၀ လစ်သူယေးနီးယား 

ဆမ်မာရီနို ၀-၆ အင်္ဂလန် 

ရုရှား ၁-၀ ဆွီဒင် 

စပိန် ၂-၀ ဆလိုဗက်ကီးယား 

ဆွစ်ဇာလန် ၃-၂ စလိုဗေးနီးယား 

သြစတြီးယား ၁-၀ မော်လ်ဒိုဗာ 

မွန်တီနီဂရိုး ၂-၀ လစ်ခ်ျစတိန်း