V7+ ဖုန်းနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေ

24MP အရှေ့ကင်မရာ၊ FullViewTM Display တို့ကြောင့်ဈေးကွက်အတွင်းမှာ ရောင်းအားကောင်းပြီး ရေပန်းစားနေတဲ့ V7+ အကြောင်း ကိုစိတ်ဝင်စားပြီးမေးမြန်းလာကြတဲ့ စာဖတ်ပရိသတ်တွေ ရှိကြပါတယ်။ သူတို့မေးထားတဲ့ မေးခွန်းတွေထဲက အချို့ကိုစုစည်းလိုက်မယ်ဆိုရင် V7+ အကြောင်းကိုအတော်လေးသိရှိသွားမှာဖြစ်ပြီးဝယ်သင့်၊ မဝယ်သင့် ဆုံးဖြတ်ဖို့ ပိုပြီး လွယ်ကူသွားမှာဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။


မေး - V7+ ရဲ့ မျက်နှာပြင်အရွယ်အစားကိုသိချင်ပါတယ်?
ဖြေ - V7+ ဟာမျက်နှာပြင်အရွယ်အစား 5.99 လက်မ ဖြစ်ပြီးကိုယ်ထည်ပေါ်ကမျက်နှာပြင်အချိုးက 84.4% ဖြစ်ပါတယ်။

မေး - V7+ က SIM ကတ် နှစ်ကတ် သုံးလို့ရသလား?
ဖြေ - ဟုတ်ကဲ့။ ရပါတယ်။ Nano SIM ကတ် နှစ်ကတ်သုံးလို့ရအောင် ထောက်ပံ့ပေးပါတယ်။

မေး -  V7+ က 4G LTE ကိုထောက်ပံ့ပေးလား?
ဖြေ - ဟုတ်ကဲ့။ V7+ က 4G LTE ကိုထောက်ပံ့ပေးပါတယ်။ 2G GSM, 3G WCDMA တွေကိုလည်းထောက်ပံ့ပေးပါတယ်။

မေး -  V7+ မှာ microSD ကတ် သုံးလို့ရလား?
ဖြေ  - ဟုတ်ကဲ့။ V7+ မှာ microSD ကတ်သုံးလို့ရပါတယ်။ 256GB အထိထပ်တိုးအသုံးပြုနိုင်မှာပါ။

မေး - V7+ က dual apps သုံးလို့ရသလား?
ဖြေ - ဟုတ်ကဲ့။ V7+ မှာ App ပုံတူပွားစနစ် ပါဝင်တဲ့အတွက် သုံးလို့ရပါတယ်။

မေး -  V7+ ရဲ့ ကိုယ်ထည်က metal လား?
ဖြေ - V7+ ရဲ့ကိုယ်ထည်က polycarbonate material နဲ့ ပြုလုပ်ထားတဲ့ metal ပါ။

မေး - V7+ ရဲ့ processor အမျိုးအစားကဘာလဲ?
ဖြေ  - V7+ မှာ 1.8GHz Qualcomm Snapdragon 450 Octa Core processor အမျိုးအစားပါဝင်ပါတယ်။

မေး - V7+ ရဲ့ အရှေ့ကင်မရာမှာ flash ပါဝင်ပါသလား?
ဖြေ  - ပါပါတယ်။ ပါတဲ့အပြင် V7+ ရဲ့ အရှေ့ကင်မရာမှာတပ်ဆင်ထားတာကသမားရိုးကျ flash မဟုတ်ပါဘူး။ selfie softlight ဖြစ်ပါတယ်။

မေး - V7+ မှာ notification အချက်ပြမီးပါဝင်ပါသလား?
ဖြေ  - V7+ မှာ notification အချက်ပြမီးပါဝင်ပါတယ်။

မေး -  V7+ နဲ့ FM radio ဖမ်းယူနားဆင်လို့ ရပါသလား?
ဖြေ - ဟုတ်ကဲ့။ V7+ နဲ့ FM radio ဖမ်းယူနားဆင်လို့ ရပါတယ်။

မေး -  V7+ ရဲ့ အလေးချိန်နဲ့ ထူထဲမှုကိုသိချင်ပါတယ်။
ဖြေ  - V7+ ဟာ 160g အလေးချိန်ရှိပြီး 7.7mm ထူပါတယ်။

မေး - V7+ မှာဘယ်လို display settings တွေ အသုံးပြုလို့ရပါသလဲ?
ဖြေ  - V7+ မှာ auto-brightness, eye protection mode တွေ အသုံးပြုလို့ရပါတယ်။

မေး - V7+ မှာ power saver mode ပါဝင်ပါသလား?
ဖြေ  - ဟုတ်ကဲ့ ပါဝင်ပါတယ်။ normal mode, low power mode နဲ့ super power saving mode တွေ အသုံးပြုလို့ရပါတယ်။

မေး -  V7+ မှာ fingerprint scanner ပါဝင်ပါသလား
ဖြေ  - V7+ မှာ fingerprint scanner ပါဝင်ပါတယ်။ ဒါ့အပြင် Face Access လည်းပါပါတယ်။

မေး - V7+ မှာဖုန်းပြောနေတုန်းအသံဖမ်းထားလို့ ရပါသလား
ဖြေ  - ဟုတ်ကဲ့ ရပါတယ်။

မေး - V7+ ဟာအပူလွန်ကဲမှုတွေ ဖြစ်တတ်ပါသလား
ဖြေ - အပူလွန်ကဲမှု မဖြစ်ပါဘူး။ စမ်းသပ်မှုတွေအရတော့ V7+ ရဲ့ အပူချိန်ဟာ Mobile Legend လို online game တွေအကြာကြီး ကစားနေရင်တောင် သာမန်အပူချိန်ထက် အများဆုံး ၆ ဒီဂရီလောက်ပဲ မြင့်တာကိုတွေ့ရပါတယ်။ ဒီပမာဏဟာ သာမန်အပူချိန်မြင့်တက်မှုသာ ဖြစ်ပါတယ်။