နှစ်သစ်မှာ F5 Series ထုတ်ကုန်များစမ်းသပ်သုံးစွဲနိုင်စေမယ့် Roadshow ပွဲကျင်းပခဲ့တဲ့ Oppo

OPPO Myanmar က ၂၀၁၈နှစ်သစ် တွင် ဆန်းသစ်နည်းပညာများ ပေါင်းစပ်ထည့်သွင်းပေးထားတဲ့ ထုတ်ကုန်များအတွက် OPPO F5 Series New Year Fresh Experience Roadshow ပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်၊ ၃ရက်နေ့များတွင် ရန်ကုန်မြို့ Hledan Center မှာကျင်းပပြုလုပ်ပေးခဲ့သည်။

ယခုပွဲမှာဈေးကွက်ထဲ ရောင်းချပေးလျက်ရှိသည့် OPPO F5 Youth နဲ့ OPPO F5 ထုတ်ကုန်သစ်များကို ကိုယ်တိုင်ကိုယ်ကျလာရောက် လေ့လာစမ်းသပ်အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး လာရောက်ကြသည့်ပရိသတ်များအားလုံးအတွက် ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်စေမယ့် ပျော်စရာဂိမ်းအစီအစဉ်များ၊ Selfie ပြိုင်ပွဲများကိုထည့်သွင်းပေးခဲ့ကာအပန်းပြေစေမယ့် မျက်လှည့် Magic Show နှင့် Dancing အစီအစဉ်များနှင့်ပါ ဧည့်ခံဖျော်ဖြေပေးခဲ့သည်။

ထို့အပြင် ဒုတိယမြောက်နေ့ဖြစ်သောဇန်နဝါရီလ ၃ရက်နေ့တွင် OPPO Myanmar Facebook Page ကနေကြိုတင်ကြေညာထားသည့်အတိုင်း OPPO ၏ Customer Relations Ambassador ဖြစ်သူ X-box နဲ့ Mi Sandi တို့က ဖျော်ဖြေမှုများ တင်ဆက်ပေးခဲ့ကြပြီးပရိသတ်များနှင့်အတူ ပျော်ရွှင်စရာဂိမ်းများကစားခြင်း၊ အုပ်စုလိုက်ဓာတ်ပုံတွဲရိုက်ခြင်းတို့ကိုပြုလုပ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ လာရောက်လေ့လာကြတဲ့ပရိသတ်များအား OPPO F5 Youth နှင့် OPPO F5 ထုတ်ကုန်သစ်တို့ရဲ့ နည်းပညာသစ်များကို မိတ်ဆက်ပေးခဲ့ကြပြီးအထူးသဖြင့် 6.0’’ FullHD+ Full Screen မျက်နှာပြင်၊ A.I. Beauty Technology နဲ့ Face Unlock နည်းပညာများကိုပိုမိုစိတ်ဝင်စားခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။ လက်ရှိဈေးကွက်ထဲတွင် OPPO F5 Youth ကို ၃၁၉,ဝဝဝကျပ်နှင့် OPPO F5 ကို ၃၆၉,ဝဝဝ ကျပ်တို့ဖြင့် ဝယ်နိုင်နေပြီလို့သိရပါတယ်။

Team (ရိုးရာလေး)