Dating (ချိန်းတွေ့ခြင်း) လုပ်ဆောင်ချက် ပါဝင်လာတော့မယ့် Facebook

မနေ့ကကျင်းပခဲ့တဲ့ F8 Developer Conference မှာ Zuckerberg (ဇူကာဘတ်) က Dating (ချိန်းတွေခြင်း) လုပ်လို့ရတဲ့ လုပ်ဆောင်ချက်ကို Facebook ဗားရှင်းအသစ်မှာ ထည့်သွင်းပေးသွားမယ် လို့ ကြေငြာခဲ့ပါတယ်။

Tinder, Zoosk, MeetMe တွေကတော့ လောလောဆယ်မှာ လူသုံးများတဲ့ Dating Mobile Application တွေဖြစ်ပါတယ်။ ဒါတွေကို သီးသန့် မိမိဖုန်းထဲမှာ ထည့်သွင်းထားစရာ မလိုတော့ဘဲ Facebook ကိုအသုံးပြုပြီး Date (ချိန်းတွေ့) တာမျိုး လုပ်လို့ရတော့မှာပါ။

ဘယ်လိုသုံးရမလဲ?

လက်ရှိ အသုံးပြုနေတဲ့ Facebook Profile မှ မိမိနာမည် အရှေ့တစ်လုံးကိုသုံးပြီး Dating လုပ်ဖို့ သီးခြား Profile လုပ်ခွင့်ပေးမှာပါ။ Interest (စိတ်ဝင်စားမှု) တူတဲ့ Event တွေ မှတဆင့် Dating Profile ရှိသူအချင်းချင်း တွေ့ခွင့်ပေးမှာပါ။

ဘေးထွက်ဆိုးကျိုးတွေနည်းအောင်!

Dating လုပ်ဖို့အတွက် စာ ရိုက်ပြီး အချင်းချင်း ဆက်သွယ်လို့ရမှာပါ။ ဓါတ်ပုံ၊ အသံ စတာတွေကို အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ Profile မှာ Single (လူပျို/အပျို) လို့ ဖော်ပြထားသူတွေကိုပဲ အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို သတင်းတွေကို နေတိုင်း ပုံမှန် ဖတ်ရဖို့အတွက် ရိုးရာလေးကို See First လုပ်ထားကြဖို့ မမေ့ကြနဲ့နော်...

 

Ref: F8 Developer Conference

WC (ရိုးရာလေး)