Selfie ရိုက်ကြစို့

Vivo က သူတို့ရဲ့ နောက်ဆုံး ထုတ်ကုန် V7+ ကို ထုတ်တော့ Selfie အသားပေးအဖြစ်     24MP အရှေ့ကင်မရာကို တပ်ဆင်ခဲ့ပါတယ်။ 24MP ဟာ စမတ်ဖုန်းကင်မရာတွေထဲမှာ mega pixel အများဆုံး အဖြစ် ဦးဆောင်နေတဲ့ MP ပမာဏပါ။

Vivo က သူတို့ရဲ့ V7+ ကို ဘာဖြစ်လို့ ဒီလောက်ထိ selfie အသားပေးအဖြစ် ထုတ်လုပ်တာလဲ။ Selfie ရိုက်ရတာကို နှစ်သက်တဲ့လူတွေ ဘယ်လောက်တောင် များနေလို့လဲလို့ မေးလိုက်ရင်၊ ခေတ်ကိုက Selfie ခေတ်၊ Selfie ယဉ်ကျေးမှု၊ Selfie ရေစီးကြောင်းလို့ပဲ ပြန်ဖြေရမှာပါ။

Selfie ဆိုတာ ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး ရင်းနှီးနေတဲ့ စကားလုံးပါ။ အထူးသဖြင့် လူငယ်အတော်များများ ကတော့ သူတို့ရဲ့ smart phone နဲ့ Selfie ဆွဲဖူးကြပါလိမ့်မယ်။ ဒီအတွက်လည်း smart phone တွေကို Selfie အတွက် အားသာချက်တွေပါဝင်လာအောင် ပြုလုပ်လာကြတာ ဖြစ်ပါတယ်။

Selfie ဆိုတဲ့ဝေါဟာရက ဘယ်အချိန်ကတည်းက ခေါ်ဝေါ်သုံးစွဲလာခဲ့ကြလဲဆိုတာ မသိပေမယ့် ကမ္ဘာ့အထင်ရှားဆုံး အဘိဓာန်တစ်ခုဖြစ်တဲ့ Oxford Dictionaries ကတော့ Selfie ဆိုတဲ့ဝေါဟာရကို 2013 ခုနှစ်မှာ word of the year အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Selfie ဆိုတာက ကိုယ့်ကိုကိုယ် အနီးကပ် အလှပုံရိုက်ယူတာလို့လည်း အဓိပ္ပါယ်ဖွင့်ဆိုလို့ ရမယ်ထင်ပါတယ်။ ဒီလိုမျိုးကိုယ့်ကိုကိုယ် ဓာတ်ပုံပြန်ရိုက်တဲ့ပထမဦးဆုံး လူသားကတော့ အမေရိကန်က ဓာတ်ပုံရိုက်ကူးသူ Robert Cornelius ပါပဲ။ သူဟာ 1839 ခုနှစ်မှာ ရိုက်ကူးခဲ့တာပါ။

နောက်ပိုင်းမှာ Selfie ရိုက်ကူးမှုဟာ တဖြည်းဖြည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါတယ်။ လူငယ်တွေသာမက လူကြီးပိုင်းတွေလည်း ရိုက်ကူးလာကြပါတယ်။ အနုပညာရှင်တွေသာမက၊ နိုင်ငံရေးသမားတွေအထိ Selfie ယဉ်ကျေးမှုကို လက်ခံကြိုဆိုခဲ့ကြပါတယ်။ (ဥပမာအားဖြင့် အိမ်ဖြူတော်မှာ Group Selfie ရိုက်ခဲ့တဲ့ အိုဘားမား)၊ ဒါတင်မကသေးဘဲ ကမ္ဘာမြေကို ကျော်လွန်ပြီး အာကာသထဲမှာတောင် Selfie ရိုက်ကူးတဲ့အထိ ဖြစ်လာပါတယ်။

Selfie ဆိုတာက ကိုယ့်ကိုကိုယ် အကောင်းဆုံးအနေအထားနဲ့ ထုတ်ဖော်ပြသဖို့ ရိုက်ကူးတာပဲ မဟုတ်ပါဘူး။ အဖိုးထိုက်တန်တဲ့ အခိုက်အတန့်လေးတွေကို အမှတ်တရအဖြစ် သိမ်းဆည်းထားဖို့လည်း ရိုက်ကူးကြတာ ဖြစ်ပါတယ်။

တစ်ခါတလေ ကိုယ်ပြန်မရောက်ဖြစ်တော့မယ့်နေရာမှာ Selfie ရိုက်ကူးခဲ့တာမျိုး၊ ပြန်မရနိုင်တော့မယ့် အချိန်မျိုးကို ကိုယ်နဲ့တွဲပြီး Selfie ရိုက်တာမျိုးက အချိန်ကြာလာတာနဲ့အမျှ အရမ်းပဲ အဖိုးတန်တဲ့ ဓာတ်ပုံတွေ ဖြစ်လာပါတယ်။

Vivo ကV7+ ကို ထုတ်လုပ်တော့ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း လူငယ်တွေအတွက် ကြည်လင်ပြတ်သားတဲ့ Selfie၊ ပြီးပြည့်စုံတဲ့ ရိုက်ချက် ဖြစ်အောင်လို့ အကောင်းဆုံး အထောက်အပံ့တွေထည့်သွင်း ပေးခဲ့ပါတယ်။ အရှေ့ကင်မရာကို ကမ္ဘာ့ Mega pixel အများဆုံး အဖြစ် 24MP အထိ တိုးမြှင့်ပေးခဲ့ပါတယ်။

24MP, Aperture f2.0 ဖြစ်ပြီး Selfie Soft light ပါဝင်တဲ့အပြင် အဆင့်မြှင့်တင်လိုက်တဲ့ မျက်နှာအလှ ပြုပြင်စနစ် 7.0၊ နောက်ခံဝေဝါးပေးတဲ့ စနစ်၊ အဖွဲ့လိုက် Selfie စတဲ့ အကောင်းဆုံး အထောက်အကူပြုနိုင်တဲ့ feature တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Selfie ဆိုတာက ကိုယ့်ဖုန်းကင်မရာနဲ့ကိုယ် လွယ်လွယ်ကူကူ ဓာတ်ပုံရိုက်တာလို့ ပြောပေမယ့် ကြည်လင်ပြတ်သား၊ ပြီးပြည့်စုံတဲ့ရိုက်ချက် ဖြစ်ဖို့လည်း လိုအပ်သေးတာမဟုတ်လား။ ဒီအတွက် အထောက်အပံ့တွေတော့ လိုတာပေါ့။ V7+ ကတော့ Selfie သမားတွေအတွက် ဦးတည်ပြီး ထုတ်လုပ်ထားတာဆိုတော့ အတော်လေးကို ပြည့်စုံပြီးသားပါ။

ကဲ … အာကာသထဲတောင် Selfie ရိုက်နေကြတဲ့ခေတ်မှာ ဘယ်သူမဆို Selfie ကောင်းကောင်းလေးတော့ ရိုက်ထားသင့်တယ် မဟုတ်ဘူးလား။ ဒါကြောင့်မို့ တစ်ချိန်မှာ ပြန်မရတော့မယ့် အခိုက်အတန့်တွေကို အကောင်းဆုံး ဖမ်းယူသိမ်းဆည်းထားကြအောင်လား။ Ok! Let’s Selfie.