Facebook ပေါ်က ဗီဒီယိုတွေကို Download ဆွဲမယ်

Facebook ပေါ်က ဗီဒီယိုတွေကို Download ဆွဲချင်သူများအတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ယင်းထဲက နည်းလမ်း တစ်ခုကတော့ Download ပြုလုပ်ပေးတဲ့ ဝဘ်ဆိုဒ်များကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။

 


downvids.net ကတော့ လူသုံးများတဲ့ ဝဘ်ဆိုဒ်များထဲက တစ်ခုပါ။ သူက Facebook ဗီဒီယိုတင် မက YouTube အပြင် အခြားသော ဗီဒီယို ဆိုဒ်များမှ ဒေါင်းနိုင်ပါသေးတယ်။ သူက Public Sharing နဲ့ Share ပေးတဲ့ ဗီဒီယိုများကိုပဲ ဒေါင်းနိုင်တာပါ။ အင်တာနက်ဘေလ် အကုန်ကျ သက်သာချင်တယ်ဆိုရင် low resolution ကို ရွေးပြီးတော့လည်း down နိုင်ပါတယ်။


ကိုယ် ဒေါင်းချင်တဲ့ ဗီဒီယိုရဲ့ URL Link ကို ကော်ပီကူး ပြီးရင် ဝဘ်ဆိုဒ်ထဲက ကွက်လပ်ထဲမှာ Paste လုပ်ရပါမယ်။ ပြီးရင် down လို့ နိုင်ပြီးတော့ မောက်စ်ကို right click ထောက်ပြီး Save Link as နှိပ်ပါ။ ပြီးရင် သူ့ဘာသူ ဒေါင်းသွား ပါလိမ့်မယ်။