Instagramကိုဘာကြောင့် အသုံးပြုသင့်သလဲ

Instagramဆိုတာဟာလူမှုကွန်ရက် app တစ်ခုဖြစ်ပြီးမိမိဖုန်းထဲကဓာတ်ပုံတွေ ဗီဒီယိုတွေကို ဝေမျှလို့ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Instagramပေါ်မှာဓာတ်ပုံ (သို့) video တစ်ခုတင်မယ်ဆိုရင် ကိုယ့်ရဲ့ Profile မှာပေါ်နေပါတယ်။

သင့်ကို follow လုပ်ထားတဲ့ တစ်ခြားinstagramအသုံးပြုသူတွေဟာလည်းသူတို့ရဲ့ feed မှာတွေ့နေနိုင်ပါတယ်။ အဲ့ဒီအတိုင်ဘဲသင် follow လုပ်ထားတဲ့သူတင်သမျှ ပုံတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။ ရိုးရိုးလေးဘဲမဟုတ်လား။ facebookကိုဘဲပိုပြီးရိုးရှင်းတဲ့ပုံစံပြောင်းထားပြီးအမြင်ပိုင်းဆိုင်ရာကိုပိုပြီးအသားပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ပြီးတော့ comment ပေးတာတို့၊ like လုပ်တာတို့၊ tag လုပ်တာတို့နဲ့ လျှို့ဝှက် စာတိုပို့တာတို့လုပ်နိုင်ပါတယ်။ Instagramပုံတွေကိုလည်းသိမ်းထားနိုင်ပါတယ်။

Instagram ၏ မြန်မာနိုင်ငံတွင်အသုံးပြုမှု

မြန်မာနိုင်ငံတွင် instagramအသုံးပြုသူ ၁၆သန်းရှိပါတယ်။ ဒါပေမယ့် active ဖြစ်တဲ့အကောင့်တွေ ပိုနည်းပါတယ်။ facebook အသုံးပြုသူဦးရေ ကသာပိုများပြီးတော့ status တွေရဲ့ နေရာယူမှုတွေကလည်းများလာပါတယ်။မြန်မာနိုင်ငံကလူတော်တော်များများကလည်းinstagramကိုအသုံးပြုမှုနည်းသေးတဲ့အတွက် မိမိလေ့လာလိုတဲ့ ဓာတ်ပုံတွေ၊ video တွေကိုလွတ်လွတ်လပ်လပ် ရှာဖွေကြည့်ရှုနိုင်ပြီး နိုင်ငံအတွင်း cyber bullying လုပ်နိုင်ခံရချေလည်းနည်းသေးပါတယ်။

ဘာကြောင့်လူတွေကInstagramကိုကြိုက်ကြတာလဲ။

စိတ်ခံစားချက်တွေကိုရေးဖွဲနေတဲ့အရေးအသားတွေထက် ပျော်ရွှင်စရာဓာတ်ပုံတွေ၊ လူနေမှုပုံစံဓာတ်ပုံတွေ၊ ခရီးသွားလာရဓာတ်ပုံတွေကပိုများတာမို့ သုံးသင့်တဲ့ Social Media တွေထဲမှာပါပါတယ်။ မိမိတွေ့ချင် မြင်ချင်သော ပုံများကိုသာ ရွေးချယ်ကြည့်ရှုနိုင်ပြီး မိမိပုံများအားလည်း အခြားသူများကြည့်ရှုနိုင်ရန် hastagလေးများခံပြီး တင်ပါကမိမိအား follow မလုပ်ထားသော်လည်း like များ၊ follower များများလာနိုင်ပါတယ်။

Video များကိုလည်းစက္ကန့်ပိုင်းသာတင်ခွင့်ရှိတဲ့အတွက်instagramမှာ video တွေကိုအီလည်နေအောင် အကြာကြီး ကြည့်ဖို့မလိုတဲ့အတွက်လူကြိုက်များတာလည်းဖြစ်ပါတယ်။ အချုံ့ပြောရရင် instagramဟာfacebookထက်စာရင် ပိုပြီးတော့ သိပ်သည်းပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံ၊ ခရီးသွားလာရေးလုပ်ငန်းတွေကို အဲ့ဒီမှာရှာရတာပိုလွယ်ကူပါတယ်။ တစ်ကမ္ဘာလုံးကလည်း instagramကို facebook လို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့အတွက်လည်းကိုယ့်ရဲ့ လူမှုကွန်ရက်ကို instagram ကနေတစ်ဆင့် ဖြန့်နိုင်တဲ့အတွက် instagram ဟာအသုံးပြုသင့်တဲ့ social media app တစ်ခုဖြစ်ပါတယ်။

ကျေးကျေး (ရိုးရာလေး)